ဆီမီးဖိုင်နယ် ၂ကောျ့စလုံး အကောင်းဆုံးဆုရှင်ဖြစ်ခဲ့ပြီး ကျောနံပါတ် ၇ ဖြစ်ပေမယ့် စွမ်းဆောင်ရည် ၉ ရှိတဲ့ ကန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၂ကျော့စလုံးမှာ ကိုယ့်အသင်းကွင်းလယ်ကို ဦးဆောင်ကစားနိုင်ခဲ့တာတင်မဟုတ်ဘဲ

ပြိုင်ဘက်အသင်းကွင်းလယ်ကိုလည်း မွှေနှောက်ကစားခဲ့တဲ့ သူကတော့ ကြွက်ကလေးလို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်ကြတဲ့ ကန်တီပါပဲ။

ကန်တီဟာ မနေ့ညက ကစားသွားတဲ့ ဒုတိယအကျော့မှာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့သလို

ရီးရဲလ်အသင်းရဲ့ ကစားကွက်ကို ဟန့်တားဖျက်ဆီးနိုင်ခဲ့တဲ့ ကန်တီဟာ ပကျော့တုန်းကလည်း ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါသေးတယ်။

ကြွက်ကလေးလို့ တင်စားခေါ်ဝေါ်ခြင်းခံနေရတဲ့ ကန်တီတေဟာ နှစ်ကျော့စလုံးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ မိုဒရစ်၊ တိုနီခရူးစ်၊ ကာဆီမီယို စတဲ့ ကွင်းလယ်ဗိုလ်ချုပ်တွေကို အကောင်းဆုံးဟန့်တားပြနိုင်ခဲ့ပါတယ်။

မနေ့ညကပွဲမှာ ကန်တီရဲ့ ပွဲစဉ်အလိုက် စွမ်းဆောင်ရည်ရမှတ်ဟာ ၉ မှတ် အထိ ရရှိခဲ့ပြီး

အသင်းဖော်တွေထက်သာမကဘဲ ပြိုင်ဘက်ဘောလုံးသမားတွေထက် အပြတ်အသတ် သာလွန်ခဲ့တာဖြစ်ပါတယ်။

မရပ်မနားနဲ့ ပြေးလွှားလှုပ်ရှားကစားနေခဲ့ပြီး ချယ်လ်ဆီးရရှိခဲ့တဲ့ သွင်းဂိုး၂ဂိုးစလုံးအတွက် မြစ်ဖျားခံရာဟာ ကန်တီဆီကလာခဲ့တာဖြစ်ပါတယ်။

ကန်တီဟာ ပွဲချိန်အတွင်း အမြင့်ဘောလုယူမှုအားလုံးကို ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး ဘောလုံးထိချက် ၄၅ ကြိမ်ရှိခဲ့ပါတယ်။

တစ်ကြိမ်မှာဆိုရင် တီမိုဝါနာ ဘောလုံးရသွားတဲ့အချိန်မှာ ကန်တီဟာ ချဲလ်ဆီးရဲ့ ဂိုးဧရိယာထဲကနေ

ရီးရဲလ်ဂိုးဓရိယာထဲအထိ မြန်နှုန်းမြင့် ပြေးသွားခဲ့သလို ဂိုးသွင်းဖို့ အကောင်းဆုံး နေရာဖွင့်ယူပြီး

ကန်သွားခဲ့တာမှာ ရီးရဲလ်ဂိုးသမား ကော်တွိုက်ကောင်းလွန်းလို့သာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာပါ။

ချဲလ်ဆီးဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့နေရာမှာ ကန်တီရဲ့လုပ်အားနှုန်းက အဓိက ကျခဲ့တာပါ။

ပြိုင်ဘက်အသင်းဧရိယာအတွင်း ၄ ကြိမ်အထိ ဝင်ရောက်နိုင်ခဲ့သလို ကြားဖြတ်လုယူမှု ၄ ကြိမ်၊ တစ်ဦးချင်းကျော်ဖြတ်နိုင်မှု ၄ ကြိမ်၊ အခွင့်အလမ်းဖန်တီးပေးနိုင်မှု ၃ ကြိမ်ရှိပါတယ်။

အခွင့်အလမ်းဖန်တီးပေးနိုင်ခဲ့မှုအရေအတွက်ဟာ နှစ်ဖက်အသင်းကစားသမားတွေထဲမှာ ကန်တီက အကြိမ်အများဆုံးဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘောလုံးပြန်ဆယ်ယူနိုင်မှု ၂ ကြိမ်၊ ဂိုးကန်သွင်းမှု ၁ ကြိမ်၊ ဟန့်တားနိုင်မှု ၁ ကြိမ်အထိ

ကန်တီက ပြုလုပ်နိုင်ခဲ့ကာ ရီးရဲလ်မက်ဒရစ်ကို နောက်ထပ်တစ်ကြိမ် အသေသတ်ပြခဲ့တယ်လို့တောင်မှ တင်စားခံနေရပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆီမီးဖိုင္နယ္ ၂ေကာ်႕စလုံး အေကာင္းဆုံးဆုရွင္ျဖစ္ခဲ့ၿပီး ေက်ာနံပါတ္ ၇ျဖစ္ေပမယ့္ စြမ္းေဆာင္ရည္ ၉ ရွိတဲ့ ကန္တီ

ရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၂ေက်ာ့စလုံးမွာ ကိုယ့္အသင္းကြင္းလယ္ကို ဦးေဆာင္ကစားႏိုင္ခဲ့တာတင္မဟုတ္ဘဲ ၿပိဳင္ဘက္အသင္းကြင္းလယ္ကိုလည္း ေမႊေႏွာက္ကစားခဲ့တဲ့ သူကေတာ့ ႂကြက္ကေလးလို႔ ပရိသတ္ေတြက တင္စားေခၚေဝၚၾကတဲ့ ကန္တီပါပဲ။

ကန္တီဟာ မေန႔ညက ကစားသြားတဲ့ ဒုတိယအေက်ာ့မွာ အေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့သလို ရီးရဲလ္အသင္းရဲ႕ ကစားကြက္ကို ဟန႔္တားဖ်က္ဆီးႏိုင္ခဲ့တဲ့ ကန္တီဟာ ပေက်ာ့တုန္းကလည္း ပြဲစဥ္အလိုက္ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါေသးတယ္။

ႂကြက္ကေလးလို႔ တင္စားေခၚေဝၚျခင္းခံေနရတဲ့ ကန္တီေတဟာ ႏွစ္ေက်ာ့စလုံးမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ မိုဒရစ္၊ တိုနီခ႐ူးစ္၊ ကာဆီမီယို စတဲ့ ကြင္းလယ္ဗိုလ္ခ်ဳပ္ေတြကို အေကာင္းဆုံးဟန႔္တားျပႏိုင္ခဲ့ပါတယ္။ မေန႔ညကပြဲမွာ ကန္တီရဲ႕ ပြဲစဥ္အလိုက္ စြမ္းေဆာင္ရည္ရမွတ္ဟာ ၉ မွတ္ အထိ ရရွိခဲ့ၿပီး အသင္းေဖာ္ေတြထက္သာမကဘဲ ၿပိဳင္ဘက္ေဘာလုံးသမားေတြထက္ အျပတ္အသတ္ သာလြန္ခဲ့တာျဖစ္ပါတယ္။

မရပ္မနားနဲ႔ ေျပးလႊားလႈပ္ရွားကစားေနခဲ့ၿပီး ခ်ယ္လ္ဆီးရရွိခဲ့တဲ့ သြင္းဂိုး၂ဂိုးစလုံးအတြက္ ျမစ္ဖ်ားခံရာဟာ ကန္တီဆီကလာခဲ့တာျဖစ္ပါတယ္။ ကန္တီဟာ ပြဲခ်ိန္အတြင္း အျမင့္ေဘာလုယူမႈအားလုံးကို ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့ၿပီး ေဘာလုံးထိခ်က္ ၄၅ ႀကိမ္ရွိခဲ့ပါတယ္။

တစ္ႀကိမ္မွာဆိုရင္ တီမိုဝါနာ ေဘာလုံးရသြားတဲ့အခ်ိန္မွာ ကန္တီဟာ ခ်ဲလ္ဆီးရဲ႕ ဂိုးဧရိယာထဲကေန ရီးရဲလ္ဂိုးဓရိယာထဲအထိ ျမန္ႏႈန္းျမင့္ ေျပးသြားခဲ့သလို ဂိုးသြင္းဖို႔ အေကာင္းဆုံး ေနရာဖြင့္ယူၿပီး ကန္သြားခဲ့တာမွာ ရီးရဲလ္ဂိုးသမား ေကာ္တြိဳက္ေကာင္းလြန္းလို႔သာ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာပါ။ ခ်ဲလ္ဆီးဗိုလ္လုပြဲတက္ႏိုင္ခဲ့တဲ့ေနရာမွာ ကန္တီရဲ႕လုပ္အားႏႈန္းက အဓိက က်ခဲ့တာပါ။

ၿပိဳင္ဘက္အသင္းဧရိယာအတြင္း ၄ ႀကိမ္အထိ ဝင္ေရာက္ႏိုင္ခဲ့သလို ၾကားျဖတ္လုယူမႈ ၄ ႀကိမ္၊ တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈ ၄ ႀကိမ္၊ အခြင့္အလမ္းဖန္တီးေပးႏိုင္မႈ ၃ ႀကိမ္ရွိပါတယ္။ အခြင့္အလမ္းဖန္တီးေပးႏိုင္ခဲ့မႈအေရအတြက္ဟာ ႏွစ္ဖက္အသင္းကစားသမားေတြထဲမွာ ကန္တီက အႀကိမ္အမ်ားဆုံးျဖစ္ခဲ့တာလည္း ျဖစ္ပါတယ္။

ေဘာလုံးျပန္ဆယ္ယူႏိုင္မႈ ၂ ႀကိမ္၊ ဂိုးကန္သြင္းမႈ ၁ ႀကိမ္၊ ဟန႔္တားႏိုင္မႈ ၁ ႀကိမ္အထိ ကန္တီက ျပဳလုပ္ႏိုင္ခဲ့ကာ ရီးရဲလ္မက္ဒရစ္ကို ေနာက္ထပ္တစ္ႀကိမ္ အေသသတ္ျပခဲ့တယ္လို႔ေတာင္မွ တင္စားခံေနရၿပီျဖစ္ပါတယ္။