ဆီတီယန်လက်ထက်မှာ အသင်းဖော်တွေရဲ့အထောက်အပံ့မရဘဲ အကူအညီမဲ့ဖြစ်နေတဲ့မက်ဆီ

photo-gettyimages

photo-gettyimages

ဘာနေဗျူးကွင်းက စိတ်ပျက်စရာစွမ်းဆောင်မှုအပြီးမှာ မက်ဆီတစ်ယောက် ဘာစီလိုနာမှာ ပိုလို့တောင် အထီးကျန်နေတဲ့ပုံပေါက်ခဲ့ပါတယ်။ အဲဒီအာဂျင်တီးနားကြယ်ပွင့်ရဲ့ပံ့ပိုးပေးနိုင်မှုဟာ သံသယဝင်စရာမရှိသလို သူ့ကိုယ်တိုင်လည်း ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပေမယ့် ဆီတီယန်လက်ထက်မှာ တစ်ချိန်လုံး အဲဒါတွေပဲ သူလုပ်နေရပါတယ်။ နူးကမ့်ကို ဆီတီယန်ရောက်လာပြီးကတည်းက ဘာစီလိုနာရခဲ့တဲ့ဂိုးတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ မက်ဆီဟာ တိုက်ရိုက်ရော တိုက်ရိုက်မဟုတ်တာရော ပါဝင်ပတ်သက်ခဲ့ရပါတယ်။

photo-gettyimages

ဂီတာဖေးနဲ့ပွဲမှာ သူဟာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့သလို လီဂါနက်စ်ကို ၅-၀ နဲ့အနိုင်ရတော့ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးခဲ့တယ်။ ဒါ့အပြင် လီဗန်တေးကို ၂-၁ နဲ့နိုင်တဲ့ပွဲမှာ ၂ ဂိုးစလုံးကို သူဖန်တီးပေးခဲ့ပြီး ဘက်တစ်ကို ၃-၂ နဲ့နိုင်ခဲ့တဲ့ပွဲမှာလည်း ၃ ဂိုးစလုံးကို သူဖန်တီးပေးခဲ့ရတာပါ။ ဂီတာဖေးကို ၂-၁ နဲ့နိုင်တဲ့ပွဲမှာလည်း ၁ ဂိုးဖန်တီးခဲ့ပြီး အဲဒီပွဲအပြီး နူးကမ့်မှာ အီဘာကို ၅-၀ နဲ့အနိုင်ရတော့ သူ ၄ ဂိုးသွင်းခဲ့ပါတယ်။ မက်ဆီ မကူညီပေးနိုင်ချိန်ဆိုရင်တော့ ဘာစီလိုနာဟာ အနိုင်မရတော့ပါဘူး။ ဗလင်စီယာ၊ဘီလ်ဘာအိုနဲ့ရီးရဲလ်တို့ကို ရှုံးခဲ့တဲ့ပွဲတွေအပြင် နာပုလီနဲ့ ချန်ပီယံလိဂ်သရေပွဲတို့မှာဆိုရင် မက်ဆီဟာ ဂိုးလည်းမသွင်း၊ ဂိုးဖန်တီးမှုလည်း မရှိခဲ့ပါဘူး။

photo-gettyimages

ဗယ်ဗာဒီနေရာ ဆီတီယန်အစားဝင်လာပြီးကတည်းက မက်ဆီဟာ ပိုပြီးတော့ နောက်ဆင်းကစားခဲ့ရပါတယ်။ ဒါတောင်မှ သူဟာ ဒီရာသီလာလီဂါဂိုးအများဆုံးသွင်းသူစာရင်းမှာ ၁၈ ဂိုးနဲ့ ဦးဆောင်နေဆဲပါပဲ။ ဒုတိယနေရာက ဘင်ဇီမာတောင် ၁၃ ဂိုးသာသွင်းနိုင်တာပါ။ ဒါကြောင့် ဘာစီလိုနာအတွက် မက်ဆီရဲ့အရေးပါမှုဟာ ကွင်းတွင်းကွင်းပြင် ကြီးမားနေဆဲပါပဲ။ဒီတော့ မက်ဆီပျော်ရွှင်အောင် ထားဖို့နဲ့ သူ့ကို ကူညီပေးနိုင်မယ့်အသင်းဖော်တွေ ရှာဖွေပေးဖို့က အဲဒီကာတာလန်ကလပ်ရဲ့ဦးစားပေးဖြစ်သင့်ပါတယ်။

[Zawgyi]

ဆီတီယန္လက္ထက္မွာ အသင္းေဖာ္ေတြရဲ႕အေထာက္အပံ့မရဘဲ အကူအညီမဲ့ျဖစ္ေနတဲ့မက္ဆီ

ဘာေနဗ်ဴးကြင္းက စိတ္ပ်က္စရာစြမ္းေဆာင္မႈအၿပီးမွာ မက္ဆီတစ္ေယာက္ ဘာစီလိုနာမွာ ပိုလုိ႔ေတာင္ အထီးက်န္ေနတဲ့ပုံေပါက္ခဲ့ပါတယ္။ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ပံ့ပိုးေပးႏိုင္မႈဟာ သံသယ၀င္စရာမရွိသလို သူ႔ကိုယ္တုိင္လည္း ပြဲေတြကို အဆုံးအျဖတ္ေပးႏိုင္စြမ္းရွိေပမယ့္ ဆီတီယန္လက္ထက္မွာ တစ္ခ်ိန္လုံး အဲဒါေတြပဲ သူလုပ္ေနရပါတယ္။ ႏူးကမ့္ကို ဆီတီယန္ေရာက္လာၿပီးကတည္းက ဘာစီလိုနာရခဲ့တဲ့ဂိုးေတြရဲ႕ ၇၀ ရာခိုင္ႏႈန္းေက်ာ္မွာ မက္ဆီဟာ တိုက္ရိုက္ေရာ တိုက္ရိုက္မဟုတ္တာေရာ ပါ၀င္ပတ္သက္ခဲ့ရပါတယ္။

ဂီတာေဖးနဲ႔ပြဲမွာ သူဟာ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းခဲ့သလို လီဂါနက္စ္ကို ၅-၀ နဲ႔အႏုိင္ရေတာ့ ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးခဲ့တယ္။ ဒါ့အျပင္ လီဗန္ေတးကို ၂-၁ နဲ႔ႏိုင္တဲ့ပြဲမွာ ၂ ဂိုးစလုံးကို သူဖန္တီးေပးခဲ့ၿပီး ဘက္တစ္ကုိ ၃-၂ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာလည္း ၃ ဂိုးစလုံးကို သူဖန္တီးေပးခဲ့ရတာပါ။ ဂီတာေဖးကို ၂-၁ နဲ႔ႏုိင္တဲ့ပြဲမွာလညး္ ၁ ဂိုးဖန္တီးခဲ့ၿပီး အဲဒီပြဲအၿပီး ႏူးကမ့္မွာ အီဘာကို ၅-၀ နဲ႔အႏုိင္ရေတာ့ သူ ၄ ဂိုးသြင္းခဲ့ပါတယ္။ မက္ဆီ မကူညီေပးႏိုင္ခ်ိန္ဆုိရင္ေတာ့ ဘာစီလိုနာဟာ အႏုိင္မရေတာ့ပါဘူး။ ဗလင္စီယာ၊ဘီလ္ဘာအိုနဲ႔ရီးရဲလ္တုိ႔ကို ရႈံးခဲ့တဲဲ့ပြဲေတြအျပင္ နာပုလီနဲ႔ ခ်န္ပီယံလိဂ္သေရပြဲတုိ႔မွာဆိုရင္ မက္ဆီဟာ ဂိုးလည္းမသြင္း၊ ဂိုးဖန္တီးမႈလည္း မရွိခဲ့ပါဘူး။

ဗယ္ဗာဒီေနရာ ဆီတီယန္အစား၀င္လာၿပီးကတည္းက မက္ဆီဟာ ပုိၿပီးေတာ့ ေနာက္ဆင္းကစားခဲ့ရပါတယ္။ ဒါေတာင္မွ သူဟာ ဒီရာသီလာလီဂါဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ၁၈ ဂိုးနဲ႔ ဦးေဆာင္ေနဆဲပါပဲ။ ဒုတိယေနရာက ဘင္ဇီမာေတာင္ ၁၃ ဂိုးသာသြင္းႏိုင္တာပါ။ ဒါေၾကာင့္ ဘာစီလုိနာအတြက္ မက္ဆီရဲ႕အေရးပါမႈဟာ ကြင္းတြင္းကြင္းျပင္ ႀကီးမားေနဆဲပါပဲ။ဒီေတာ့ မက္ဆီေပ်ာ္ရႊင္ေအာင္ ထားဖုိ႔နဲ႔ သူ႔ကုိ ကူညီေပးႏိုင္မယ့္အသင္းေဖာ္ေတြ ရွာေဖြေပးဖို႔က အဲဒီကာတာလန္ကလပ္ရဲ႕ဦးစားေပးျဖစ္သင့္ပါတယ္။