ဆီတီယန်လက်ထက် လာလီဂါတစ်ဂိုးတည်းသာသွင်းနိုင်သေးပြီး ရုန်းကန်နေရတဲ့ ဂရစ်ဇ်မန်း

photo-marca

photo-gettyimages

တိုက်စစ်မှုးဂရစ်ဇ်မန်းဟာ နည်းပြဆီတီယန်လက်ထက် လာလီဂါမှာ အငြင်းပွားဖွယ်မရှိ ပွဲထွက်ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်နည်းပြဟောင်းဗယ်ဗာဒီထုတ်ပယ်ခံခဲ့ရပြီးကတည်းက အဲဒီပြင်သစ်သားဟာ ပုံမှန်ဂိုးသွင်းခြေမရှိတော့ပါဘူး။ တကယ်လည်း ဆီတီယန်လက်ထက် လာလီဂါ ၈ ပွဲမှာ ဂရစ်ဇ်မန်းဟာ ဂီတာဖေးကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာပဲ တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

photo-gettyimages

သူဟာ ဒီရာသီလာလီဂါမှာ လက်ရှိအချိန်ထိ ၈ ဂိုးသွင်းယူထားပေမယ့် ပြီးခဲ့တဲ့စနေ ဆိုစီဒက်နဲ့ နောက်ဆုံးကစားသွားခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဆီတီယန်ဟာ သူ့လက်ထက် လာလီဂါ ၈ ပွဲစလုံးမှာ ဂရစ်ဇ်မန်းကို ပွဲထွက်စာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် အဲဒီပြင်သစ်လက်ရွေးစင်ဟာ ဂိုးဖန်တီးမှုတောင် တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ တိုက်စစ်မှုးတစ်ယောက်အနေနဲ့ မဟုတ်ရင် ဘယ်တောင်ပံမှာ ကစားရလေ့ရှိတဲ့ဂရစ်ဇ်မန်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲအနည်းငယ်မှာ ဂိုးသွင်းခြေပျောက်ဆုံးနေခဲ့တာပါ။

photo-gettyimages

ပြိုင်ပွဲအရပ်ရပ်ဆိုရင်တော့ သူ့ရဲ့ဒီရာသီသွင်းဂိုးအရေအတွက်က ၁၄ ဂိုးရှိထားပါတယ်။ ဒီထဲမှာ ဆီတီယန်လက်ထက် ဖလားပွဲတွေက သွင်းဂိုးအနည်းငယ်လည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ဘာစီလိုနာရဲ့အဓိကခေါ်ယူမှုဖြစ်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ တိုက်စစ်ပိုင်းဒဏ်ရာပြသနာတွေကြောင့် ကစားရချိန်အတွက်တော့ မပူပန်ခဲ့ရပါဘူး။ ဒါပေမဲ့ မက်ဆီနဲ့အတွဲအဖက်မိဖို့နဲ့ အသင်းရဲ့လိုအပ်ချက်အတွက်တော့ ကြိုးစားနေရဆဲဖြစ်ကာ အဲဒီအက်သလက်တီကိုတိုက်စစ်မှုးဟောင်းဟာ အခုချိန်ထိ နည်းပြရဲ့ယုံကြည်မှုကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးပါဘူး။

[Zawgyi]

ဆီတီယန္လက္ထက္ လာလီဂါတစ္ဂိုးတည္းသာသြင္းႏိုင္ေသးၿပီး ရုန္းကန္ေနရတဲ့ ဂရစ္ဇ္မန္း

တိုက္စစ္မႈးဂရစ္ဇ္မန္းဟာ နည္းျပဆီတီယန္လက္ထက္ လာလီဂါမွာ အျငင္းပြားဖြယ္မရွိ ပြဲထြက္ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမဲ့ အရင္နည္းျပေဟာင္းဗယ္ဗာဒီထုတ္ပယ္ခံခဲ့ရၿပီးကတည္းက အဲဒီျပင္သစ္သားဟာ ပုံမွန္ဂိုးသြင္းေျခမရွိေတာ့ပါဘူး။ တကယ္လည္း ဆီတီယန္လက္ထက္ လာလီဂါ ၈ ပြဲမွာ ဂရစ္ဇ္မန္းဟာ ဂီတာေဖးကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာပဲ တစ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

သူဟာ ဒီရာသီလာလီဂါမွာ လက္ရွိအခ်ိန္ထိ ၈ ဂိုးသြငး္ယူထားေပမယ့္ ၿပီးခဲ့တဲ့စေန ဆိုစီဒက္နဲ႔ ေနာက္ဆုံးကစားသြားခဲ့တဲ့ပြဲမွာလည္း ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ ဆီတီယန္ဟာ သူ႔လက္ထက္ လာလီဂါ ၈ ပြဲစလုံးမွာ ဂရစ္ဇ္မန္းကို ပြဲထြက္စာရင္းထဲ ထည့္သြင္းခဲ့ေပမယ့္ အဲဒီျပင္သစ္လက္ေရြးစင္ဟာ ဂိုးဖန္တီးမႈေတာင္ တစ္ႀကိမ္မွ မရွိခဲ့ပါဘူး။ တိုက္စစ္မႈးတစ္ေယာက္အေနနဲ႔ မဟုတ္ရင္ ဘယ္ေတာင္ပံမွာ ကစားရေလ့ရွိတဲ့ဂရစ္ဇ္မန္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ပြဲအနည္းငယ္မွာ ဂိုးသြင္းေျခေပ်ာက္ဆုံးေနခဲ့တာပါ။

ၿပိဳင္ပြဲအရပ္ရပ္ဆိုရင္ေတာ့ သူ႔ရဲ႕ဒီရာသီသြင္းဂိုးအေရအတြက္က ၁၄ ဂိုးရွိထားပါတယ္။ ဒီထဲမွာ ဆီတီယန္လက္ထက္ ဖလားပြဲေတြက သြင္းဂိုးအနည္းငယ္လည္း ပါ၀င္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီ ဘာစီလုိနာရဲ႕အဓိကေခၚယူမႈျဖစ္ခဲ့တဲ့ ဂရစ္ဇ္မန္းဟာ တိုက္စစ္ပိုင္းဒဏ္ရာျပသနာေတြေၾကာင့္ ကစားရခ်ိန္အတြက္ေတာ့ မပူပန္ခဲ့ရပါဘူး။ ဒါေပမဲ့ မက္ဆီနဲ႔အတြဲအဖက္မိဖို႔နဲ႔ အသင္းရဲ႕လိုအပ္ခ်က္အတြက္္ေတာ့ ႀကိဳးစားေနရဆဲျဖစ္ကာ အဲဒီအက္သလက္တီကိုတိုက္စစ္မႈးေဟာင္းဟာ အခုခ်ိန္ထိ နည္းျပရဲ႕ယံုၾကည္မႈကို ျပန္လည္ေပးဆပ္ႏိုင္ျခင္း မရွိေသးပါဘူး။