ဆုိးလ္ရွားကို ရာထူးကေန ထုတ္ပယ္ၿပီး တူခ်ယ္နဲ႔ အစားထိုးဖို႔ ယူႏိုက္တက္ျပင္ဆင္ေနဟုဆို

Photo Credit

Photo Credit

ျပင္သစ္မွာထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းဟာ လက္ရွိနည္းျပဆုိးလ္ရွားကို ရာထူးကေန ထုတ္ပယ္ၿပီး ပီအက္စ္ဂ်ီအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္ကို အစားထုိးခန္႔အပ္ဖို႔ အဆင္သင့္ရွိေနေၾကာင္း သိရပါတယ္။ Le10 Sport ရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြဟာ တကယ္လုိ႔ ဆုိးလ္ရွားသာ အသင္းကို ျပန္လည္ဆဲြမတင္ႏိုင္ရင္ သူ႕ေနရာမွာ တူခ်ယ္ကို အစားထုိးခန္႔အပ္ဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

Photo Credit

နာမည္ႀကီးျပင္သစ္သတင္းစာျဖစ္တဲ့ L’Equipe ကလည္း ယူႏုိက္တက္အသင္းဟာ တူခ်ယ္ကို ခန္႔အပ္ဖို႔ စိတ္၀င္စားေနတ့ဲအေၾကာင္း အဲဒီဂ်ာမန္သားဆီ အေၾကာင္းၾကားထားၿပီး ေဒါ့မြန္နည္းျပေဟာင္းကို ဥေရာပအသင္းအမ်ားစုကလည္း စိတ္၀င္စားေနေၾကာင္း သိရပါတယ္။

Photo Credit

”ဘိုင္ယန္ျမဴးနစ္နဲ႔ ယူႏုိက္တက္တုိ႔အပါအ၀င္ ဥေရာပအသင္းႀကီး ၃သင္းက တူခ်ယ္ကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ဒါကိုလည္း တူခ်ယ္သိေအာင္ အသိေပးထားပါတယ္”လုိ႔ L’Equipe က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒီလုိသတင္းေတြထြက္ေပၚလာတာက အသက္ ၄၆ႏွစ္အရြယ္ရွိ ေနာ္ေ၀ႏိုင္ငံသားဆုိးလ္ရွားအတြက္ စိတ္ပူစရာျဖစ္လာၿပီး သူဟာ မတ္လကမွ အသင္းနဲ႔ ၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။

Photo Credit

ဆုိးလ္ရွားဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ယူႏိုက္တက္အသင္းကို ယာယီနည္းျပအျဖစ္ ကုိင္တြယ္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ တူခ်ယ္ရဲ႕ပီအက္စ္ဂ်ီကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာအပါအ၀င္ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့လုိ႔ အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရတာျဖစ္ၿပီး တစ္ခ်ိန္တုန္းက ဂႏၳ၀င္တုိက္စစ္မွဴးအျဖစ္ ေျခစြမ္းျပခဲ့ဖူးလုိ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္ေနပါတယ္။

Photo Credit

ဒါေပမဲ့ အၿမဲတမ္းနည္းျပျဖစ္လာၿပီးေနာက္ပိုင္း ရလဒ္ေတြက ေျပာင္းျပန္ျဖစ္သြားပါတယ္။ ယူႏုိက္တက္ဟာ ရာသီအဆုံးသတ္ကာလမွာ ရလဒ္ဆုိးေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆုိင္ခဲ့ရၿပီးေနာက္ အသင္းလည္း ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လြဲေခ်ာ္ခဲ့ရပါတယ္။

Photo Credit

သူတုိ႔ဟာ ဒီရာသီမွာ ၁ပြဲပဲ႐ံႈးနိမ့္ထားေပမယ့္ ေျခစြမ္းပိုင္းနဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြက အားရေက်နပ္ျခင္းမရွိေသးပါဘူး။ တူခ်ယ္ကလည္း ပီအက္စ္ဂ်ီအသင္းကို ဥေရာပေအာင္ျမင္မႈရယူေပးဖို႔ ဖိအား၀င္ေနၿပီး ၂၀၁၈ ေမလက အသင္းကို စတင္ကိုင္တြယ္ခဲ့ၿပီးေနာက္ အမွတ္ေပးခ်န္ပီယံဆုရယူႏိုင္ခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္ကို အေရးနိမ့္ကာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ကေန ထြက္ခဲ့ရၿပီးေနာက္ တူခ်ယ္လည္း ဖိအား၀င္ေနၿပီး ယခုႏွစ္ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာေတာ့ အဓိကတိုက္စစ္မွဴးေတြျဖစ္တဲ့ ေနမာ၊ ဘာေပနဲ႔ ကာဗာနီတုိ႔မပါ၀င္ဘဲ ခ်န္ပီယံလိဂ္ရဲ႕ေအာင္ျမင္မႈအမ်ားဆုံး ရီးရဲလ္မက္ဒရစ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

Photo Credit ; Sky Sports

Unicode

ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီး တူချယ်နဲ့ အစားထိုးဖို့ ယူနိုက်တက်ပြင်ဆင်နေဟုဆို

ပြင်သစ်မှာထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီး ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ်တူချယ်ကို အစားထိုးခန့်အပ်ဖို့ အဆင်သင့်ရှိနေကြောင်း သိရပါတယ်။ Le10 Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ တကယ်လို့ ဆိုးလ်ရှားသာ အသင်းကို ပြန်လည်ဆွဲမတင်နိုင်ရင် သူ့နေရာမှာ တူချယ်ကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
နာမည်ကြီးပြင်သစ်သတင်းစာဖြစ်တဲ့ L’Equipe ကလည်း ယူနိုက်တက်အသင်းဟာ တူချယ်ကို ခန့်အပ်ဖို့ စိတ်ဝင်စားနေတဲ့အကြောင်း အဲဒီဂျာမန်သားဆီ အကြောင်းကြားထားပြီး ဒေါ့မွန်နည်းပြဟောင်းကို ဥရောပအသင်းအများစုကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
”ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်တို့အပါအဝင် ဥရောပအသင်းကြီး ၃သင်းက တူချယ်ကို အနီးကပ်စောင့်ကြည့်နေပြီး ဒါကိုလည်း တူချယ်သိအောင် အသိပေးထားပါတယ်”လို့ L’Equipe က ရေးသားဖော်ပြခဲ့ပါတယ်။ ဒီလိုသတင်းတွေထွက်ပေါ်လာတာက အသက် ၄၆နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသားဆိုးလ်ရှားအတွက် စိတ်ပူစရာဖြစ်လာပြီး သူဟာ မတ်လကမှ အသင်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ တူချယ်ရဲ့ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်ခဲ့တာအပါအဝင် ရလဒ်ကောင်းတွေရယူနိုင်ခဲ့လို့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး တစ်ချိန်တုန်းက ဂန္ထဝင်တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြခဲ့ဖူးလို့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေပါတယ်။
ဒါပေမဲ့ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက်ပိုင်း ရလဒ်တွေက ပြောင်းပြန်ဖြစ်သွားပါတယ်။ ယူနိုက်တက်ဟာ ရာသီအဆုံးသတ်ကာလမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ရပါတယ်။
သူတို့ဟာ ဒီရာသီမှာ ၁ပွဲပဲရှုံးနိမ့်ထားပေမယ့် ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ ပရိသတ်တွေက အားရကျေနပ်ခြင်းမရှိသေးပါဘူး။ တူချယ်ကလည်း ပီအက်စ်ဂျီအသင်းကို ဥရောပအောင်မြင်မှုရယူပေးဖို့ ဖိအားဝင်နေပြီး ၂၀၁၈ မေလက အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် အမှတ်ပေးချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် တူချယ်လည်း ဖိအားဝင်နေပြီး ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာတော့ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ နေမာ၊ ဘာပေနဲ့ ကာဗာနီတို့မပါဝင်ဘဲ ချန်ပီယံလိဂ်ရဲ့အောင်မြင်မှုအများဆုံး ရီးရဲလ်မက်ဒရစ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။