
Photo Credit ; MFF
Photo Credit ; MFF
အမျိုးသားပွဲမတိုင်ခင် ကျင်းပခဲ့တဲ့အမျိုးသမီးအုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ မြန်မာအသင်းက မလေးရှားကို ၅-၀ ဂိုးနဲ့အနိုင်ယူကာ အုပ်စုပထမအဖြစ် ဆီမီးဖိုင်နယ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။
Photo Credit ; MFF
အုပ်စုအဖွင့်ပွဲမှာ အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ မြန်မာအသင်းဟာ ၂ပွဲကစားပြီးချိန်မှာ ဖိလစ်ပိုင်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ ရဂိုးပါ တူညီနေတာကြောင့် Fair Play အရ မြန်မာအသင်းက အုပ်စုပထမရခဲ့တာဖြစ်ပါတယ်။
Photo Credit ; MFF
တစ်ဖက်အုပ်စုမှာလည်း ဗီယက်နမ်နဲ့ ထိုင်းတို့ပဲ တက်လာတာကြောင့် ယခုနှစ်ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲက ၂၀၁၇ ပြိုင်ပွဲအတိုင်း ဆီမီးဖိုင်နယ်ကို အဲဒီတုန်းက တက်ရောက်ခဲ့တဲ့ ၄သင်းစလုံးတက်ရောက်လာတာဖြစ်ပြီး ဖိလစ်ပိုင်က ဗီယက်နမ်နဲ့ကစားရမှာဖြစ်ပါတယ်။
Photo Credit ; MFF
၂၀၁၇ ပြိုင်ပွဲတုန်းကတော့ ဗီယက်နမ်က ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ်နဲ့ မြန်မာအသင်းက ကြေးတံဆိပ်ရရှိခဲ့ကာ မြန်မာအသင်းက ဒီနှစ်မှာတော့ အနိမ့်ဆုံးဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ရည်မှန်းနေပါတယ်။
Photo Credit ; MFF
“အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ဒီနေ့ အဆုံးသတ်ပိုင်းမှာ အနည်းငယ်အားနည်းချက်ရှိပြီး ဆီမီးဖိုင်နယ်မှာအကောင်းဆုံးပြင်ဆင်သွားမှာပါ။ ကစားသမားတွေ ၅ရက်အနားရတာကြောင့် အနည်းငယ်လေးလံနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ချင်လို့ ပွဲကို ချိန်ပြီးကစားနေခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာ သတ်မှတ်တဲ့ဂိုးရအောင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ကြိုးစားပေးတဲ့ ကစားသမားအားလုံးကို ချီးကျူးပါတယ်”ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ဆိုသည်။(Sourc MFF)
Photo Credit ; MFF
မြန်မာအသင်းဟာ ဒီဇင်ဘာလ ၅ရက်နေ့၊ သောကြာနေ့မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဒီဇင်ဘာလ ၈ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
Photo Credit ; MFF
Zawgyi
ဆီမီးဖိုင္နယ္မွာ ထုိင္းနဲ႔ရင္ဆိုင္ရေတာ့မယ့္ ျမန္မာအမ်ိဳးသမီးအသင္း
အမ်ိဳးသားပဲြမတိုင္ခင္ က်င္းပခဲ့တဲ့အမ်ိဳးသမီးအုပ္စုေနာက္ဆုံးပဲြစဥ္မွာေတာ့ ျမန္မာအသင္းက မေလးရွားကို ၅-၀ ဂိုးနဲ႔အႏိုင္ယူကာ အုပ္စုပထမအျဖစ္ ဆီမီးဖုိင္နယ္တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
အုပ္စုအဖြင့္ပြဲမွာ အိမ္ရွင္ဖိလစ္ပိုင္အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ျမန္မာအသင္းဟာ ၂ပဲြကစားၿပီးခ်ိန္မွာ ဖိလစ္ပိုင္နဲ႔ ရမွတ္တူ၊ ဂိုးကြာျခားခ်က္တူ၊ ရဂိုးပါ တူညီေနတာေၾကာင့္ Fair Play အရ ျမန္မာအသင္းက အုပ္စုပထမရခဲ့တာျဖစ္ပါတယ္။
တစ္ဖက္အုပ္စုမွာလည္း ဗီယက္နမ္နဲ႔ ထုိင္းတို႔ပဲ တက္လာတာေၾကာင့္ ယခုႏွစ္ဆီးဂိမ္းစ္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲက ၂၀၁၇ ၿပိဳင္ပြဲအတုိင္း ဆီမီးဖိုင္နယ္ကို အဲဒီတုန္းက တက္ေရာက္ခဲ့တဲ့ ၄သင္းစလုံးတက္ေရာက္လာတာျဖစ္ၿပီး ဖိလစ္ပိုင္က ဗီယက္နမ္နဲ႔ကစားရမွာျဖစ္ပါတယ္။
၂၀၁၇ ၿပိဳင္ပြဲတုန္းကေတာ့ ဗီယက္နမ္က ေရႊတံဆိပ္၊ ထုိင္းအသင္းက ေငြတံဆိပ္နဲ႔ ျမန္မာအသင္းက ေၾကးတံဆိပ္ရရွိခဲ့ကာ ျမန္မာအသင္းက ဒီႏွစ္မွာေတာ့ အနိမ့္ဆုံးဗိုလ္လုပဲြတက္ေရာက္ႏိုင္ဖို႔ ရည္မွန္းေနပါတယ္။
“အုပ္စုပထမေနရာကေန ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့လို႔ ေက်နပ္ပါတယ္။ ဒီေန႔ အဆုံးသတ္ပိုင္းမွာ အနည္းငယ္အားနည္းခ်က္ရွိၿပီး ဆီမီးဖိုင္နယ္မွာအေကာင္းဆုံးျပင္ဆင္သြားမွာပါ။ ကစားသမားေတြ ၅ရက္အနားရတာေၾကာင့္ အနည္းငယ္ေလးလံေနပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ထိုင္းအသင္းနဲ႔ ဆီမီးဖိုင္နယ္မွာ ယွဥ္ၿပိဳင္ခ်င္လို႔ ပြဲကို ခ်ိန္ၿပီးကစားေနခဲ့ပါတယ္။ ေနာက္ဆုံးအခ်ိန္မွာ သတ္မွတ္တဲ့ဂိုးရေအာင္ယူၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။ ႀကိဳးစားေပးတဲ့ ကစားသမားအားလုံးကို ခ်ီးက်ဴးပါတယ္”ဟု ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္း နည္းျပခ်ဳပ္ ဦးဝင္းသူမိုးက ဆိုသည္။(Sourc MFF)
ျမန္မာအသင္းဟာ ဒီဇင္ဘာလ ၅ရက္ေန႔၊ ေသာၾကာေန႔မွာေတာ့ ဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္ ထုိင္းအသင္းနဲ႔ရင္ဆုိင္ရေတာ့မွာျဖစ္ၿပီး ဗိုလ္လုပြဲကိုေတာ့ ဒီဇင္ဘာလ ၈ရက္ေန႔မွာ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။