ဆုရမှ ခန်းမထဲဝင်လာလို့ မောက်မာတယ်လို့ စွပ်စွဲခံနေရတဲ့ စီရော်နယ်ဒို

Photo- Internet
Photo- Internet

ဂျူ ဗင်တပ်အသင်းတိုက်စစ်မှူ း စီရော်နယ်ဒိုဟာ စီးရီးအေအကောင်းဆုံးဆုပေးပွဲကို တက်ရောက်ခဲ့ပေမယ့် ဆုရတယ်လို့ ကြေညာပြီးမှ ခန်းမထဲဝင်လာတဲ့အတွက် မောက်မာတယ်ဆိုပြီး ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ စီးရီးအေရဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီတစ်နှစ်တာအကောင်းဆုံး ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

စီးရီးအေ အကောင်းဆုံးဆုပေးပွဲကို Ballon d’Or ဆုပေးပွဲနဲ့ တစ်ရက်တည်းကျင်းပခဲ့လို့ အံအားသင့်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီပေါ်တူဂီသားဟာ Ballon d’Or ဆုပေးပွဲကိုမတက်ခဲ့ဘဲ စီးရီးအေဆုပေးပွဲကိုသာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆုရတယ်လို့ ကြေညာခံရတော့မှ ခန်းမထဲဝင်လာလို့ ဆုမရရင် မတက်တဲ့သဘောဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။

Photo- Internet

အီတလီဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ တန်ခရီဒီပါလ်မာရီက”မယုံနိုင်စရာပါဘဲဗျာ။ စီရော်နယ်ဒိုဟာ ကားထဲမှာစောင့်နေပြီး အကောင်းဆုံးဆုကို သူရတယ်လို့ ကြေညာလိုက်တော့မှ ခန်းမထဲကို ဝင်လာတာပါ။ သူဝင်လာချိန်မှာ သူ့ကိုယ်ရံတော်တွေက ကင်မရာသမားတွေပုံကောင်းကောင်းမရိုက်ရဖို့အတွက် ကင်မရာတွေကို ဓါတ်မီးနဲ့ထိုးခဲ့ပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

ဒါကြောင့်လည်း အီတလီမီဒီယာအချို့က သူဟာအကောင်းဆုံးဆုမှမရရင် မယူဘဲပြန်သွားမယ့်သဘောရှိလို့ မောက်မာတဲ့သူဖြစ်ပြီး Ballon d’Or ဆုကိုသူမရတာ ဘာမှမဆန်းဘူးလို့ ဖော်ပြကြပါတယ်။ ဒီဆုပေးပွဲမှာ နာပိုလီနောက်ခံလူ ကူလီဘာလီလည်း အကောင်းဆုံးနောက်ခံလူ ဆုကို ရရှိခဲ့ပါတယ်။\

Photo- Internet

ဒီဆုကို စီးရီးအေရဲ့တန်ဖိုးအရှိဆုံးကစားသမားဆု(Most Valuable Player) လို့လည်းခေါ်ဆိုပါတယ်။ ဆုပေးပွဲမှာ စီရော်နယ်ဒိုက စီးရီးအေမှာလာကစားရလို့ များစွာဂုဏ်ယူမိပြီး သူ့ကိုမဲပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောကြားသွားပါတယ်။

Photo- Internet

Zawgyi

ဆုရမွ ခန္းမထဲ၀င္လာလို႔ ေမာက္မာတယ္လို႔ စြပ္စြဲခံေနရတဲ႔ စီေရာ္နယ္ဒို

ဂ်ဴ ဗင္တပ္အသင္းတိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ စီးရီးေအအေကာင္းဆုံးဆုေပးပြဲကို တက္ေရာက္ခဲ့ေပမယ္႔ ဆုရတယ္လို႔ ေၾကညာၿပီးမွ ခန္းမထဲ၀င္လာတဲ႔အတြက္ ေမာက္မာတယ္ဆိုၿပီး ေ၀ဖန္ခံေနရတယ္လို႔ သိရပါတယ္။ စီေရာ္နယ္ဒိုဟာ စီးရီးေအရဲ႕ ၂၀၁၈-၁၉ ေဘာလုံးရာသီတစ္ႏွစ္တာအေကာင္းဆုံး ဆုကိုရရွိခဲ့တာျဖစ္ပါတယ္။

စီးရီးေအ အေကာင္းဆုံးဆုေပးပြဲကို Ballon d’Or ဆုေပးပြဲနဲ႔ တစ္ရက္တည္းက်င္းပခဲ့လို႔ အံအားသင့္မႈေတြလည္း ရွိခဲ့ပါတယ္။ ဒီေပၚတူဂီသားဟာ Ballon d’Or ဆုေပးပြဲကိုမတက္ခဲ့ဘဲ စီးရီးေအဆုေပးပြဲကိုသာတက္ေရာက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔ ဆုရတယ္လို႔ ေၾကညာခံရေတာ႔မွ ခန္းမထဲ၀င္လာလို႔ ဆုမရရင္ မတက္တဲ႔သေဘာျဖစ္ေနတယ္လို႔လည္း ဆိုၾကပါတယ္။

အီတလီဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ႔ တန္ခရီဒီပါလ္မာရီက”မယုံႏိုင္စရာပါဘဲဗ်ာ။ စီေရာ္နယ္ဒိုဟာ ကားထဲမွာေစာင့္ေနၿပီး အေကာင္းဆုံးဆုကို သူရတယ္လို႔ ေၾကညာလိုက္ေတာ႔မွ ခန္းမထဲကို ၀င္လာတာပါ။ သူ၀င္လာခ်ိန္မွာ သူ႔ကိုယ္ရံေတာ္ေတြက ကင္မရာသမားေတြပုံေကာင္းေကာင္းမရိုက္ရဖို႔အတြက္ ကင္မရာေတြကို ဓါတ္မီးနဲ႔ထိုးခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။

ဒါေၾကာင့္လည္း အီတလီမီဒီယာအခ်ဳိ႕က သူဟာအေကာင္းဆုံးဆုမွမရရင္ မယူဘဲျပန္သြားမယ္႔သေဘာရွိလို႔ ေမာက္မာတဲ႔သူျဖစ္ၿပီး Ballon d’Or ဆုကိုသူမရတာ ဘာမွမဆန္းဘူးလို႔ ေဖာ္ျပၾကပါတယ္။ ဒီဆုေပးပြဲမွာ နာပိုလီေနာက္ခံလူ ကူလီဘာလီလည္း အေကာင္းဆုံးေနာက္ခံလူ ဆုကို ရရွိခဲ့ပါတယ္။

ဒီဆုကို စီးရီးေအရဲ႕တန္ဖိုးအရွိဆုံးကစားသမားဆု(Most Valuable Player) လို႔လည္းေခၚဆိုပါတယ္။ ဆုေပးပြဲမွာ စီေရာ္နယ္ဒိုက စီးရီးေအမွာလာကစားရလို႔ မ်ားစြာဂုဏ္ယူမိၿပီး သူ႔ကိုမဲေပးၾကတဲ႔သူေတြအားလုံးကို ေက်းဇူးတင္တယ္လို႔ ေျပာၾကားသြားပါတယ္။