ဆီဗီလာကစားသမားရဲ့ အင်္ကျီကို ဆွဲပြီး တားဆီးမှုကိုတောင် ကျော်ဖြတ်နိုင်ခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆီဗီလာအသင်း ကစားသမား ဂျိုအန် ‌ဂျော်ဒန်ရဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို တာဆီးဖို့ ကြိုးစားခဲ့ပုံက ရယ်စရာဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က the Ramon Sanchez-Pizjuan မှာ ဆီဗီလာအသင်းကို ( ၂ – ၀ ) အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းက အိုစမာနေ ဒမ်ဘီဘီ ၊ လီယွန်နယ် မက်ဆီတို့ရဲ့ သွင်းဂိုး‌တွေနဲ့အတူ အဆင့် ( ၂ ) နေရာကို ရောက်ရှိလာပြီး ( ၂ ) ပွဲလျော့ကစားထားတဲ့ အဆင့် ( ၁ ) နေရာက အက်သလက်တီကို အသင်းအောက် ( ၂ ) မှတ် လျော့နည်းလျက်ရှိပါတယ်။ အသက် ( ၃၃ ) အရွယ် မက်ဆီဟာ လက်ရှိမှာ ခြေစွမ်းပြကစားလျက်ရှိပြီး စပိန်လာလီဂါရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ရပ်တည်နေပါတယ်။

အာဂျင်တီးနားကြယ်ပွင့်က သူ့ကို ထိန်းချုပ်ဖို့ ဘယ်လောက်ခက်ခဲကြောင်း အဆိုပါ ပွဲစဉ်မှာ ထပ်မံသက်သေပြခဲ့ပြန်ပါတယ်။ အသက် ( ၂၆ ) နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမားဟာ ဒုတိယပိုင်းမှာ လီယွန်နယ် မက်ဆီရဲ့ အင်္ကျီကို နောက်ကနေဆွဲပြီး ဘာစီလိုနာတိုက်စစ်မှူးကို တားဆီးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီက ဂျော်ဒန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီဗီလာကစားသမားအနေနဲ့ စက္ကန့်အနည်းငယ်ခန့်သာ မက်ဆီရဲ့ အင်္ကျီကို ဆွဲထားနိုင်ခဲ့ပါတယ်။

‌ဂျော်ဒန်အနေနဲ့ ( ၆ ) ကြိမ်မြောက် ဘလွန်းဒီအောဆုရှင်အပေါ် ကျူးလွန်ခဲ့တဲ့ အဆိုပါ ပြစ်ဒဏ်ကြောင့် အဝါကတ်ပြ သတိပေးခြင်းခံခဲ့ရပါတယ်။ ဘာစီလိုနာပရိသတ်တစ်ဦးက “ ဂျော်ဒန်ရဲ့ မျက်နှာပေါ်က အကြည့်ဟာ မက်ဆီကို သေစေချင်နေသလားတောင် ထင်မှတ်ရပါတယ်။” လို့ သူ့ရဲ့ တွယ်တာအကောင့်မှ တဆင့် မှတ်ချက်ပြုပြောဆိုထားပါတယ်။

ဘာစီလိုနာအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆီဗီလာအသင်းကို ကိုပါဒယ်ရေးဒုတိယအကျော့ပွဲစဉ် လက်ခံကစားရဖို့ ရှိနေပါတယ်။ ယခုလအတွင်း the Ramon Sanchez-Pizjuan မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတော့ ဆီဗီလာအသင်းက ( ၂ – ၀ ) အနိုင်ရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆီဗီလာကစားသမားရဲ႕ အက်ႌကို ဆြဲၿပီး တားဆီးမႈကိုေတာင္ ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ မက္ဆီ

ဆီဗီလာအသင္း ကစားသမား ဂ်ိဳအန္ ‌ေဂ်ာ္ဒန္ရဲ႕ ဘာစီလိုနာအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီကို တာဆီးဖို႔ ႀကိဳးစားခဲ့ပုံက ရယ္စရာျဖစ္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ စေနေန႔က the Ramon Sanchez-Pizjuan မွာ ဆီဗီလာအသင္းကို ( ၂ – ၀ ) အႏိုင္ရရွိခဲ့ပါတယ္။

ဘာစီလိုနာအသင္းက အိုစမာေန ဒမ္ဘီဘီ ၊ လီယြန္နယ္ မက္ဆီတို႔ရဲ႕ သြင္းဂိုး‌ေတြနဲ႔အတူ အဆင့္ ( ၂ ) ေနရာကို ေရာက္ရွိလာၿပီး ( ၂ ) ပြဲေလ်ာ့ကစားထားတဲ့ အဆင့္ ( ၁ ) ေနရာက အက္သလက္တီကို အသင္းေအာက္ ( ၂ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။ အသက္ ( ၃၃ ) အ႐ြယ္ မက္ဆီဟာ လက္ရွိမွာ ေျခစြမ္းျပကစားလ်က္ရွိၿပီး စပိန္လာလီဂါရဲ႕ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္က သူ႔ကို ထိန္းခ်ဳပ္ဖို႔ ဘယ္ေလာက္ခက္ခဲေၾကာင္း အဆိုပါ ပြဲစဥ္မွာ ထပ္မံသက္ေသျပခဲ့ျပန္ပါတယ္။ အသက္ ( ၂၆ ) ႏွစ္အ႐ြယ္ စပိန္ကြင္းလယ္ကစားသမားဟာ ဒုတိယပိုင္းမွာ လီယြန္နယ္ မက္ဆီရဲ႕ အက်ႌကို ေနာက္ကေနဆြဲၿပီး ဘာစီလိုနာတိုက္စစ္မႉးကို တားဆီးဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ မက္ဆီက ေဂ်ာ္ဒန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ဆီဗီလာကစားသမားအေနနဲ႔ စကၠန႔္အနည္းငယ္ခန႔္သာ မက္ဆီရဲ႕ အက်ႌကို ဆြဲထားႏိုင္ခဲ့ပါတယ္။

‌ေဂ်ာ္ဒန္အေနနဲ႔ ( ၆ ) ႀကိမ္ေျမာက္ ဘလြန္းဒီေအာဆုရွင္အေပၚ က်ဴးလြန္ခဲ့တဲ့ အဆိုပါ ျပစ္ဒဏ္ေၾကာင့္ အဝါကတ္ျပ သတိေပးျခင္းခံခဲ့ရပါတယ္။ ဘာစီလိုနာပရိသတ္တစ္ဦးက “ ေဂ်ာ္ဒန္ရဲ႕ မ်က္ႏွာေပၚက အၾကည့္ဟာ မက္ဆီကို ေသေစခ်င္ေနသလားေတာင္ ထင္မွတ္ရပါတယ္။” လို႔ သူ႔ရဲ႕ တြယ္တာအေကာင့္မွ တဆင့္ မွတ္ခ်က္ျပဳေျပာဆိုထားပါတယ္။

ဘာစီလိုနာအေနနဲ႔ လာမယ့္ ဗုဒၶဟူးေန႔မွာ ဆီဗီလာအသင္းကို ကိုပါဒယ္ေရးဒုတိယအေက်ာ့ပြဲစဥ္ လက္ခံကစားရဖို႔ ရွိေနပါတယ္။ ယခုလအတြင္း the Ramon Sanchez-Pizjuan မွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာေတာ့ ဆီဗီလာအသင္းက ( ၂ – ၀ ) အႏိုင္ရရွိခဲ့ပါတယ္။