ဆီနီဂေါနဲ့ပွဲမှာ မာနေးဒဏ်ရာရခဲ့လို့ ယာဂန်ကလော့ပ် စိုးရိမ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းရဲ့ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမား မာနေးဟာ တိုဂိုအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကခြေထော့နင်းနဲ့ထွက်ခဲ့ရလို့ လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်အတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။

တိုဂိုနဲ့ပွဲမှာ မာနေးဟာ ပထမပိုင်း(၂၈)မိနစ်မှာပဲ ပြိုင်ဘက်ကစားသမားနဲ့လေထဲမှာခေါင်းယှဉ်တိုက်ဖို့ကြိုးစားတာကနေ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲဆက်လက်မကစားနိုင်တော့တဲ့အတွက် အသင်းဖော်ဘိုလာယီဒီယာနဲ့လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာ အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ဖေမီနိုဟာ တံကောက်ကြောဒဏ်ရာကြောင့် (၁)လကျော်လောက်အနားယူရဖို့ရှိနေချိန်မှာ မာနေးပါ ဒဏ်ရာရခဲ့တာက ယာဂန်ကလော့ပ်အတွက် စိတ်ပျက်စရာသတင်းဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ ဆီနီဂေါအသင်းနည်းပြအလူဆီဆေးက မာနေးရဲ့ဒဏ်ရာက အရမ်းကြီးစိုးရိမ်စရာအနေအထားမရှိဘူးလို့ ပွဲအပြီးမှာဝန်ခံပြောဆိုခဲ့လို့ လီဗာပူးလ်အသင်းအတွက် စိတ်သက်သာစရာလို့ပဲပြောရမှာပါ။

အလူဆီဆေးက “ဒဏ်ရာကြောင့် မာနေးကို လူစားလဲခဲ့ရပြီးနောက်ပိုင်း ကျွန်တော်တို့အသင်းကစားပုံက အားနည်းသွားပါတယ်။

သူက အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ဦးပါ။

ကျွန်တော်တို့ မာနေးကို အရဲစွန့်ပြီးတော့ အသုံးမပြုလိုတာကြောင့်လူစားလဲခဲ့တာဖြစ်ပြီး သူ့ဒဏ်ရာက အဆိုးရွားကြီးမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ဝက်စ်ဟမ်းအသင်းကို (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ ဒီရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတဲ့

လီဗာပူးလ်အသင်းဟာ လိဂ်ပွဲတွေပြန်စရင် ရလဒ်ကောင်းရယူနိုင်ဖို့လိုနေပေမယ့် လာမယ့်နိုဝင်ဘာ(၂၀)ရက်မှာ အခုနောက်ပိုင်းတောက်လျှောက်ခြေတက်နေတဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်းပွဲလက်ခံကစားရမှာဖြစ်တာကြောင့် သိပ်တော့မလွယ်ကူနိုင်ပါဘူး။

အခုအချိန်မှာ လီဗာပူးလ်အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး ဖေမီနို၊ ကာတစ်ဂျုံးစ်၊ မီလ်နာ၊ နာဘီကီတာ၊ အယ်လီယက်တို့အားလုံး ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆီနီေဂါနဲ႔ပြဲမွာ မာေနးဒဏ္ရာရခဲ့လို႔ ယာဂန္ကေလာ့ပ္ စိုးရိမ္ေန

လီဗာပူးလ္အသင္းရဲ႕ဆီနီေဂါလက္ေ႐ြးစင္တိုက္စစ္ကစားသမား မာေနးဟာ တိုဂိုအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီး ကြင္းထဲကေျခေထာ့နင္းနဲ႔ထြက္ခဲ့ရလို႔ လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္အတြက္ စိုးရိမ္စရာျဖစ္ခဲ့ရပါတယ္။ တိုဂိုနဲ႔ပြဲမွာ မာေနးဟာ ပထမပိုင္း(၂၈)မိနစ္မွာပဲ ၿပိဳင္ဘက္ကစားသမားနဲ႔ေလထဲမွာေခါင္းယွဥ္တိုက္ဖို႔ႀကိဳးစားတာကေန ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ပြဲဆက္လက္မကစားႏိုင္ေတာ့တဲ့အတြက္ အသင္းေဖာ္ဘိုလာယီဒီယာနဲ႔လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕တိုက္စစ္မွာ အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ေဖမီႏိုဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ (၁)လေက်ာ္ေလာက္အနားယူရဖို႔ရွိေနခ်ိန္မွာ မာေနးပါ ဒဏ္ရာရခဲ့တာက ယာဂန္ကေလာ့ပ္အတြက္ စိတ္ပ်က္စရာသတင္းျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ ဆီနီေဂါအသင္းနည္းျပအလူဆီေဆးက မာေနးရဲ႕ဒဏ္ရာက အရမ္းႀကီးစိုးရိမ္စရာအေနအထားမရွိဘူးလို႔ ပြဲအၿပီးမွာဝန္ခံေျပာဆိုခဲ့လို႔ လီဗာပူးလ္အသင္းအတြက္ စိတ္သက္သာစရာလို႔ပဲေျပာရမွာပါ။

အလူဆီေဆးက “ဒဏ္ရာေၾကာင့္ မာေနးကို လူစားလဲခဲ့ရၿပီးေနာက္ပိုင္း ကြၽန္ေတာ္တို႔အသင္းကစားပုံက အားနည္းသြားပါတယ္။ သူက အသင္းအတြက္အေရးပါတဲ့ကစားသမားတစ္ဦးပါ။ ကြၽန္ေတာ္တို႔ မာေနးကို အရဲစြန႔္ၿပီးေတာ့ အသုံးမျပဳလိုတာေၾကာင့္လူစားလဲခဲ့တာျဖစ္ၿပီး သူ႔ဒဏ္ရာက အဆိုး႐ြားႀကီးမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ဝက္စ္ဟမ္းအသင္းကို (၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့လို႔ ဒီရာသီပထမဆုံးပရီးမီးယားလိဂ္ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတဲ့ လီဗာပူးလ္အသင္းဟာ လိဂ္ပြဲေတြျပန္စရင္ ရလဒ္ေကာင္းရယူႏိုင္ဖို႔လိုေနေပမယ့္ လာမယ့္ႏိုဝင္ဘာ(၂၀)ရက္မွာ အခုေနာက္ပိုင္းေတာက္ေလွ်ာက္ေျခတက္ေနတဲ့ အာဆင္နယ္အသင္းကို အိမ္ကြင္းပြဲလက္ခံကစားရမွာျဖစ္တာေၾကာင့္ သိပ္ေတာ့မလြယ္ကူႏိုင္ပါဘူး။ အခုအခ်ိန္မွာ လီဗာပူးလ္အသင္းဟာ ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရၿပီး ေဖမီႏို၊ ကာတစ္ဂ်ဳံးစ္၊ မီလ္နာ၊ နာဘီကီတာ၊ အယ္လီယက္တို႔အားလုံး ဒဏ္ရာေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။