ဆုိးရြားတဲ့ဒုတိယပိုင္းကစားပုံနဲ႔အတူ အိမ္ကြင္းဖြင့္ပြဲလည္း လမ္းပတ္ကို မကယ္တင္ႏိုင္ေသး(ခ်ဲလ္ဆီး ၁-၁ လက္စတာ ပြဲၿပီးသုံးသပ္ခ်က္)

Photo Credit

Photo Credit

ရာသီအေစာပိုင္းမွာ ရလဒ္ေတြဆုိးရြားေနတဲ့ ခ်ဲလ္ဆီးဟာ ဒီပြဲမွာလည္း နည္းျပသစ္လမ္းပတ္အတြက္ အိမ္ကြင္းပထမဆုံးပြဲအျဖစ္ ကစားခ့ဲရေပမယ့္ အလယ္အလတ္အဆင့္ရွိ လက္စတာကို ဖိအားမေပးႏိုင္ခဲ့ဘဲ ၁-၁ ဂိုးသေရသာကစားႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕လိုအပ္ခ်က္ေတြကို အမ်ားအျပားျမင္ေတြ႕ခဲ့ရပါတယ္။

Photo Credit ; Daily Mail

အထူးသျဖင့္ ခ်ဲလ္ဆီးအသင္းရဲ႕ဒုတိယပိုင္းကစားပုံက အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ဆုိးရြားလြန္းခဲ့ၿပီး ဧည့္သည္အသင္းရဲ႕တစ္ခ်ိန္လုံးဖိအားေပးခံခဲ့ရကာ ဗာဒီနဲ႔ မက္ဒီဆင္တုိ႔ အပိုင္အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့လုိ႔သာ ခ်ဲလ္ဆီးအသင္း ႐ႈံးပြဲဆက္ေနမႈကို ရပ္တန္႔ႏိုင္ခဲ့တာပါ။

Photo Credit ; Getty Images

ဒီပြဲမွာ ခ်ဲလ္ဆီးအသင္းေျခစြမ္းေပ်ာက္ဆုံးသြားရတာက အဓိကအခ်က္ျဖစ္သလုိ လက္စတာအသင္းရဲ႕ကစားအားကုိလည္း မျဖစ္မေနအသိအမွတ္ျပဳခ်ီးက်ဴးရမွာျဖစ္ၿပီး ပြဲအစပိုင္း အထုိင္မက်ေသးခင္ ေခ်ပဂိုးေပးလုိက္ရေပမယ့္ ျပာမသြားဘဲ စုစုစည္းစည္းနဲ႔ ကစားႏုိင္ခဲ့သလို ကြင္းလယ္လူ အန္ဒီဒီကလည္း သူ႕အမွားေၾကာင့္ ဂိုးေပးလုိက္ရတာကို ျပန္လည္ေခ်ဖ်က္တဲ့အေနနဲ႔ အဖုိးတန္ေခ်ပဂိုးသြင္းယူသြားပါတယ္။

Photo Credit ; AP

ပြဲခ်ိန္ ၇မိနစ္မွာေတာ့ ခ်ဲလ္ဆီးအသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ဂိုးဧရိယာထိပ္မွာ လက္စတာကြင္းလယ္လူ အန္ဒီဒီ ေဘာလုံးေပးဖုိ႔ ေႏွးေနတာကို ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆင္ေမာင့္က ေျပး၀င္လုယူကာ ဂိုးဧရိယာထဲကေန ကန္သြင္းခဲ့တာျဖစ္ပါတယ္။

Photo Credit ; Getty Images

ေနာက္ပိုင္းမွာေတာ့ လက္စတာအသင္း ကစားကြက္ျပန္မိလာၿပီး ခ်ဲလ္ဆီးကို အျပန္အလွန္ယွဥ္ကစားလာႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ဒုတိယပိုင္းက ပထမပိုင္းနဲ႔ေျပာင္းျပန္လုိ႔ေျပာရမလုိျဖစ္ရေလာက္ေအာင္ ခ်ဲလ္ဆီးကစားကြက္ပ်က္သြားပါတယ္။

Photo Credit ; Getty Images / AFP

ညာေနာက္ခံလူျဖစ္တဲ့အသင္းေခါင္းေဆာင္ အက္စ္ပီလီက်ဴတာက ခံစစ္တာ၀န္ေက်ပြန္ေပမယ့္ တုိက္စစ္ကိုလုိက္ပါပ့ံပိုးရာမွာ အေတာ္ေလးအားနည္းသလို သူ႕ရဲ႕ျဖတ္တင္ေဘာေတြက တာ၀န္ေက်တင္ေပးေနသလားလုိ႔ထင္ရေလာက္ေအာင္ ျဖစ္ခဲ့ပါတယ္။

Photo Credit ; PA

ေနာက္ၿပီး နည္းျပလမ္းပတ္ရဲ႕လူစားလဲမႈကလည္း ေမးခြန္းထုတ္စရာေကာင္းေနၿပီး နာေနတဲ့ပက္ဒ႐ိုကို မထုတ္ဘဲ ကစားအားေကာင္းေနဆဲျဖစ္တဲ့ ပူလီဆစ္ကို ၀ီလ်ံနဲ႔ လူစားလဲလုိက္တာက ေျပာစရာရွိပါတယ္။ ၿပီးေတာ့ ေက်ာနံပါတ္ ၁၀ပိုင္ရွင္ ၀ီလ်ံကလည္း ပြဲဆက္ျပတ္ေနသလုိျဖစ္ေနၿပီး သူ႕ဆီက ေဘာလုံးအပ်က္မ်ားေနခဲ့ပါတယ္။

Photo Credit ; Reuters

၀ီလ်ံ၀င္လာၿပီးေနာက္ ခ်ဲလ္ဆီးတုိက္စစ္ ပိုအသက္မဲ့သြားၿပီး ဂ်ီ႐ူးအစား လူစား၀င္လာတဲ့ ေအဘရာဟမ္ကလည္း အေထာင္တုိက္စစ္မွဴးအျဖစ္ ယုံၾကည္မႈအျပည့္နဲ႔ကစားဖုိ႔ လိုအပ္ေနပါေသးတယ္။

Photo Credit ; AP

လက္စတာကေတာ့ တုိက္စစ္မွာ ဗာဒီနဲ႔ မက္ဒီဆင္ ႏွစ္ဦးတည္းနဲ႔ ခ်ဲလ္ဆီးခံစစ္ကို အလုပ္႐ႈပ္ေစခဲ့ၿပီး သူတုိ႔ႏွစ္ေယာက္ အပိုင္အခြင့္အေရးအမ်ားအျပားရခဲ့တာကို ၾကည့္ရင္ ခ်ဲလ္ဆီးခံစစ္ရဲ႕အားနည္းခ်က္ကို သိႏိုင္ပါတယ္။

Photo Credit

Unicode

ဆိုးရွားတဲ့ဒုတိယပိုင်းကစားပုံနဲ့အတူ အိမ်ကွင်းဖွင့်ပွဲလည်း လမ်းပတ်ကို မကယ်တင်နိုင်သေး(ချဲလ်ဆီး ၁-၁ လက်စတာ ပွဲပြီးသုံးသပ်ချက်)

ရာသီအစောပိုင်းမှာ ရလဒ်တွေဆိုးရွားနေတဲ့ ချဲလ်ဆီးဟာ ဒီပွဲမှာလည်း နည်းပြသစ်လမ်းပတ်အတွက် အိမ်ကွင်းပထမဆုံးပွဲအဖြစ် ကစားခဲ့ရပေမယ့် အလယ်အလတ်အဆင့်ရှိ လက်စတာကို ဖိအားမပေးနိုင်ခဲ့ဘဲ ၁-၁ ဂိုးသရေသာကစားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့လိုအပ်ချက်တွေကို အများအပြားမြင်တွေ့ခဲ့ရပါတယ်။
အထူးသဖြင့် ချဲလ်ဆီးအသင်းရဲ့ဒုတိယပိုင်းကစားပုံက အံ့အားသင့်စရာကောင်းလောက်အောင် ဆိုးရွားလွန်းခဲ့ပြီး ဧည့်သည်အသင်းရဲ့တစ်ချိန်လုံးဖိအားပေးခံခဲ့ရကာ ဗာဒီနဲ့ မက်ဒီဆင်တို့ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့သာ ချဲလ်ဆီးအသင်း ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တာပါ။
ဒီပွဲမှာ ချဲလ်ဆီးအသင်းခြေစွမ်းပျောက်ဆုံးသွားရတာက အဓိကအချက်ဖြစ်သလို လက်စတာအသင်းရဲ့ကစားအားကိုလည်း မဖြစ်မနေအသိအမှတ်ပြုချီးကျူးရမှာဖြစ်ပြီး ပွဲအစပိုင်း အထိုင်မကျသေးခင် ချေပဂိုးပေးလိုက်ရပေမယ့် ပြာမသွားဘဲ စုစုစည်းစည်းနဲ့ ကစားနိုင်ခဲ့သလို ကွင်းလယ်လူ အန်ဒီဒီကလည်း သူ့အမှားကြောင့် ဂိုးပေးလိုက်ရတာကို ပြန်လည်ချေဖျက်တဲ့အနေနဲ့ အဖိုးတန်ချေပဂိုးသွင်းယူသွားပါတယ်။
ပွဲချိန် ၇မိနစ်မှာတော့ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဂိုးဧရိယာထိပ်မှာ လက်စတာကွင်းလယ်လူ အန်ဒီဒီ ဘောလုံးပေးဖို့ နှေးနေတာကို ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင့်က ပြေးဝင်လုယူကာ ဂိုးဧရိယာထဲကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ လက်စတာအသင်း ကစားကွက်ပြန်မိလာပြီး ချဲလ်ဆီးကို အပြန်အလှန်ယှဉ်ကစားလာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းက ပထမပိုင်းနဲ့ပြောင်းပြန်လို့ပြောရမလိုဖြစ်ရလောက်အောင် ချဲလ်ဆီးကစားကွက်ပျက်သွားပါတယ်။
ညာနောက်ခံလူဖြစ်တဲ့အသင်းခေါင်းဆောင် အက်စ်ပီလီကျူတာက ခံစစ်တာဝန်ကျေပွန်ပေမယ့် တိုက်စစ်ကိုလိုက်ပါပံ့ပိုးရာမှာ အတော်လေးအားနည်းသလို သူ့ရဲ့ဖြတ်တင်ဘောတွေက တာဝန်ကျေတင်ပေးနေသလားလို့ထင်ရလောက်အောင် ဖြစ်ခဲ့ပါတယ်။
နောက်ပြီး နည်းပြလမ်းပတ်ရဲ့လူစားလဲမှုကလည်း မေးခွန်းထုတ်စရာကောင်းနေပြီး နာနေတဲ့ပက်ဒရိုကို မထုတ်ဘဲ ကစားအားကောင်းနေဆဲဖြစ်တဲ့ ပူလီဆစ်ကို ဝီလျံနဲ့ လူစားလဲလိုက်တာက ပြောစရာရှိပါတယ်။ ပြီးတော့ ကျောနံပါတ် ၁၀ပိုင်ရှင် ဝီလျံကလည်း ပွဲဆက်ပြတ်နေသလိုဖြစ်နေပြီး သူ့ဆီက ဘောလုံးအပျက်များနေခဲ့ပါတယ်။
ဝီလျံဝင်လာပြီးနောက် ချဲလ်ဆီးတိုက်စစ် ပိုအသက်မဲ့သွားပြီး ဂျီရူးအစား လူစားဝင်လာတဲ့ အေဘရာဟမ်ကလည်း အထောင်တိုက်စစ်မှူးအဖြစ် ယုံကြည်မှုအပြည့်နဲ့ကစားဖို့ လိုအပ်နေပါသေးတယ်။
လက်စတာကတော့ တိုက်စစ်မှာ ဗာဒီနဲ့ မက်ဒီဆင် နှစ်ဦးတည်းနဲ့ ချဲလ်ဆီးခံစစ်ကို အလုပ်ရှုပ်စေခဲ့ပြီး သူတို့နှစ်ယောက် အပိုင်အခွင့်အရေးအများအပြားရခဲ့တာကို ကြည့်ရင် ချဲလ်ဆီးခံစစ်ရဲ့အားနည်းချက်ကို သိနိုင်ပါတယ်။