ဆီမြွန်နီကို နည်းပြသစ်ခန့်အပ်ဖို့ အံ့အားသင့်စရာကောင်းအောင် ပစ်မှတ်ထားနေတဲ့ နယူးကာဆယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ်အသင်းပိုင်ရှင်တွေဟာ လက်ရှိနည်းပြစတိဗ်ဘရုစ်ကို ရာထူးကထုတ်ပယ်ဖို့ပြင်ဆင်နေပြီး အက်သလက်တီကိုအသင်းနည်းပြဒီယေဂိုဆီမြွန်နီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အံ့အားသင့်စရာကောင်းအောင် ပစ်မှတ်ထားနေပါတယ်။

ဆော်ဒီသန်းကြွယ်သူဌေးတွေပိုင်ဆိုင်တဲ့ Public Investment Fund အဖွဲ့ဟာ နယူးကာဆယ်အသင်းကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင်ပြင်ဆင်သွားဖို့စီစဉ်နေပြီး

အက်သလက်တီကိုနည်းပြဆီမြွန်နီနဲ့ အသင်းအားကစားဒါရိုက်တာဖြစ်သူ အန်ဒရေဘာတာကိုပါ တစ်ပါတည်းခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်တယ်လို့ စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

ဆီမြွန်နီလက်ထက်မှာ အက်သလက်တီကိုအသင်းဟာ သာမန်အဆင့်ကနေ ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ရီးယဲလ်၊ ဘာစီလိုနာတို့ကို

ရင်ဘောင်တန်းနိုင်တဲ့အနေအထားရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် နယူးကာဆယ်အသင်းပိုင်ရှင်တွေဟာ သူတို့အသင်းကိုလည်း အက်သလက်တီကိုအသင်းလိုမျိုးဖြစ်အောင် ဆီမြွန်နီကို နည်းပြအဖြစ်ခန့်အပ်ပြီးတော့ စွမ်းဆောင်ပြစေချင်နေတာပါပဲ။

ဒါ့အပြင် အက်သလက်တီကိုအားကစားဒါရိုက်တာဖြစ်သူ အန်ဒရေဘာတာဟာ အသင်းရဲ့ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်တွေမှာ အကျိုးရှိအောင်ဆောင်ရွက်နိုင်ခဲ့သလို

Public Investment Fund အဖွဲ့က နယူးကာဆယ်အသင်းကို ဝယ်ယူဖို့စတင်ချိတ်ဆက်ခဲ့တဲ့ ၂၀၂၀ ဝန်းကျင်ကတည်းက အန်ဒရေဘာတာကို ခေါ်ယူဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ AS သတင်းစာကဖော်ပြခဲ့ပါတယ်။

Public Investment Fund ရဲ့အသားတင်ကြွယ်ဝမှုက ပေါင်(၃၂၀)ဘီလီယံအထိရှိပြီး ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းပိုင်ရှင်တွေဖြစ်တဲ့အတွက် နာမည်ကျော်ကစားသမားတွေကို ကြိုက်ကြေးပေးခေါ်ယူနိုင်စွမ်းရှိတာကြောင့်

ထိပ်တန်းအဆင့်နည်းပြတစ်ဦးကိုသာ ခေါ်ယူနိုင်ခဲ့ရင် နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ကြီး(၆)ကြီးကို စိန်ခေါ်နိုင်စွမ်းရှိလာမှာပါ။

အက်သလက်တီကိုအသင်းနဲ့အတူ လာလီဂါ(၂)ကြိမ်၊ ယူရိုပါလိဂ်(၂)ကြိမ်ရယူခဲ့တဲ့ ဆီမြွန်နီဟာ ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေတာကြောင့် နယူးကာဆယ်အသင်းအနေနဲ့ စာချုပ်လျော်ကြေးပေးပြီးတော့ ကြိုးပမ်းသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆီႁမြန္နီကို နည္းျပသစ္ခန႔္အပ္ဖို႔ အံ့အားသင့္စရာေကာင္းေအာင္ ပစ္မွတ္ထားေနတဲ့ နယူးကာဆယ္

နယူးကာဆယ္အသင္းပိုင္ရွင္ေတြဟာ လက္ရွိနည္းျပစတိဗ္ဘ႐ုစ္ကို ရာထူးကထုတ္ပယ္ဖို႔ျပင္ဆင္ေနၿပီး အက္သလက္တီကိုအသင္းနည္းျပဒီေယဂိုဆီႁမြန္နီကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ အံ့အားသင့္စရာေကာင္းေအာင္ ပစ္မွတ္ထားေနပါတယ္။ ေဆာ္ဒီသန္းႂကြယ္သူေဌးေတြပိုင္ဆိုင္တဲ့ Public Investment Fund အဖြဲ႕ဟာ နယူးကာဆယ္အသင္းကို ဝယ္ယူခဲ့ၿပီးေနာက္ပိုင္း ထိပ္တန္းအသင္းတစ္သင္းျဖစ္လာေအာင္ျပင္ဆင္သြားဖို႔စီစဥ္ေနၿပီး အက္သလက္တီကိုနည္းျပဆီႁမြန္နီနဲ႔ အသင္းအားကစားဒါ႐ိုက္တာျဖစ္သူ အန္ဒေရဘာတာကိုပါ တစ္ပါတည္းေခၚယူဖို႔ပစ္မွတ္ထားေနတာျဖစ္တယ္လို႔ စပိန္အားကစားသတင္းစာ AS က ေဖာ္ျပခဲ့ပါတယ္။ ဆီႁမြန္နီလက္ထက္မွာ အက္သလက္တီကိုအသင္းဟာ သာမန္အဆင့္ကေန ထိပ္သီးအသင္းႏွစ္သင္းျဖစ္တဲ့ ရီးယဲလ္၊ ဘာစီလိုနာတို႔ကို ရင္ေဘာင္တန္းႏိုင္တဲ့အေနအထားေရာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက လာလီဂါခ်န္ပီယံဆုဖလားရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ နယူးကာဆယ္အသင္းပိုင္ရွင္ေတြဟာ သူတို႔အသင္းကိုလည္း အက္သလက္တီကိုအသင္းလိုမ်ိဳးျဖစ္ေအာင္ ဆီႁမြန္နီကို နည္းျပအျဖစ္ခန႔္အပ္ၿပီးေတာ့ စြမ္းေဆာင္ျပေစခ်င္ေနတာပါပဲ။

ဒါ့အျပင္ အက္သလက္တီကိုအားကစားဒါ႐ိုက္တာျဖစ္သူ အန္ဒေရဘာတာဟာ အသင္းရဲ႕ကစားသမားအေျပာင္းအေ႐ႊ႕ကိစၥရပ္ေတြမွာ အက်ိဳးရွိေအာင္ေဆာင္႐ြက္ႏိုင္ခဲ့သလို Public Investment Fund အဖြဲ႕က နယူးကာဆယ္အသင္းကို ဝယ္ယူဖို႔စတင္ခ်ိတ္ဆက္ခဲ့တဲ့ ၂၀၂၀ ဝန္းက်င္ကတည္းက အန္ဒေရဘာတာကို ေခၚယူဖို႔စီစဥ္ခဲ့တာျဖစ္တယ္လို႔ AS သတင္းစာကေဖာ္ျပခဲ့ပါတယ္။ Public Investment Fund ရဲ႕အသားတင္ႂကြယ္ဝမႈက ေပါင္(၃၂၀)ဘီလီယံအထိရွိၿပီး ကမာၻ႔အခ်မ္းသာဆုံးကလပ္အသင္းပိုင္ရွင္ေတြျဖစ္တဲ့အတြက္ နာမည္ေက်ာ္ကစားသမားေတြကို ႀကိဳက္ေၾကးေပးေခၚယူႏိုင္စြမ္းရွိတာေၾကာင့္ ထိပ္တန္းအဆင့္နည္းျပတစ္ဦးကိုသာ ေခၚယူႏိုင္ခဲ့ရင္ နယူးကာဆယ္အသင္းဟာ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးကို စိန္ေခၚႏိုင္စြမ္းရွိလာမွာပါ။ အက္သလက္တီကိုအသင္းနဲ႔အတူ လာလီဂါ(၂)ႀကိမ္၊ ယူ႐ိုပါလိဂ္(၂)ႀကိမ္ရယူခဲ့တဲ့ ဆီႁမြန္နီဟာ ၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းက်န္ရွိေနတာေၾကာင့္ နယူးကာဆယ္အသင္းအေနနဲ႔ စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီးေတာ့ ႀကိဳးပမ္းသြားမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။