ဆုဖလားဆိုတာ လိုအပ်ပေမယ့် မိတ်ဆွေသူငယ်ချင်းက ပိုအရေးကြီးကြောင်းပြလိုက်တဲ့ မက်ဆီနဲ့ဆွာရက်ဇ်

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ ကစားသမားတွေအနေနဲ့ အသင်းပြောင်းရွှေ့ကစားကြတာဟာ အလုပ်သဘောအရပါပဲ။

အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့သွားတဲ့အချိန်မှာ တစ်ချို့ဘောလုံးသမားတွေဟာ နိုင်ငံမတူတဲ့ လိ၈်ပြိုင်ပွဲတစ်ခုကို ပြောင်းသွားတဲ့အတွက်

ဖုန်း၊ မက်ဆေ့ချ်နဲ့ video call စတဲ့ အဆက်အသွယ်ပုံစံတွေနဲ့ အသင်းဟောင်းက သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်လေ့ရှိကြပါတယ်။

ဘောလုံးသမားဘဝမှာ ကိုယ့်ရဲ့အသင်းဟောင်းနဲ့ပြိုင်ပွဲမှာ ပြန်တွေ့ပြီဆိုရင် ကစားဖော်ဟောင်းတွေကို ဖက်လှဲတကင်း နှုတ်ဆက်တာ စကားပြောတာ မထူးဆန်းပေမယ့်

လက်ရှိကိုယ်ကစားနေတဲ့အသင်းက ရှုံးပြီးပြိုင်ပွဲက ထွက်ခဲ့ရပြီဆိုရင်တော့ အများမြင်ကွင်းမှာ အခြေအနေကြည့်ပြီး နှုတ်ဆက်စကားပြောမှ အဆင်ပြေမှာပါ။

ချန်ပီယံလိ၈်မှာ ဟာဇက်လို အထူအပါးနားမလည်ဘဲ လုပ်ခဲ့မိရင်တော့ အသင်းပရီသတ်တွေရဲ့ အမျက်ဒေါသနဲ့ သေချာပေါက် ရင်ဆိုင်ရပြီး ရှုံးနိမ့်မှုရဲ့ တရားခံဖြစ်သွားနိုင်ပါတယ်။

မက်ဆီနဲ့ဆွာရက်ဇ်က တောင်အမေရိကတိုက်သားတွေဖြစ်ပြီး နိုင်ငံမတူပေယ့် ဘာစီလိုနာရောက်မှ အတော်လေးခင်မင်ရင်းနှီးသွားကြတဲ့ သူနှစ်ယောက်ပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲစဉ်တွေသွားကစားတော့ ကိုဗစ်စည်းမျဉ်းကန့်သတ်ချက်တွေရှိနေတဲ့အချိန်မှာ

မက်ဆီဟာ ဆွာရက်ဇ်ကို စပိန်ကနေ တောင်အမေရီကကို သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ တင်ခေါ်သွားခဲ့ဖူးပါတယ်။

ဒီရာသီအစမှာတုန်းက ဆွာရက်ဇ်တစ်ယောက် အက်သလက်တီကိုအသင်းဆီ ရောင်းထုတ်ခံလိုက်ရတုန်းက မက်ဆီဟာ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကို အတော်လေး ဒေါသဖြစ်ခဲ့ပြီး

အသင်းကနေ သူထွက်ခွာခွင့်ကို ရုတ်တရက် တောင်းဆိုခဲ့ဖူးပါတယ်။

စနေညက ကစားသွားတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ပွဲမှာတော့ ဒီနှစ်ယောက်ဟာ ဆွာရက်ဇ်ပြောင်းသွားပြီးကတည်းက ကွင်းထဲမှာ ပြိုင်ဘက်တွေအဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲမစခင်ကတည်းက သူတို့ ၂ယောက်ဟာ ကွင်းထဲမှာ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး ဒီပွဲဟာ ချန်ပီယံဆုအတွက် အရေးကြီးတဲပ့ွဲဖြစ်တယ်ဆိုတာကိုတောင် မေ့နေကြပုံပါပဲ။

ပွဲအပြီး အဝတ်လဲခန်းကိုသွားတဲ့ ဥမင်မှာလည်း မက်ဆီနဲ့ဆွာရက်ဇ်တို့ ၂ယောက်ဟာ စကားတပြောပြောနဲ့ ဖိနပ်ကြိုးတွေဖြုတ်ရင်း အေးဆေးပါပဲ။

ဒီလိုအနေအထားတွေကို ပွဲဆူသွားတဲ့ ဟာဇက်ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် ဆွာရက်ဇ်ဟာ ဘာစီလိုနာအတွက် သွင်းဂိုးတွေ ဆုဖလားတွေ အများကြီး ရယူပေးနိုင်ခဲ့ပြီးပါပြီ။

ဟာဇက်က ရီးရဲလ်စရောက်ကတည်းက ဝိတ်တွေတက် ဒဏ်ရာကိုအသင်းက ဆေးတွေကုပေးနေရရင်းနဲ့ အချိန်ကုန်ခဲ့ရတာပါ။

ဘာစီလိုနာပရိသတ်တွေကတော့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့ ကွင်းတွင်းအပြုအမူတွေကို အပြစ်မမြင်ဘဲ နားလည်မှုပေးခဲ့ကြပြီး ဘာမှမဖွခဲ့ကြပါဘူး။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆုဖလားဆိုတာ လိုအပ္ေပမယ့္ မိတ္ေဆြသူငယ္ခ်င္းက ပိုအေရးႀကီးေၾကာင္းျပလိုက္တဲ့ မက္ဆီနဲ႔ဆြာရက္ဇ္

ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာကမွာ ကစားသမားေတြအေနနဲ႔ အသင္းေျပာင္းေ႐ႊ႕ကစားၾကတာဟာ အလုပ္သေဘာအရပါပဲ။

အသင္းသစ္တစ္သင္းကို ေျပာင္းေ႐ႊ႕သြားတဲ့အခ်ိန္မွာ တစ္ခ်ိဳ႕ေဘာလုံးသမားေတြဟာ ႏိုင္ငံမတူတဲ့ လိ၈္ၿပိဳင္ပြဲတစ္ခုကို ေျပာင္းသြားတဲ့အတြက္

ဖုန္း၊ မက္ေဆ့ခ်္နဲ႔ video call စတဲ့ အဆက္အသြယ္ပုံစံေတြနဲ႔ အသင္းေဟာင္းက သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ အဆက္အသြယ္လုပ္ေလ့ရွိၾကပါတယ္။

ေဘာလုံးသမားဘဝမွာ ကိုယ့္ရဲ႕အသင္းေဟာင္းနဲ႔ၿပိဳင္ပြဲမွာ ျပန္ေတြ႕ၿပီဆိုရင္ ကစားေဖာ္ေဟာင္းေတြကို ဖက္လွဲတကင္း ႏႈတ္ဆက္တာ စကားေျပာတာ မထူးဆန္းေပမယ့္ လက္ရွိကိုယ္ကစားေနတဲ့အသင္းက
ရႈံးၿပီးၿပိဳင္ပြဲက ထြက္ခဲ့ရၿပီဆိုရင္ေတာ့ အမ်ားျမင္ကြင္းမွာ အေျခအေနၾကည့္ၿပီး ႏႈတ္ဆက္စကားေျပာမွ အဆင္ေျပမွာပါ။

ခ်န္ပီယံလိ၈္မွာ ဟာဇက္လို အထူအပါးနားမလည္ဘဲ လုပ္ခဲ့မိရင္ေတာ့ အသင္းပရီသတ္ေတြရဲ႕ အမ်က္ေဒါသနဲ႔ ေသခ်ာေပါက္ ရင္ဆိုင္ရၿပီး ရႈံးနိမ့္မႈရဲ႕ တရားခံျဖစ္သြားႏိုင္ပါတယ္။

မက္ဆီနဲ႔ဆြာရက္ဇ္က ေတာင္အေမရိကတိုက္သားေတြျဖစ္ၿပီး ႏိုင္ငံမတူေပယ့္ ဘာစီလိုနာေရာက္မွ အေတာ္ေလးခင္မင္ရင္းႏွီးသြားၾကတဲ့ သူႏွစ္ေယာက္ပါ။

ၿပီးခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲ ေတာင္အေမရိကဇုန္ ပြဲစဥ္ေတြသြားကစားေတာ့ ကိုဗစ္စည္းမ်ဥ္းကန႔္သတ္ခ်က္ေတြရွိေနတဲ့အခ်ိန္မွာ မက္ဆီဟာ ဆြာရက္ဇ္ကို

စပိန္ကေန ေတာင္အေမရီကကို သူ႔ရဲ႕ ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ တင္ေခၚသြားခဲ့ဖူးပါတယ္။

ဒီရာသီအစမွာတုန္းက ဆြာရက္ဇ္တစ္ေယာက္ အက္သလက္တီကိုအသင္းဆီ ေရာင္းထုတ္ခံလိုက္ရတုန္းက မက္ဆီဟာ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြကို အေတာ္ေလး ေဒါသျဖစ္ခဲ့ၿပီး

အသင္းကေန သူထြက္ခြာခြင့္ကို ႐ုတ္တရက္ ေတာင္းဆိုခဲ့ဖူးပါတယ္။

စေနညက ကစားသြားတဲ့ ဘာစီလိုနာနဲ႔ အက္သလက္တီကိုတို႔ပြဲမွာေတာ့ ဒီႏွစ္ေယာက္ဟာ ဆြာရက္ဇ္ေျပာင္းသြားၿပီးကတည္းက ကြင္းထဲမွာ ၿပိဳင္ဘက္ေတြအျဖစ္ ပထမဆုံးအႀကိမ္ ျပန္လည္ရင္ဆိုင္ခဲ့ရပါတယ္။

ပြဲမစခင္ကတည္းက သူတို႔ ၂ေယာက္ဟာ ကြင္းထဲမွာ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၾကၿပီး ဒီပြဲဟာ ခ်န္ပီယံဆုအတြက္ အေရးႀကီးတဲပ့ြဲျဖစ္တယ္ဆိုတာကိုေတာင္ ေမ့ေနၾကပုံပါပဲ။

ပြဲအၿပီး အဝတ္လဲခန္းကိုသြားတဲ့ ဥမင္မွာလည္း မက္ဆီနဲ႔ဆြာရက္ဇ္တို႔ ၂ေယာက္ဟာ စကားတေျပာေျပာနဲ႔ ဖိနပ္ႀကိဳးေတြျဖဳတ္ရင္း ေအးေဆးပါပဲ။

ဒီလိုအေနအထားေတြကို ပြဲဆူသြားတဲ့ ဟာဇက္ျဖစ္ရပ္နဲ႔ ႏႈိင္းယွဥ္ေျပာရမယ္ဆိုရင္ ဆြာရက္ဇ္ဟာ ဘာစီလိုနာအတြက္ သြင္းဂိုးေတြ ဆုဖလားေတြ အမ်ားႀကီး ရယူေပးႏိုင္ခဲ့ၿပီးပါၿပီ။

ဟာဇက္က ရီးရဲလ္စေရာက္ကတည္းက ဝိတ္ေတြတက္ ဒဏ္ရာကိုအသင္းက ေဆးေတြကုေပးေနရရင္းနဲ႔ အခ်ိန္ကုန္ခဲ့ရတာပါ။ ဘာစီလိုနာပရိသတ္ေတြကေတာ့ မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ရဲ႕

ကြင္းတြင္းအျပဳအမူေတြကို အျပစ္မျမင္ဘဲ နားလည္မႈေပးခဲ့ၾကၿပီး ဘာမွမဖြခဲ့ၾကပါဘူး။