ဆီမီးဖိုင်နယ်ကြမ္မာဆိုးကို ရပ်တန့်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်လုပွဲတက်ခဲ့တဲ့ အင်္ဂလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကြီး အင်္ဂလန်အသင်းကတော့ ဟယ်ရီကိန်းရဲ့ပယ်နယ်တီဂိုးကြောင့် ဒိန်းမတ်အသင်းကို အနိုင်ယူပြီး (၅၅)နှစ်အကြာမှာ

နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်တက်ရောက်ခဲ့သလို၊ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံအကြိမ် ဗိုလ်လုပွဲတက်ခွင့်ရရှိခဲ့ပါတယ်။

ယူရို-၉၂ ပြိုင်ပွဲတုန်းက ဘယ်သူမှမထင်မှတ်တဲ့အနေအထားက ဗိုလ်စွဲခဲ့တဲ့ဒိန်းမတ်အသင်းဟာ အခုပွဲမှာလည်း အံ့အားသင့်စရာရလဒ်ပိုင်ဆိုင်ဖို့ နီးစပ်ခဲ့ပေမယ့်

ကိုယ့်ထက်အစစသာလွန်နေတဲ့ အင်္ဂလန်အသင်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ဆာကာကို အခုပွဲမှာ ပြန်လည်အသုံးပြုခဲ့တာကလွဲလို့ ကျန်တဲ့နေရာတွေမှာ ပုံမှန်အတိုင်းပဲ ပွဲထွက်ခဲ့ပါတယ်။

အသက်(၁၉)နှစ်၊ (၃၀၅)ရက်သာရှိသေးတဲ့ ဆာကာဟာ နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းအတွက်ပွဲထွက်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန်အသင်းကစားပုံကောင်းခဲ့သလို စတာလင်နဲ့ ဆာကာတို့ရဲ့ တောင်ပံတိုက်စစ်တွေက ဒိန်းမတ်ခံစစ်ကို ခြိမ်းခြောက်ခဲ့ပြီး

မေဆင်မောင့်၊ ဒီကလန်ရိုက်စ်နဲ့ ကယ်လ်ဗင်ဖိလစ်တို့လည်း တာဝန်ကျေအောင်ကစားနိုင်ခဲ့ကြတယ်။

ချီးကျူးစရာကောင်းတာက အောက်အသင်းဖြစ်ပေမယ့် အင်္ဂလန်ကို သူတင်ကိုယ်တင်ကစားသွားတဲ့ ဒိန်းမတ်အသင်းရဲ့ ခြေစွမ်းနဲ့ ညီညွတ်မှုပါပဲ။

ခံစစ်ကို ဦးစားပေးကစားတယ်ဆိုပေမယ့် တိုက်စစ်ပြန်စတဲ့အခါမျိုးတွေမှာ Build Up Play တွေကောင်းမွန်ခဲ့သလို ဒမ်းစဂါ့တ်၊ ဒိုလ်ဘာ့ဂ်၊ ဘရိုက်ဝိတ်တို့ရဲ့ တိုက်စစ်တွဲလုံးတွေက

အင်္ဂလန်အသင်းဘက်ကို ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်ခဲ့တယ်။

အပြစ်ပြောရမှာက ဒိန်းမတ်အသင်းနည်းပြဟူလ်မန့်တ်ရဲ့ မလိုလားအပ်တဲ့လူစားလဲမှုတွေပဲဖြစ်ပါတယ်။ တိုက်စစ်မှာ ပုံမှန်လေးကစားနေကြတဲ့ ဒိုလ်ဘာ့ဂ်နဲ့ ဒမ်းစဂါ့တ်တို့ကို

မိနစ်(၆၀)ကျော်မှာတင် လူစားလဲခဲ့တာက မဖြစ်သင့်ဘဲ သူတို့နှစ်ယောက်ထွက်သွားပြီးနောက်ပိုင်း ဘရိုက်ဝိတ်နဲ့ တွဲကစားမယ့်သူမရှိတော့သလို

ဝင်လာတဲ့ကစားသမားတွေကလည်း အသင်းအတွက် ထိရောက်တဲ့စွမ်းဆောင်ရည်မျိုးမပြနိုင်ကြဘူး။

ဒိန်းမတ်အသင်းအတွက် အဖွင့်ဂိုးကို လူငယ်တိုက်စစ်ကစားသမား ဒမ်းစဂါ့တ်က လှပတဲ့ဖရီးကစ်ကန်ချက်နဲ့ သွင်းယူခဲ့တာကြောင့်

အင်္ဂလန်အသင်းရဲ့ ဆီမီးဖိုင်နယ်ကြမ္မာဆိုးက ဆက်ဒုက္ခပေးဦးမလားဆိုပြီး ပရိသတ်တွေစိုးရိမ်ခဲ့ကြတယ်။

ဒမ်းစဂါ့တ်ရဲ့ဂိုးကြောင့် မတ်လကတည်းက ဂိုးမပေးခဲ့ရတဲ့ အင်္ဂလန်အသင်းရဲ့ ပေးဂိုးမရှိမှတ်တမ်းက (၆၉၁)မိနစ်အကြာမှာ ရပ်တန့်သွားခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပေမယ့်လည်း (၃၉)မိနစ်မှာ ညာခြမ်းက ဆာကာရဲ့ထိုးဖောက်မှုကနေ ပယ်နယ်တီဧရိယာအတွင်း ခင်းပေးလိုက်တဲ့ဘောလုံးကို

စတာလင်နဲ့ ဒိန်းမတ်နောက်ခံလူခါဂျာတို့ အပြိုင်လုရင်း ခါဂျာကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် အင်္ဂလန်ချေပဂိုးရခဲ့ပါတယ်။

ဒီပွဲမှာ ဒိန်းမတ်ဂိုးသမားကက်စ်ပါရှမိုက်ကယ်ရဲ့ လက်စွမ်းကို ချီးကျူးရမှာဖြစ်ပြီး သူကောင်းနေလို့သာ သာမန်ပွဲချိန်အတွင်း ဒိန်းမတ်မရှုံးခဲ့တာပါ။

ဒုတိယပိုင်းမှာ လူစားအပြောင်းအလဲတွေလုပ်ပြီးနောက်ပိုင်း ဒိန်းမတ်ကစားပုံပျက်သွားပြီး တန်ပြန်တိုက်စစ်တွေတောင် မလုပ်နိုင်တော့ဘဲ ခံစစ်သာကစားနေရတယ်။

အနိုင်ဂိုးရဖို့ ဆောက်ဂိတ်က ဆာကာနေရမှာ ဂရီးလစ်ရှ်ကို ထည့်ပြီး စတာလင်က ထုံးစံအတိုင်းညာခြမ်းပြောင်းကစားခဲ့သလို အင်္ဂလန်တစ်သင်းလုံး ဂိုးရဖို့ ဖိကစားခဲ့တယ်။

ဒါပေမဲ့ ရှမိုက်ကယ်လက်စွမ်းပြနေတာရယ်၊ အင်္ဂလန်ကစားသမားတွေ လွဲချော်နေတာရယ်ကြောင့် ဂိုးထပ်မရခဲ့ဘဲ အချိန်ပိုမိနစ်(၃၀)ဆက်ကစားခဲ့ရပြီး

အချိန်ပို(၁၀၄)မိနစ်မှာ စတာလင်ကို ဒိန်းမတ်နောက်ခံလူက ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ရခဲ့တဲ့ပယ်နယ်တီကို ဟယ်ရီကိန်း ကန်သွင်းတာမှာ

ရှမိုက်ကယ် ကာကွယ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဘောလုံးက ဟယ်ရီကိန်းရှေ့ကို ပြန်ရောက်ခဲ့တဲ့အတွက် ဒီတစ်ခါမှာတော့ ဟယ်ရီကိန်းက အမှားအယွင်းမရှိ ပိတ်သွင်းခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်းမှာ (၁၀)ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးလိုင်နီကာရဲ့ သွင်းဂိုးအရေအတွက်နဲ့တူညီသွားပြီဖြစ်သလို

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ (၄)ဂိုးမြောက်သွင်းယူခဲ့တဲ့အတွက် ရွှေဖိနပ်ဆုဆွတ်ခူးဖို့အတွက် မျှော်လင့်ချက်ရှိလာပါပြီ။

လက်ကျန်မိနစ်တွေမှာတော့ အင်္ဂလန်အသင်းက ဂိုးထပ်သွင်းဖို့ထက် ဦးဆောင်ဂိုးကို ထိန်းသိမ်းနိုင်ဖို့သာ အာရုံစိုက်ကစားခဲ့ပြီး

၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆီမီးဖိုင္နယ္ၾကမၼာဆိုးကို ရပ္တန႔္ၿပီး ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဗိုလ္လုပြဲတက္ခဲ့တဲ့ အဂၤလန္

နာမည္ႀကီး အဂၤလန္အသင္းကေတာ့ ဟယ္ရီကိန္းရဲ႕ပယ္နယ္တီဂိုးေၾကာင့္ ဒိန္းမတ္အသင္းကို အႏိုင္ယူၿပီး (၅၅)ႏွစ္အၾကာမွာ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ဗိုလ္လုပြဲအဆင့္တက္ေရာက္ခဲ့သလို၊ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံအႀကိမ္ ဗိုလ္လုပြဲတက္ခြင့္ရရွိခဲ့ပါတယ္။

ယူ႐ို-၉၂ ၿပိဳင္ပြဲတုန္းက ဘယ္သူမွမထင္မွတ္တဲ့အေနအထားက ဗိုလ္စြဲခဲ့တဲ့ဒိန္းမတ္အသင္းဟာ အခုပြဲမွာလည္း အံ့အားသင့္စရာရလဒ္ပိုင္ဆိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ကိုယ့္ထက္အစစသာလြန္ေနတဲ့ အဂၤလန္အသင္းကို မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ဒဏ္ရာက ျပန္သက္သာလာတဲ့ ဆာကာကို အခုပြဲမွာ ျပန္လည္အသုံးျပဳခဲ့တာကလြဲလို႔ က်န္တဲ့ေနရာေတြမွာ ပုံမွန္အတိုင္းပဲ ပြဲထြက္ခဲ့ပါတယ္။

အသက္(၁၉)ႏွစ္၊ (၃၀၅)ရက္သာရွိေသးတဲ့ ဆာကာဟာ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ဆီမီးဖိုင္နယ္မွာ အဂၤလန္အသင္းအတြက္ပြဲထြက္ခြင့္ရခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ဒီပြဲမွာ အဂၤလန္အသင္းကစားပုံေကာင္းခဲ့သလို စတာလင္နဲ႔ ဆာကာတို႔ရဲ႕ ေတာင္ပံတိုက္စစ္ေတြက ဒိန္းမတ္ခံစစ္ကို ၿခိမ္းေျခာက္ခဲ့ၿပီး ေမဆင္ေမာင့္၊ ဒီကလန္႐ိုက္စ္နဲ႔ ကယ္လ္ဗင္ဖိလစ္တို႔လည္း တာဝန္ေက်ေအာင္ကစားႏိုင္ခဲ့ၾကတယ္။

ခ်ီးက်ဴးစရာေကာင္းတာက ေအာက္အသင္းျဖစ္ေပမယ့္ အဂၤလန္ကို သူတင္ကိုယ္တင္ကစားသြားတဲ့ ဒိန္းမတ္အသင္းရဲ႕ ေျခစြမ္းနဲ႔ ညီၫြတ္မႈပါပဲ။

ခံစစ္ကို ဦးစားေပးကစားတယ္ဆိုေပမယ့္ တိုက္စစ္ျပန္စတဲ့အခါမ်ိဳးေတြမွာ Build Up Play ေတြေကာင္းမြန္ခဲ့သလို ဒမ္းစဂါ့တ္၊ ဒိုလ္ဘာ့ဂ္၊ ဘ႐ိုက္ဝိတ္တို႔ရဲ႕ တိုက္စစ္တြဲလုံးေတြက အဂၤလန္အသင္းဘက္ကို ထိထိေရာက္ေရာက္ၿခိမ္းေျခာက္ႏိုင္ခဲ့တယ္။

အျပစ္ေျပာရမွာက ဒိန္းမတ္အသင္းနည္းျပဟူလ္မန႔္တ္ရဲ႕ မလိုလားအပ္တဲ့လူစားလဲမႈေတြပဲျဖစ္ပါတယ္။ တိုက္စစ္မွာ ပုံမွန္ေလးကစားေနၾကတဲ့ ဒိုလ္ဘာ့ဂ္နဲ႔ ဒမ္းစဂါ့တ္တို႔ကို မိနစ္(၆၀)ေက်ာ္မွာတင္ လူစားလဲခဲ့တာက မျဖစ္သင့္ဘဲ သူတို႔ႏွစ္ေယာက္ထြက္သြားၿပီးေနာက္ပိုင္း ဘ႐ိုက္ဝိတ္နဲ႔ တြဲကစားမယ့္သူမရွိေတာ့သလို ဝင္လာတဲ့ကစားသမားေတြကလည္း အသင္းအတြက္ ထိေရာက္တဲ့စြမ္းေဆာင္ရည္မ်ိဳးမျပႏိုင္ၾကဘူး။

ဒိန္းမတ္အသင္းအတြက္ အဖြင့္ဂိုးကို လူငယ္တိုက္စစ္ကစားသမား ဒမ္းစဂါ့တ္က လွပတဲ့ဖရီးကစ္ကန္ခ်က္နဲ႔ သြင္းယူခဲ့တာေၾကာင့္ အဂၤလန္အသင္းရဲ႕ ဆီမီးဖိုင္နယ္ၾကမၼာဆိုးက ဆက္ဒုကၡေပးဦးမလားဆိုၿပီး ပရိသတ္ေတြစိုးရိမ္ခဲ့ၾကတယ္။

ဒမ္းစဂါ့တ္ရဲ႕ဂိုးေၾကာင့္ မတ္လကတည္းက ဂိုးမေပးခဲ့ရတဲ့ အဂၤလန္အသင္းရဲ႕ ေပးဂိုးမရွိမွတ္တမ္းက (၆၉၁)မိနစ္အၾကာမွာ ရပ္တန႔္သြားခဲ့ပါတယ္။

ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္လည္း (၃၉)မိနစ္မွာ ညာျခမ္းက ဆာကာရဲ႕ထိုးေဖာက္မႈကေန ပယ္နယ္တီဧရိယာအတြင္း ခင္းေပးလိုက္တဲ့ေဘာလုံးကို စတာလင္နဲ႔ ဒိန္းမတ္ေနာက္ခံလူခါဂ်ာတို႔ အၿပိဳင္လုရင္း ခါဂ်ာကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ အဂၤလန္ေခ်ပဂိုးရခဲ့ပါတယ္။

ဒီပြဲမွာ ဒိန္းမတ္ဂိုးသမားကက္စ္ပါရွမိုက္ကယ္ရဲ႕ လက္စြမ္းကို ခ်ီးက်ဴးရမွာျဖစ္ၿပီး သူေကာင္းေနလို႔သာ သာမန္ပြဲခ်ိန္အတြင္း ဒိန္းမတ္မရႈံးခဲ့တာပါ။

ဒုတိယပိုင္းမွာ လူစားအေျပာင္းအလဲေတြလုပ္ၿပီးေနာက္ပိုင္း ဒိန္းမတ္ကစားပုံပ်က္သြားၿပီး တန္ျပန္တိုက္စစ္ေတြေတာင္ မလုပ္ႏိုင္ေတာ့ဘဲ ခံစစ္သာကစားေနရတယ္။

အႏိုင္ဂိုးရဖို႔ ေဆာက္ဂိတ္က ဆာကာေနရမွာ ဂရီးလစ္ရွ္ကို ထည့္ၿပီး စတာလင္က ထုံးစံအတိုင္းညာျခမ္းေျပာင္းကစားခဲ့သလို အဂၤလန္တစ္သင္းလုံး ဂိုးရဖို႔ ဖိကစားခဲ့တယ္။

ဒါေပမဲ့ ရွမိုက္ကယ္လက္စြမ္းျပေနတာရယ္၊ အဂၤလန္ကစားသမားေတြ လြဲေခ်ာ္ေနတာရယ္ေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ အခ်ိန္ပိုမိနစ္(၃၀)ဆက္ကစားခဲ့ရၿပီး အခ်ိန္ပို(၁၀၄)မိနစ္မွာ စတာလင္ကို ဒိန္းမတ္ေနာက္ခံလူက ပယ္နယ္တီဧရိယာအတြင္း ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ ရခဲ့တဲ့ပယ္နယ္တီကို ဟယ္ရီကိန္း ကန္သြင္းတာမွာ ရွမိုက္ကယ္ ကာကြယ္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ေဘာလုံးက ဟယ္ရီကိန္းေရွ႕ကို ျပန္ေရာက္ခဲ့တဲ့အတြက္ ဒီတစ္ခါမွာေတာ့ ဟယ္ရီကိန္းက အမွားအယြင္းမရွိ ပိတ္သြင္းခဲ့ပါတယ္။

ဟယ္ရီကိန္းဟာ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ (၁၀)ဂိုးအထိသြင္းယူႏိုင္ခဲ့တာေၾကာင့္ အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးလိုင္နီကာရဲ႕ သြင္းဂိုးအေရအတြက္နဲ႔တူညီသြားၿပီျဖစ္သလို ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ (၄)ဂိုးေျမာက္သြင္းယူခဲ့တဲ့အတြက္ ေ႐ႊဖိနပ္ဆုဆြတ္ခူးဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိလာပါၿပီ။

လက္က်န္မိနစ္ေတြမွာေတာ့ အဂၤလန္အသင္းက ဂိုးထပ္သြင္းဖို႔ထက္ ဦးေဆာင္ဂိုးကို ထိန္းသိမ္းႏိုင္ဖို႔သာ အာ႐ုံစိုက္ကစားခဲ့ၿပီး ၁၉၆၆ ကမာၻ႔ဖလားေနာက္ပိုင္း အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ဗိုလ္လုပြဲအဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခြင့္ရယူႏိုင္ခဲ့ပါတယ္။