ဆုဖလားတစ်ခုမှ မရရင်တောင် လိဂ်အဆင့်(၂)ရရင် တိုးတက်မှုရှိတယ်လို့ ဆိုးလ်ရှားဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဆုဖလားတွေဆိုတာက နည်းပြဒါမှမဟုတ် ကလပ်အသင်းတွေအတွက် ပုဂ္ဂလိကအောင်မြင်သက်သက်သာဖြစ်ပြီး တကယ်လို့ ဒီရာသီမှာ ယူနိုက်တက်အသင်း ဖလားတစ်ခုမှ မရခဲ့ရင်တောင် ပရီးမီးယားလိဂ်မှာ အဆင့်(၂)နေရာရခဲ့ရင်ပဲ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက မန်စီးတီးထက် တစ်ပွဲလျော့ (၁၄)မှတ်ကွာဟနေလို့ ချန်ပီယံဆုမျှော်လင့်ချက်မရှိတော့ပေမယ့် ယူရိုပါလိဂ်မှာ ရှုံးထွက်(၁၆)သင်းအဆင့်၊ FA ဖလား ကွာတားဖိုင်နယ်အထိတက်ရောက်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၇ ခုနှစ်တုန်းက မော်ရင်ဟိုလက်ထက် ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေရယူခဲ့ပြီးနောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေတာ (၄)နှစ်အထိရှိနေပြီဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ ဖလားမရရင်တောင် ရာသီကုန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာရပ်တည်နိုင်ရင် တိုးတက်မှုရှိတယ်လို့ ဆိုခဲ့တာပါ။

အေစီမီလန်နဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ဆိုးလ်ရှားက “ကျွန်တော်တို့အနေနဲ့ ဆုဖလားရရှိဖို့ ပစ်မှတ်ထားကြပေမယ့် တစ်ခါတလေကျရင် ဆုဖလားတွေထက် အသင်းရဲ့အနေအထားက ပိုအရေးကြီးပါတယ်။

ပရီးမီးယားလိဂ်မှာ အသင်းရဲ့လက်ရှိရပ်တည်မှုကိုကြည့်ရင် တိုးတက်မှုရှိလာတာကို တွေ့ရမှာဖြစ်ပြီး ဖလားပြိုင်ပွဲတွေမှာက ကံအဆိုးအကောင်းပေါ်လိုက်ပြီး အခြေအနေအမျိုးမျိုးဖြစ်တတ်သလို ပွဲတစ်ပွဲရဲ့ရလဒ်က ကိုယ့်အသင်းခြေစွမ်းသာ တခြားအချက်အလက်တွေပေါ် မူတည်နေတာမျိုးပါ။

ဖလားပြိုင်ပွဲတွေမှာ ဆုဖလားဆွတ်ခူးဖို့ မျှော်လင့်နိုင်တာမှန်ပေမယ့် ဆုဖလားတွေဆိုတာက နည်းပြဒါမှမဟုတ် ကလပ်အသင်းတစ်သင်းရဲ့ ပုဂ္ဂလိကအောင်မြင်မှုမှတ်တမ်းထက် မပိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက တိုးတက်မှုရှိလာဖို့လိုအပ်ပြီး အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နိုင်တဲ့အချိန်ကျရင် ဆုဖလားတွေ ဆွတ်ခူးနိုင်မှာပဲဖြစ်ပါတယ်။

ဖလားတစ်ခုရလို့ ကျွန်တော်တို့အသင်း အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်လာပြီဆိုပြီး သတ်မှတ်လို့ မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းတွေဖြစ်တဲ့ ဗန်ဟားလ်နဲ့ မော်ရင်ဟိုတို့ဟာလည်း ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် သူတို့တွေ ရာထူးက အထုတ်ခံရချိန်မှာ ယူနိုက်တက်အသင်းဟာ လိဂ်ပြိုင်ပွဲမှာအခြေအနေမကောင်းခဲ့ပါဘူး။

ဗန်ဟားလ်ဟာ သူ ရာထူးကအထုတ်ခံခဲ့ရတဲ့ ၂၀၁၆ ခုနှစ်မှာ FA ဖလားရယူခဲ့ပေမယ့် ပျင်းရိစရာကောင်းတဲ့ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ်မှာ အဆင့်(၅)နေရာသာရပ်တည်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုဟာလည်း ၂၀၁၆-၁၇ ရာသီတုန်းက လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပေမယ့် သူ ရာထူးကထုတ်ခံရချိန်မှာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့်(၆)အထိရောက်ရှိနေပြီး ရုန်းကန်နေရတာဖြစ်ပါတယ်။

အဲဒါကြောင့် ဆိုးလ်ရှားက အသင်းတစ်သင်းရဲ့အနေအထားတိုးတက်လာမှုရှိ၊မရှိဆိုတာက ဖလားပြိုင်ပွဲတွေထက် အမှတ်ပေးပြိုင်ပွဲစွမ်းဆောင်ရည်ကို ကြည့်ပြီးဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆုဖလားတစ္ခုမွ မရရင္ေတာင္ လိဂ္အဆင့္(၂)ရရင္ တိုးတက္မႈရွိတယ္လို႔ ဆိုးလ္ရွားဆို

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ဆုဖလားေတြဆိုတာက နည္းျပဒါမွမဟုတ္ ကလပ္အသင္းေတြအတြက္ ပုဂၢလိကေအာင္ျမင္သက္သက္သာျဖစ္ၿပီး တကယ္လို႔ ဒီရာသီမွာ ယူႏိုက္တက္အသင္း ဖလားတစ္ခုမွ မရခဲ့ရင္ေတာင္ ပရီးမီးယားလိဂ္မွာ အဆင့္(၂)ေနရာရခဲ့ရင္ပဲ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာၿပီလို႔ သတ္မွတ္ရမွာျဖစ္ေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးက မန္စီးတီးထက္ တစ္ပြဲေလ်ာ့ (၁၄)မွတ္ကြာဟေနလို႔ ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္မရွိေတာ့ေပမယ့္ ယူ႐ိုပါလိဂ္မွာ ရႈံးထြက္(၁၆)သင္းအဆင့္၊ FA ဖလား ကြာတားဖိုင္နယ္အထိတက္ေရာက္ထားတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ၂၀၁၇ ခုႏွစ္တုန္းက ေမာ္ရင္ဟိုလက္ထက္ ယူ႐ိုပါလိဂ္နဲ႔ လိဂ္ဖလားေတြရယူခဲ့ၿပီးေနာက္ပိုင္း ဖလားလက္မဲ့ျဖစ္ေနတာ (၄)ႏွစ္အထိရွိေနၿပီျဖစ္ေပမယ့္ ဆိုးလ္ရွားကေတာ့ ဖလားမရရင္ေတာင္ ရာသီကုန္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္(၂)ေနရာရပ္တည္ႏိုင္ရင္ တိုးတက္မႈရွိတယ္လို႔ ဆိုခဲ့တာပါ။

ေအစီမီလန္နဲ႔ ယူ႐ိုပါလိဂ္ပြဲမတိုင္ခင္ ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔အေနနဲ႔ ဆုဖလားရရွိဖို႔ ပစ္မွတ္ထားၾကေပမယ့္ တစ္ခါတေလက်ရင္ ဆုဖလားေတြထက္ အသင္းရဲ႕အေနအထားက ပိုအေရးႀကီးပါတယ္။ ပရီးမီးယားလိဂ္မွာ အသင္းရဲ႕လက္ရွိရပ္တည္မႈကိုၾကည့္ရင္ တိုးတက္မႈရွိလာတာကို ေတြ႕ရမွာျဖစ္ၿပီး ဖလားၿပိဳင္ပြဲေတြမွာက ကံအဆိုးအေကာင္းေပၚလိုက္ၿပီး အေျခအေနအမ်ိဳးမ်ိဳးျဖစ္တတ္သလို ပြဲတစ္ပြဲရဲ႕ရလဒ္က ကိုယ့္အသင္းေျခစြမ္းသာ တျခားအခ်က္အလက္ေတြေပၚ မူတည္ေနတာမ်ိဳးပါ။ ဖလားၿပိဳင္ပြဲေတြမွာ ဆုဖလားဆြတ္ခူးဖို႔ ေမွ်ာ္လင့္ႏိုင္တာမွန္ေပမယ့္ ဆုဖလားေတြဆိုတာက နည္းျပဒါမွမဟုတ္ ကလပ္အသင္းတစ္သင္းရဲ႕ ပုဂၢလိကေအာင္ျမင္မႈမွတ္တမ္းထက္ မပိုပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အသင္းက တိုးတက္မႈရွိလာဖို႔လိုအပ္ၿပီး အေကာင္းဆုံးေျခစြမ္းကို ပိုင္ဆိုင္ႏိုင္တဲ့အခ်ိန္က်ရင္ ဆုဖလားေတြ ဆြတ္ခူးႏိုင္မွာပဲျဖစ္ပါတယ္။ ဖလားတစ္ခုရလို႔ ကြၽန္ေတာ္တို႔အသင္း ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ျပန္ေရာက္လာၿပီဆိုၿပီး သတ္မွတ္လို႔ မရပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္နည္းျပေဟာင္းေတြျဖစ္တဲ့ ဗန္ဟားလ္နဲ႔ ေမာ္ရင္ဟိုတို႔ဟာလည္း ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ေပမယ့္ သူတို႔ေတြ ရာထူးက အထုတ္ခံရခ်ိန္မွာ ယူႏိုက္တက္အသင္းဟာ လိဂ္ၿပိဳင္ပြဲမွာအေျခအေနမေကာင္းခဲ့ပါဘူး။ ဗန္ဟားလ္ဟာ သူ ရာထူးကအထုတ္ခံခဲ့ရတဲ့ ၂၀၁၆ ခုႏွစ္မွာ FA ဖလားရယူခဲ့ေပမယ့္ ပ်င္းရိစရာေကာင္းတဲ့ကစားဟန္နဲ႔အတူ ပရီးမီးယားလိဂ္မွာ အဆင့္(၅)ေနရာသာရပ္တည္ႏိုင္ခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာလည္း ၂၀၁၆-၁၇ ရာသီတုန္းက လိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြ ရယူႏိုင္ခဲ့ေပမယ့္ သူ ရာထူးကထုတ္ခံရခ်ိန္မွာ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္အဆင့္(၆)အထိေရာက္ရွိေနၿပီး ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဆိုးလ္ရွားက အသင္းတစ္သင္းရဲ႕အေနအထားတိုးတက္လာမႈရွိ၊မရွိဆိုတာက ဖလားၿပိဳင္ပြဲေတြထက္ အမွတ္ေပးၿပိဳင္ပြဲစြမ္းေဆာင္ရည္ကို ၾကည့္ၿပီးဆုံးျဖတ္ရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။