ဆီမြွန်နီနဲ့လမ်းခွဲခဲ့ရင် ဝုဗ်နည်းပြနူနိုဆန်တိုကိုခေါ်ယူဖို့ အက်သလက်တီကိုပစ်မှတ်ထားနေ

Photo- Internet
Photo- Internet

အက်သလက်တီကိုအသင်းဟာ လက်ရှိနည်းပြဆီမြွန်နီနဲ့ လမ်းခွဲခဲ့မယ်ဆိုရင် ဝုဗ်အသင်းနည်းပြ နူနိုဆန်တိုကိုခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီရာသီအက်သလက်တီကိုရဲ့ ရလဒ်တွေကြောင့်ဆီမြွန်နီ ဟာဖိအားတွေခံစားနေရသူဖြစ်ပါတယ်။ ဒါ့အပြင်သူ့ကို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

လက်ရှိမှာ ဆီမြွန်နီသာမက ပီအက်စ်ဂျီအသင်းနည်းပြတူချယ်ဟာလည်း နေမာနဲ့ အမ်ဘတ်ပီတို့အပေါ်ကိုင်တွယ်ပုံ ညံဖျင်းမှုကြောင့် ဖိအားတွေခံနေရတာပါ။ ပီအက်စ်ဂျီဟာမကြာသေးခင်ကလည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်မှာ ဒေါ့မန်ကိုအဝေးကွင်းမှာ ၂-၁ နဲ့ရှုံးထားပါတယ်။ ဒါကြောင့် သူတို့ဟာ တူချယ်နဲ့လမ်းခွဲလိုနေပြီး ဆီမြွန်နီ ကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။

Photo- Internet

ဒါကြောင့်လည်း အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဆီမြွန်နီသာထွက်သွားမယ်ဆိုရင် ဝုဗ်ကိုအဆင့်တစ်ခုရောက်အောင်စွမ်းဆောင်ပေးထားတဲ့ နူနိုဆန်တိုကို ခေါ်ယူဖို့ အက်သလက်တီကိုကအလိုရှိနေတာပါ။ အဲဒီပေါ်တူဂီသားဟာပြီးခဲ့တဲ့ ရာသီက ဝုဗ်ကိုတန်းတက်စေခဲ့တဲ့အပြင် ရာသီကုန်ချိန်မှာအဆင့် ၇ ရရှိစေခဲ့တဲ့အတွက် ပရီးမီးယားလိဂ်မှာထိပ်တန်းစာရင်းဝင်နည်းပြအဖြစ် ရပ်တည်လာတဲ့သူလည်းဖြစ်ပါတယ်။

Photo- Internet

လက်ရှိမှာ ဝုဗ်ဟာပရီးမီးယားလိဂ်မှာအဆင့် ၈ ရနေတဲ့အပြင် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကိုလည်းတက်ရောက်သွားခဲ့ပြီး ဂရိလပ်အိုလံပီယာကို့စ်နဲ့တွေ့နေပါတယ်။ ဝုဗ်ဟာ ဆန်တိုကိုလက်လွှတ်မှာမဟုတ်ပေမယ့် အက်သလက်တီကိုလိုအသင်းရဲ့ စွဲဆောင်မှုရှိလာရင်တော့ ငြင်းပယ်ဖို့ခက်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

Photo- Internet

Zawgyi

ဆီျမြန္နီနဲ႔လမ္းခြဲခဲ့ရင္ ၀ုဗ္နည္းျပႏူႏိုဆန္္တိုကိုေခၚယူဖို႔ အက္သလက္တီကိုပစ္မွတ္ထားေန

အက္သလက္တီကိုအသင္းဟာ လက္ရွိနည္းျပဆီျမြန္နီနဲ႔ လမ္းခြဲခဲ့မယ္ဆိုရင္ ၀ုဗ္အသင္းနည္းျပ ႏူႏိုဆန္တိုကိုေခၚယူဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ ဒီရာသီအက္သလက္တီကိုရဲ႕ ရလဒ္ေတြေၾကာင့္ဆီျမြန္နီ ဟာဖိအားေတြခံစားေနရသူျဖစ္ပါတယ္။ ဒါ့အျပင္သူ႔ကို ပီအက္စ္ဂ်ီအသင္းကလည္း ေခၚယူဖို႔ ပစ္မွတ္ထားေနတာပါ။

လက္ရွိမွာ ဆီျမြန္နီသာမက ပီအက္စ္ဂ်ီအသင္းနည္းျပတူခ်ယ္ဟာလည္း ေနမာနဲ႔ အမ္ဘတ္ပီတို႔အေပၚကိုင္တြယ္ပုံ ညံဖ်င္းမႈေၾကာင့္ ဖိအားေတြခံေနရတာပါ။ ပီအက္စ္ဂ်ီဟာမၾကာေသးခင္ကလည္း ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပထမအေက်ာ႔ပြဲစဥ္မွာ ေဒါ့မန္ကိုအေ၀းကြင္းမွာ ၂-၁ နဲ႔ရႈံးထားပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ တူခ်ယ္နဲ႔လမ္းခြဲလိုေနၿပီး ဆီျမြန္နီ ကုိေခၚယူလိုေနတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အသက္ ၄၉ ႏွစ္ရွိၿပီျဖစ္တဲ႔ ဆီျမြန္နီသာထြက္သြားမယ္ဆိုရင္ ၀ုဗ္ကိုအဆင့္တစ္ခုေရာက္ေအာင္စြမ္းေဆာင္ေပးထားတဲ႔ ႏူႏိုဆန္တိုကို ေခၚယူဖို႔ အက္သလက္တီကိုကအလိုရွိေနတာပါ။ အဲဒီေပၚတူဂီသားဟာၿပီးခဲ့တဲ႔ ရာသီက ၀ုဗ္ကိုတန္းတက္ေစခဲ့တဲ႔အျပင္ ရာသီကုန္ခ်ိန္မွာအဆင့္ ၇ ရရွိေစခဲ့တဲ႔အတြက္ ပရီးမီးယားလိဂ္မွာထိပ္တန္းစာရင္း၀င္နည္းျပအျဖစ္ ရပ္တည္လာတဲ႔သူလည္းျဖစ္ပါတယ္။

လက္ရွိမွာ ၀ုဗ္ဟာပရီးမီးယားလိဂ္မွာအဆင့္ ၈ ရေနတဲ႔အျပင္ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ကိုလည္းတက္ေရာက္သြားခဲ့ၿပီး ဂရိလပ္အိုလံပီယာကို႔စ္နဲ႕ေတြ႔ေနပါတယ္။ ၀ုဗ္ဟာ ဆန္တိုကိုလက္လႊတ္မွာမဟုတ္ေပမယ္႔ အက္သလက္တီကိုလိုအသင္းရဲ႕ စြဲေဆာင္မႈရွိလာရင္ေတာ႔ ျငင္းပယ္ဖို႔ခက္လိမ့္မယ္လို႔ သုံးသပ္ေနၾကပါတယ္။