ဆုိးလ္ရွားလက္ထက္ ေအာင္ျမင္မယ္လုိ႔ ဘာေၾကာင့္ယုံၾကည္တယ္ဆိုတာ ဘစ္ဆာကာဖြင့္ဟ

photo-gettyimages

photo-gettyimages

နည္းျပဆုိးလ္ရွားဟာ လူငယ္နဲ႔လူႀကီးမွ်တေအာင္ေပါင္းစပ္ထားတဲ့ အသင္းတစ္သင္းကိုဖန္တီးထားတယ္လုိ႔ မန္ယူေနာက္ခံလူသစ္ဘစ္ဆာကာက ယုံၾကည္ေနပါတယ္။ အဲဒီညာေနာက္ခံလူဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာပဲ ေပါင္သန္း ၅၀ နဲ႔ ပဲေလ့စ္ကေနေရာက္လာခဲ့တာပါ။ သူေရာက္လာၿပီး ရက္သတၱပတ္အနည္းငယ္မွာပဲ မန္ယူဟာ မန္ယူဟာ မက္ဂြိဳင္ယားကို ေပါင္သန္း ၈၀ နဲ႔ေခၚယူခဲ့ၿပီး သူတုိ႔ႏွစ္ေယာက္စလုံးဟာ ခ်ဲလ္ဆီးကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ မန္ယူအတြက္ ပထမဆုံးပရီးမီးယားလိဂ္ပြဲထြက္ခဲ့ၾကၿပီး အေကာင္းဆုံးေျခစြမ္းလညး္ျပႏိုင္ခဲ့ၾကပါတယ္။

photo-gettyimages

ေပးဂိုးမရွိအႏိုင္ရခဲ့လု႔ိလည္း ပရီးမီးယားလိဂ္မွာ ေဖေဖာ္၀ါရီေနာက္ပိုင္း မန္ယူအတြက္ ပထမဆုံးဂိုးမေပးရပြဲျဖစ္လာခဲ့တာပါ။ ၂၁ ႏွစ္သာရွိေသးတဲ့ဘစ္ဆာကာကေတာ့ နည္းျပဆုိးလ္ရွားရဲ႕အသင္းျပန္လည္ေဆာက္ပုံနဲ႔ပတ္သက္လုိ႔ ခ်ီးက်ဴးေျပာၾကားလိုက္ၿပီး လူငယ္ကစားသမားေတြကို ပိုၿပီးအေတြ႕အႀကဳံရင္တဲ့ကစားသမားေတြနဲ႔ ေပါင္းစပ္ထားတာလို႔ ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ မန္ယူဟာ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာလည္း ပ်ဥ္းမွ်အသက္အငယ္ဆုံးအသင္းျဖစ္ခဲ့ပါတယ္။

photo-gettyimages

”အခု ကၽြန္ေတာ္တို႔ရဲ႕မန္ယူက လူငယ္ေတြနဲ႔အေတြ႕အႀကဳံရင့္ကစားသမားေတြကို ေကာင္းမြန္စြာနဲ႔ ေရာစပ္ထားတာပါ။ အသင္းရဲ႕ငယ္ရြယ္တဲ့ကစားသမားေတြထဲက တစ္ေယာက္အေနနဲ႔ ေျပာရမယ္ဆုိရင္ ဒါက အေရးႀကီးတယ္လို႔ ထင္ပါတယ္။ စံႏႈန္းအတိုင္းကစားႏိုင္မယ့္သူေတြ၊လုိအပ္ရင္ ပြဲအရွိန္ကိုျမွင့္ေပးႏိုင္မယ့္သူေတြကို ကၽြန္ေတာ္တုိ႔လုိအပ္ၿပီး အ၀တ္အစားလဲခန္းထဲက ပိုအေတြ႕အႀကဳံရင့္ကစားသမားေတြဟာ အဲဒါကို လုပ္ႏိုင္ပါတယ္”လို႔ ဘစ္ဆာကာက သတင္းဌာနတစ္ခုကို ေျပာၾကားခဲ့တာပါ။

[Unicode]

နည်းပြဆိုးလ်ရှားဟာ လူငယ်နဲ့လူကြီးမျှတအောင်ပေါင်းစပ်ထားတဲ့ အသင်းတစ်သင်းကိုဖန်တီးထားတယ်လို့ မန်ယူနောက်ခံလူသစ်ဘစ်ဆာကာက ယုံကြည်နေပါတယ်။ အဲဒီညာနောက်ခံလူဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာပဲ ပေါင်သန်း ၅၀ နဲ့ ပဲလေ့စ်ကနေရောက်လာခဲ့တာပါ။ သူရောက်လာပြီး ရက်သတ္တပတ်အနည်းငယ်မှာပဲ မန်ယူဟာ မန်ယူဟာ မက်ဂွိုင်ယားကို ပေါင်သန်း ၈၀ နဲ့ခေါ်ယူခဲ့ပြီး သူတို့နှစ်ယောက်စလုံးဟာ ချဲလ်ဆီးကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်ခဲ့ကြပြီး အကောင်းဆုံးခြေစွမ်းလည်းပြနိုင်ခဲ့ကြပါတယ်။

ပေးဂိုးမရှိအနိုင်ရခဲ့လု့ိလည်း ပရီးမီးယားလိဂ်မှာ ဖေဖော်ဝါရီနောက်ပိုင်း မန်ယူအတွက် ပထမဆုံးဂိုးမပေးရပွဲဖြစ်လာခဲ့တာပါ။ ၂၁ နှစ်သာရှိသေးတဲ့ဘစ်ဆာကာကတော့ နည်းပြဆိုးလ်ရှားရဲ့အသင်းပြန်လည်ဆောက်ပုံနဲ့ပတ်သက်လို့ ချီးကျူးပြောကြားလိုက်ပြီး လူငယ်ကစားသမားတွေကို ပိုပြီးအတွေ့အကြုံရင်တဲ့ကစားသမားတွေနဲ့ ပေါင်းစပ်ထားတာလို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မန်ယူဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ပျဉ်းမျှအသက်အငယ်ဆုံးအသင်းဖြစ်ခဲ့ပါတယ်။

”အခု ကျွန်တော်တို့ရဲ့မန်ယူက လူငယ်တွေနဲ့အတွေ့အကြုံရင့်ကစားသမားတွေကို ကောင်းမွန်စွာနဲ့ ရောစပ်ထားတာပါ။ အသင်းရဲ့ငယ်ရွယ်တဲ့ကစားသမားတွေထဲက တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါက အရေးကြီးတယ်လို့ ထင်ပါတယ်။ စံနှုန်းအတိုင်းကစားနိုင်မယ့်သူတွေ၊လိုအပ်ရင် ပွဲအရှိန်ကိုမြှင့်ပေးနိုင်မယ့်သူတွေကို ကျွန်တော်တို့လိုအပ်ပြီး အဝတ်အစားလဲခန်းထဲက ပိုအတွေ့အကြုံရင့်ကစားသမားတွေဟာ အဲဒါကို လုပ်နိုင်ပါတယ်”လို့ ဘစ်ဆာကာက သတင်းဌာနတစ်ခုကို ပြောကြားခဲ့တာပါ။