

ၿပီးခဲ့တဲ႔ တနလၤာေန႔က က်င္းပခဲ့တဲ႔ ဖီဖာရဲ႕ The Best ဆုေပးပြဲကို စီေရာ္နယ္ဒိုတက္ေရာက္ခဲ့ျခင္းမရွိမႈအေပၚ ဖီဖာကေဒါသထြက္ေနၿပီး အေကာင္းဆုံးအသင္းမွာပါခဲ့တဲ႔ သူ႔နာမည္ကိုထုတ္ျပန္ေၾကညာေပးခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။ ဂ်ဴ ဗင္တပ္နဲ႔ ေပၚတူဂီတိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ သူဆုမရမွန္းသိလို႔ အခမ္းအနားကို တက္ေရာက္ခဲ့ျခင္းမရွိခဲ့ပါဘူး။
ဒီအခ်ိန္မွာ စီေရာ္နယ္ဒိုဟာ သူ႔အိမ္မွာရွိေနၿပီး စာအုပ္ဖတ္ေနတဲ႔ ပုံကို အင္စတာဂရမ္ေပၚမွာတင္ခဲ့လို႔ ဆုေပးပြဲကို ဂရုမစိုက္ဘူးဆိုတဲ႔ ပုံစံျပသသြားခဲ့တာပါ။ သူဟာ မက္ဆီကိုမယွဥ္ႏိုင္လို႔ အေကာင္းဆုံးဆု မရခဲ့ေပမယ္႔ The Best XI စာရင္းမွာေတာ႔ ပါ၀င္ခဲ့ပါတယ္။

ဒါေပမယ္႔လည္း စီေရာ္နယ္ဒိုအေပၚေဒါသထြက္ေနတဲ႔အတြက္ The Best XI စာရင္းကိုတစ္ဦးခ်င္းေၾကညာရာမွာ သူ႔နာမည္ကိုထည့္သြင္းေဖာ္ျပသြားျခင္းမရွိပါဘူး။ ဒီစာရင္းမွာပါတဲ႔ က်န္တဲ႔ ကစားသမား ၁၀ ဦးဟာစင္ေပၚမွာရွိေနၿပီး သူတို႔ တစ္ဦးခ်င္းစီအမည္ကို အစီအစဥ္ေၾကညာသူက ဖတ္ျပေနခ်ိန္မွာ တက္ေရာက္လာသူေတြကလက္ခုပ္တီးအားေပးခဲ့ၾကပါေသးတယ္။

ဒီဆုေပးပြဲကို မီလန္ၿမိဳ႕မွာက်င္းပခဲ့တာျဖစ္ၿပီး အေကာင္းဆုံးအသင္းမွာ အဲလစ္ဆင္၊ ဒီလစ္၊ ရာမို႔စ္၊ ဗန္ဒစ္ခ်္၊ မာဆယ္လို၊ မိုဒရစ္၊ ဒီေဂ်ာင္၊ အမ္ဘတ္ပီ၊ မက္ဆီ၊ ဟာဇတ္နဲ႔ စီေရာ္နယ္ဒိုတို႔ ပါ၀င္ခဲ့ၾကပါတယ္။ စီေရာ္နယ္ဒိုဟာ အခမ္းအနားကိုတက္ေရာက္ခဲ့ ျခင္းမရွိတဲ႔အျပင္ မဲေပးရာမွာလည္း မက္ဆီကိုထည့္သြင္းခဲ့ျခင္း မရွိခဲ့ဘူးလို႔သိရပါတယ္။

အခုျဖစ္ရပ္ေၾကာင့္ ဖီဖာဟာ အနာဂတ္ဆုေပးပြဲေတြမွာ ဆုရတဲ႔ စာရင္းနဲ႔ ေနာက္ဆုံး ၃ ဦးစာရင္းမွာပါ၀င္သူေတြကို ဆုေပးပြဲမျဖစ္မေနတက္ေရာက္ရမယ္ဆိုတဲ႔ သတ္မွတ္ခ်က္ျပ ငွာန္းဖို႔စီစဥ္ဖြယ္ရွိတယ္လို႔ ဆိုၾကပါတယ္။ ဒီသတ္မွတ္ခ်က္ ထည့္သြင္းဖို႔အတြက္ အရင္ကတည္းက အစီအစဥ္ရွိထားတာျဖစ္ပါတယ္။

Unicode
ဆုပေးပွဲမတက်ခဲ့လို့ စီရော်နယ်ဒိုကို ဖီဖာဒေါသထွက်ပြီး သူ့နာမည်ကိုကြေညာခဲ့ခြင်းမရှိ
ပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဖီဖာရဲ့ The Best ဆုပေးပွဲကို စီရော်နယ်ဒိုတက်ရောက်ခဲ့ခြင်းမရှိမှုအပေါ် ဖီဖာကဒေါသထွက်နေပြီး အကောင်းဆုံးအသင်းမှာပါခဲ့တဲ့ သူ့နာမည်ကိုထုတ်ပြန်ကြေညာပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဂျူ ဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူ း စီရော်နယ်ဒိုဟာ သူဆုမရမှန်းသိလို့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒီအချိန်မှာ စီရော်နယ်ဒိုဟာ သူ့အိမ်မှာရှိနေပြီး စာအုပ်ဖတ်နေတဲ့ ပုံကို အင်စတာဂရမ်ပေါ်မှာတင်ခဲ့လို့ ဆုပေးပွဲကို ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံပြသသွားခဲ့တာပါ။ သူဟာ မက်ဆီကိုမယှဉ်နိုင်လို့ အကောင်းဆုံးဆု မရခဲ့ပေမယ့် The Best XI စာရင်းမှာတော့ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း စီရော်နယ်ဒိုအပေါ်ဒေါသထွက်နေတဲ့အတွက် The Best XI စာရင်းကိုတစ်ဦးချင်းကြေညာရာမှာ သူ့နာမည်ကိုထည့်သွင်းဖော်ပြသွားခြင်းမရှိပါဘူး။ ဒီစာရင်းမှာပါတဲ့ ကျန်တဲ့ ကစားသမား ၁၀ ဦးဟာစင်ပေါ်မှာရှိနေပြီး သူတို့ တစ်ဦးချင်းစီအမည်ကို အစီအစဉ်ကြေညာသူက ဖတ်ပြနေချိန်မှာ တက်ရောက်လာသူတွေကလက်ခုပ်တီးအားပေးခဲ့ကြပါသေးတယ်။
ဒီဆုပေးပွဲကို မီလန်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး အကောင်းဆုံးအသင်းမှာ အဲလစ်ဆင်၊ ဒီလစ်၊ ရာမို့စ်၊ ဗန်ဒစ်ချ်၊ မာဆယ်လို၊ မိုဒရစ်၊ ဒီဂျောင်၊ အမ်ဘတ်ပီ၊ မက်ဆီ၊ ဟာဇတ်နဲ့ စီရော်နယ်ဒိုတို့ ပါဝင်ခဲ့ကြပါတယ်။ စီရော်နယ်ဒိုဟာ အခမ်းအနားကိုတက်ရောက်ခဲ့ ခြင်းမရှိတဲ့အပြင် မဲပေးရာမှာလည်း မက်ဆီကိုထည့်သွင်းခဲ့ခြင်း မရှိခဲ့ဘူးလို့သိရပါတယ်။
အခုဖြစ်ရပ်ကြောင့် ဖီဖာဟာ အနာဂတ်ဆုပေးပွဲတွေမှာ ဆုရတဲ့ စာရင်းနဲ့ နောက်ဆုံး ၃ ဦးစာရင်းမှာပါဝင်သူတွေကို ဆုပေးပွဲမဖြစ်မနေတက်ရောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပြ ငှာန်းဖို့စီစဉ်ဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။ ဒီသတ်မှတ်ချက် ထည့်သွင်းဖို့အတွက် အရင်ကတည်းက အစီအစဉ်ရှိထားတာဖြစ်ပါတယ်။