ဆီဗီလာကို သရေကျခဲ့ပြီး ထိပ်ဆုံးတက်ခွင့် ဆုံးရှုံးလိုက်လို့ ကွင်းလယ်ဒိုင်အပေါ် ဇီဒန်းပေါက်ကွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာနဲ့ အက်သလက်တီကိုသရေကျခဲ့လို့ ဆုဖလားအတွက် အခွင့်အရေးရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဆီဗီလာကို ၂ဂိုးစီသရေသာကစားနိုင်ခဲ့လို့ အမှတ်ပေးဇယာထိပ်ကိုရောက်ရှိမယ့် အခွင့်အရေးကောင်း ဆုံးရှုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ၇၅မှတ်ချင်းတူပေမယ့် ရီးရဲလ်ဟာ ဘာစီလိုနာကို ထိပ်တိုက်တွေ့ဆုံမှုအသာစီးနဲ့ အဆင့် ၂နေရာ သိမ်းပိုက်ထားပါတယ်။

ဆီဗီလာက ဦးဆောင်ဂိုးတွေ ၂ကြိမ်စလုံးသွင်းယူခဲ့တာဖြစ်ပြီး ရီးရဲလ်က နောက်ကနေ လိုက်ကစားခဲ့ရတာပါ။

ပွဲအစောပိုင်းမှာ ရီးရဲလ်တိုက်စစ်မှုး ဘန်ဇီမာ တစ်ဂိုးသွင်းယူခဲ့ပေမယ့် VAR ကြောင့်ပယ်ဖျက်ခံခဲ့ရပြီး ၂၂ မိနစ်မှာ ဖာနန်ဒိုက ဆီဗီလာအတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ် ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်း ဒုတိယပိုင်း ၆၇ မိနစ်ရောက်မှ အဆန်စီယိုက ပြန်ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာပါ။

ဒါပေမယ့် ၇၈ မိနစ်မှာ ရာကီတစ်က ပယ်နယ်တီကနေ ဂိုးထပ်သွင်းခဲ့ပြီး ဒီပယ်နယ်တီဟာ အငြင်းပွားစရာတွေ အများကြီးရှိခဲ့ပြီး နည်းပြဇီဒန်းလည်း အတော်ပေါက်ကွဲခဲ့တာပါ။

ရီးရဲလ်အတွက် ချေပဂိုးကိုတော့ နာကျင်အချိန်ပို ၄မိနစ်မှာ ဟာဇက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြဇီဒန်းက ကွင်းလယ်ဒိုင်လူကြီးရဲ့ အနေအထားဆောရွက်ပုံနဲ့ ပတ်သတ်ပြီး ” ကျွန်တော်အရမ်းဒေါသထွက်ပါတယ်။

ဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီး ကျွန်တော့်ကို ရှင်းပြဖို့ ကွင်းလယ်ဒိုင်ကို စကားသွားပြောခဲ့ပါတယ်။

သူ့ဖက်ကပြန်ပြောပြတဲ့အရာတွေကို ကျွန်တော် လက်မခံပါဘူး။

ဒိုင်လူကြီးတွေနဲ့ ပတ်သတ်ပြီး ပြောလေ့မရှိပေမယ့် ဒီတစ်ခါတော့ အတော်ပေါက်ကွဲလို့ ပြောတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ပွဲစဉ် ၃၅ အပြီးမှာတော့ အက်သလက်တီကိုက ၇၇ မှတ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာက ၇၅ မှတ်စီရရှိထားပြီး

ဆီဗီလာက ၇၁ မှတ်နဲ့ ရပ်တည်နေကာ လက်ကျန် ၃ ပွဲအလိုမှာ ဆုဖလားအတွက် ၃သင်းစလုံး အကြိတ်အနယ်ဖြစ်နေပြီး ရာသီကုန်ထိ စောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပါတယ်။

Zawgyi

ဆီဗီလာကို သေရက်ခဲ့ၿပီး ထိပ္ဆုံးတက္ခြင့္ ဆုံးရႈံးလိုက္လို႔ ကြင္းလယ္ဒိုင္အေပၚ ဇီဒန္းေပါက္ကြဲ

ဘာစီလိုနာနဲ႔ အက္သလက္တီကိုသေရက်ခဲ့လို႔ ဆုဖလားအတြက္ အခြင့္အေရးရခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဟာ ဆီဗီလာကို ၂ဂိုးစီသေရသာကစားႏိုင္ခဲ့လို႔ အမွတ္ေပးဇယာထိပ္ကိုေရာက္ရွိမယ့္ အခြင့္အေရးေကာင္း ဆုံးရႈံးသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ၇၅မွတ္ခ်င္းတူေပမယ့္ ရီးရဲလ္ဟာ ဘာစီလိုနာကို ထိပ္တိုက္ေတြ႕ဆုံမႈအသာစီးနဲ႔ အဆင့္ ၂ေနရာ သိမ္းပိုက္ထားပါတယ္။

ဆီဗီလာက ဦးေဆာင္ဂိုးေတြ ၂ႀကိမ္စလုံးသြင္းယူခဲ့တာျဖစ္ၿပီး ရီးရဲလ္က ေနာက္ကေန လိုက္ကစားခဲ့ရတာပါ။ ပြဲအေစာပိုင္းမွာ ရီးရဲလ္တိုက္စစ္မႈး ဘန္ဇီမာ တစ္ဂိုးသြင္းယူခဲ့ေပမယ့္ VAR ေၾကာင့္ပယ္ဖ်က္ခံခဲ့ရၿပီး ၂၂ မိနစ္မွာ ဖာနန္ဒိုက ဆီဗီလာအတြက္ အဖြင့္ဂိုးသြင္းခဲ့ပါတယ္။ ပထမပိုင္းမွာ ရီးရဲလ္မက္ဒရစ္ ရႈံးနိမ့္ေနခဲ့ၿပီး ဒုတိယပိုင္း ဒုတိယပိုင္း ၆၇ မိနစ္ေရာက္မွ အဆန္စီယိုက ျပန္ေခ်ပဂိုး ျပန္သြင္းႏိုင္ခဲ့တာပါ။

ဒါေပမယ့္ ၇၈ မိနစ္မွာ ရာကီတစ္က ပယ္နယ္တီကေန ဂိုးထပ္သြင္းခဲ့ၿပီး ဒီပယ္နယ္တီဟာ အျငင္းပြားစရာေတြ အမ်ားႀကီးရွိခဲ့ၿပီး နည္းျပဇီဒန္းလည္း အေတာ္ေပါက္ကြဲခဲ့တာပါ။ ရီးရဲလ္အတြက္ ေခ်ပဂိုးကိုေတာ့ နာက်င္အခ်ိန္ပို ၄မိနစ္မွာ ဟာဇက္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ နည္းျပဇီဒန္းက ကြင္းလယ္ဒိုင္လူႀကီးရဲ႕ အေနအထားေဆာ႐ြက္ပုံနဲ႔ ပတ္သတ္ၿပီး ” ကြၽန္ေတာ္အရမ္းေဒါသထြက္ပါတယ္။ ျဖစ္ရပ္ေတြနဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ့္ကို ရွင္းျပဖို႔ ကြင္းလယ္ဒိုင္ကို စကားသြားေျပာခဲ့ပါတယ္။ သူ႔ဖက္ကျပန္ေျပာျပတဲ့အရာေတြကို ကြၽန္ေတာ္ လက္မခံပါဘူး။ ဒိုင္လူႀကီးေတြနဲ႔ ပတ္သတ္ၿပီး ေျပာေလ့မရွိေပမယ့္ ဒီတစ္ခါေတာ့ အေတာ္ေပါက္ကြဲလို႔ ေျပာတာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ပြဲစဥ္ ၃၅ အၿပီးမွာေတာ့ အက္သလက္တီကိုက ၇၇ မွတ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာက ၇၅ မွတ္စီရရွိထားၿပီး ဆီဗီလာက ၇၁ မွတ္နဲ႔ ရပ္တည္ေနကာ လက္က်န္ ၃ ပြဲအလိုမွာ ဆုဖလားအတြက္ ၃သင္းစလုံး အႀကိတ္အနယ္ျဖစ္ေနၿပီး ရာသီကုန္ထိ ေစာင့္ၾကည့္ရမယ့္အေနအထားမွာရွိေနပါတယ္။