ဆီမီးဆိုးလ်ရှားရဲ့ ပြောစကားကြောင့် ပွဲမတိုင်ခင် ရောမမြို့မှာ မီးလောင်နေပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနည်းပြဘဝမှာ ဖလားပြိုင်ပွဲတွေတိုင်း ဆီမီးဖိုင်နယ်အဆင့်အထိသာ အမြင့်ဆုံးပို့ပေးထားနိုင်တဲ့ ဆီမီးဆိုးလ်ရှားဟာ ပွဲမတိုင်ခင်ကတည်းက ရောမကို မီးရှီု့ထားတဲ့စကားလုံးတွေကြောင့် ရောမပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်နေရပါပြီ။
ကြာသပတေးညမှာ မန်ယူနဲ့ ရိုးမားဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကစားဖို့ရှိနေပြီး ဒီပွဲမတိုင်ခင် အင်တာဗျူးတစ်ခုမှာ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့ ရိုးမားအသင်းနဲ့ ပတ်သတ်တဲ့ မှတ်ချက်စကားတွေကြောင့် ရိုးမားပရိသတ်တွေ ဒေါသထွက်ခဲ့ကြပြီး ပွဲဆူသွားခဲ့ကြပါတယ်။

ဒီပွဲမတိုင်ခင် ဆိုးလ်းရှားက BT Sports ကို ပြောကြားထားတာက “ရိုးမားအသင်းအကြောင်း ကျွန်တော်ကောင်းကောင်းမသိပါဘူး။ အေဂျက်စ် နဲ့ ၂ ပွဲမှာတော့ သူတို့ကို ကောင်းကောင်းသတိထားမိပါတယ်။ ကျန်တာတော့ သူတို့အကြောင်း သိပ်မသိပါဘူး” လို့ ပြောခဲ့တာပါ။

ဒါဟာ ရိုးမားအသင်းအပေါ် နှိမ်ရာရောက်ပြီး ဆိုးလ်ရှားရဲ့ ပြန်လည်ဖြေဆိုခဲ့ပုံက ရိုးမားပရိသတ်တွေကို ဒေါသအကြီးအကျယ်ထွက်စေခဲ့ပြီး သူတို့အသင်းကို မလေးမစားပြုမူခဲ့တာလို့ ယုံကြည်နေကြပါတယ်။ ရိုးမားပရိသတ်တွေဟာ ဆိုးလ်ရှားကို တန်ပြန်တိုက်ခိုက်တဲ့အနေနဲ့ ရိုးမားအသင်းလေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ အီတလီဘာသာစကားနဲ့ “ငါတို့ကိုမှတ်မိသွားအောင် ဒီကောင်တွေကို လုပ်လိုက်စမ်းပါ” ဆိုတဲ့ စာသားပါ ပိုစတာတွေကို ချိတ်ဆွဲကာ သူတို့ရဲ့ဒေါသထွက်မှုကို ဖော်ပြခဲ့ကြပါတယ်။

ရိုးမားပရိသတ်တွေဟာ သူတို့မြို့ရဲ့ ထင်ရှားတဲ့နေရာတွေအပြင် ရိုးမားအသင်းရဲ့ လေ့ကျင့်ရေးကွင်းအနီးမှာ ဆိုးလ်ရှားရဲ့ ရုပ်ပုံနဲ့ ပိုစတာတွေ ချိတ်ဆွဲခဲ့ကြတာပါ။

ဒီပိုစတာတွေဟာ သူတို့အသင်းကို နှိမ်ချသလိုပြောခဲ့တဲ့ ဆိုးလ်ရှားကို တုံ့ပြန်ရာကျသလို အသင်းက ကစားသမားတွရဲ့ မခံချင်စိတ်ကို အဆုံးစွန်ထိဆွပေးဖို့ရည်ရွယ်တယ်လို့လည်းဖွင့်ဟခဲ့ပါတယ်။

ရိုးမားကတော့ ဒီရာသီ စီးရီးအေမှာ ထိပ်ဆုံး ၆ သင်းစာရင်းဝင်ထားသလို ယူရိုပါလိဂ်မှာလည်း ထင်မှတ်မထားတဲ့ပုံစံနဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရိုးမားအသင်းမှာ မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ စမောလင်း၊ မစ်ခီတာရန်တို့လည်း ကစားနေကြပြီး အသင်းဟောင်းနဲ့ ပြန်လည်ဆုံတွေ့မှာဖြစ်သလို ဆိုးလ်ရှားရဲ့ မှတ်ချက်စကားကြောင့် ဒေါသူပုန်ထခဲ့တဲ့ ရိုးမားပရိသတ်တွေကြောင့်လည်း သူတို့နှစ်သင်းတွေ့ဆုံမယ့် ပွဲစဉ်က စိတ်ဝင်စားမှုအမြင့်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆီမီးဆိုးလ္ရွားရဲ႕ ေျပာစကားေၾကာင့္ ပြဲမတိုင္ခင္ ေရာမၿမိဳ႕မွာ မီးေလာင္ေနၿပီ

မန္ယူနည္းျပဘဝမွာ ဖလားၿပိဳင္ပြဲေတြတိုင္း ဆီမီးဖိုင္နယ္အဆင့္အထိသာ အျမင့္ဆုံးပို႔ေပးထားႏိုင္တဲ့ ဆီမီးဆိုးလ္ရွားဟာ ပြဲမတိုင္ခင္ကတည္းက ေရာမကို မီးရႈီ႕ထားတဲ့စကားလုံးေတြေၾကာင့္ ေရာမပရိသတ္ေတြရဲ႕ ေဒါသနဲ႔ ရင္ဆိုင္ေနရပါၿပီ။
ၾကာသပေတးညမွာ မန္ယူနဲ႔ ႐ိုးမားဟာ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္ကစားဖို႔ရွိေနၿပီး ဒီပြဲမတိုင္ခင္ အင္တာဗ်ဴးတစ္ခုမွာ မန္ယူအသင္းနည္းျပ ဆိုးလ္ရွားရဲ႕ ႐ိုးမားအသင္းနဲ႔ ပတ္သတ္တဲ့ မွတ္ခ်က္စကားေတြေၾကာင့္ ႐ိုးမားပရိသတ္ေတြ ေဒါသထြက္ခဲ့ၾကၿပီး ပြဲဆူသြားခဲ့ၾကပါတယ္။

ဒီပြဲမတိုင္ခင္ ဆိုးလ္းရွားက BT Sports ကို ေျပာၾကားထားတာက “႐ိုးမားအသင္းအေၾကာင္း ကြၽန္ေတာ္ေကာင္းေကာင္းမသိပါဘူး။ ေအဂ်က္စ္ နဲ႔ ၂ ပြဲမွာေတာ့ သူတို႔ကို ေကာင္းေကာင္းသတိထားမိပါတယ္။ က်န္တာေတာ့ သူတို႔အေၾကာင္း သိပ္မသိပါဘူး” လို႔ ေျပာခဲ့တာပါ။

ဒါဟာ ႐ိုးမားအသင္းအေပၚ ႏွိမ္ရာေရာက္ၿပီး ဆိုးလ္ရွားရဲ႕ ျပန္လည္ေျဖဆိုခဲ့ပုံက ႐ိုးမားပရိသတ္ေတြကို ေဒါသအႀကီးအက်ယ္ထြက္ေစခဲ့ၿပီး သူတို႔အသင္းကို မေလးမစားျပဳမူခဲ့တာလို႔ ယုံၾကည္ေနၾကပါတယ္။ ႐ိုးမားပရိသတ္ေတြဟာ ဆိုးလ္ရွားကို တန္ျပန္တိုက္ခိုက္တဲ့အေနနဲ႔ ႐ိုးမားအသင္းေလ့က်င့္ေရးကြင္းအျပင္ဘက္မွာ အီတလီဘာသာစကားနဲ႔ “ငါတို႔ကိုမွတ္မိသြားေအာင္ ဒီေကာင္ေတြကို လုပ္လိုက္စမ္းပါ” ဆိုတဲ့ စာသားပါ ပိုစတာေတြကို ခ်ိတ္ဆြဲကာ သူတို႔ရဲ႕ေဒါသထြက္မႈကို ေဖာ္ျပခဲ့ၾကပါတယ္။ ႐ိုးမားပရိသတ္ေတြဟာ သူတို႔ၿမိဳ႕ရဲ႕ ထင္ရွားတဲ့ေနရာေတြအျပင္ ႐ိုးမားအသင္းရဲ႕ ေလ့က်င့္ေရးကြင္းအနီးမွာ ဆိုးလ္ရွားရဲ႕ ႐ုပ္ပုံနဲ႔ ပိုစတာေတြ ခ်ိတ္ဆြဲခဲ့ၾကတာပါ။ ဒီပိုစတာေတြဟာ သူတို႔အသင္းကို ႏွိမ္ခ်သလိုေျပာခဲ့တဲ့ ဆိုးလ္ရွားကို တုံ႔ျပန္ရာက်သလို အသင္းက ကစားသမားတြရဲ႕ မခံခ်င္စိတ္ကို အဆုံးစြန္ထိဆြေပးဖို႔ရည္႐ြယ္တယ္လို႔လည္းဖြင့္ဟခဲ့ပါတယ္။

႐ိုးမားကေတာ့ ဒီရာသီ စီးရီးေအမွာ ထိပ္ဆုံး ၆ သင္းစာရင္းဝင္ထားသလို ယူ႐ိုပါလိဂ္မွာလည္း ထင္မွတ္မထားတဲ့ပုံစံနဲ႔ ဆီမီးဖိုင္နယ္အဆင့္ထိ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ လက္ရွိ ႐ိုးမားအသင္းမွာ မန္ယူကစားသမားေဟာင္းေတြျဖစ္တဲ့ စေမာလင္း၊ မစ္ခီတာရန္တို႔လည္း ကစားေနၾကၿပီး အသင္းေဟာင္းနဲ႔ ျပန္လည္ဆုံေတြ႕မွာျဖစ္သလို ဆိုးလ္ရွားရဲ႕ မွတ္ခ်က္စကားေၾကာင့္ ေဒါသူပုန္ထခဲ့တဲ့ ႐ိုးမားပရိသတ္ေတြေၾကာင့္လည္း သူတို႔ႏွစ္သင္းေတြ႕ဆုံမယ့္ ပြဲစဥ္က စိတ္ဝင္စားမႈအျမင့္ဆုံးအဆင့္ကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။