ဆီတီယန်နေရာအစားဝင်ဖို့ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ ဝင်းဂါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်းအာစင်ဝင်းဂါးဟာ ဘာစီလိုနာနည်းပြဖြစ်လာမယ့်အခွင့်အရေးကို ပယ်ချလိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ လက်ရှိနည်းပြဆီတီယန်အပေါ်မှာ ယုံကြည်မှုမရှိတော့ပြီးနောက် လာလီဂါအသင်းကြီးဘာစီလိုနာဟာ သူတို့ရဲ့နည်းပြသစ်ရာထူးအတွက် ဝင်းဂါးကိုချဉ်းကပ်ခဲ့တာဖြစ်ပြီး အဲဒီပြင်သစ်သားက ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့ ပြင်သစ်သတင်းစာတစ်စောင်က ဖော်ပြခဲ့တာပါ။

photo-credit

အဲဒီအာဆင်နယ်နည်းပြဟောင်းဟာ ၂၂ နှစ်ကြာကိုင်တွယ်ခဲ့တဲ့မြောက်လန်ဒန်ကလပ်ကနေ ၂၀၁၈ မှာ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုယ်တွယ်ခြင်းမရှိသေးပါဘူး။ အဲဒီအစား အသက် ၇၀ အရွယ်ဝင်းဂါးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာက ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးဖွံ့ဖြိုးတိုးတက်မှုအကြီးအကဲတာဝန်ကို ရယူခဲ့ပါတယ်။

photo-credit

မကြာသေးခင်ကတော့ ဝင်းဂါးဟာ သူ့အနေနဲ့ တစ်သက်လုံး နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေးတာဝန်တွေကို ယူခဲ့ရတာဖြစ်လို့ နည်းပြလောကထဲ ပြန်ဝင်ချင်ကြောင်းကို အရိပ်အမြွက်ပြောထားပါတယ်။ ဒါပေမဲ့ သူသတ်မှတ်ထားတဲ့အခြေအနေရှိမှသာ စဉ်းစားမယ်လို့ ဆိုခဲ့ပါတယ်။

photo-credit

ဝင်းဂါးဟာ အာဆင်နယ်နည်းပြဘဝမှာ ဘာစီလိုနာနဲ့ ၉ ကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာ ၁ ကြိမ်သာအနိုင်ရခဲ့ဖူးပြီး အဲဒါက ၂၀၁၁ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ၂-၁ နဲ့အနိုင်ရခဲ့တာပါ။ သူ့နည်းပြဘဝမှာ အဲဒီလာလီဂါအသင်းကြီးကို ၆ ပွဲရှုံးနိမ့်ခဲ့ပြီး အဲဒီထဲမှာ နာကျင်စရာဖြစ်ခဲ့ရတဲ့ ၂၀၀၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲအရှုံးလည်း ပါဝင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဆီတီယန္ေနရာအစား၀င္ဖို႔ ဘာစီလိုနာရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္လိုက္တဲ့ ၀င္းဂါး

အာဆင္နယ္ဂႏၳ၀င္နည္းျပေဟာင္းအာစင္၀င္းဂါးဟာ ဘာစီလိုနာနည္းျပျဖစ္လာမယ့္အခြင့္အေရးကို ပယ္ခ်လိုက္တယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ လက္ရွိနည္းျပဆီတီယန္အေပၚမွာ ယုံၾကည္မႈမရွိေတာ့ၿပီးေနာက္ လာလီဂါအသင္းႀကီးဘာစီလုိနာဟာ သူတို႔ရဲ႕နည္းျပသစ္ရာထူးအတြက္ ၀င္းဂါးကိုခ်ဥ္းကပ္ခဲ့တာျဖစ္ၿပီး အဲဒီျပင္သစ္သားက ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့တယ္လုိ႔ ျပင္သစ္သတင္းစာတစ္ေစာင္က ေဖာ္ျပခဲ့တာပါ။

အဲဒီအာဆင္နယ္နည္းျပေဟာင္းဟာ ၂၂ ႏွစ္ၾကာကိုင္တြယ္ခဲ့တဲ့ေျမာက္လန္ဒန္ကလပ္ကေန ၂၀၁၈ မွာ ထြက္ခြာၿပီးကတည္းက ဘယ္အသင္းကုိမွ ကိုယ္တြယ္ျခင္းမရွိေသးပါဘူး။ အဲဒီအစား အသက္ ၇၀ အရြယ္၀င္းဂါးဟာ ၿပီးခဲ့တဲ့ႏွစ္ႏို၀င္ဘာက ဖီဖာရဲ႕ကမာၻလုံးဆိုင္ရာေဘာလုံးဖြံ႕ၿဖိဳးတိုးတက္မႈအႀကီးအကဲတာ၀န္ကုိ ရယူခဲ့ပါတယ္။

မၾကာေသးခင္ကေတာ့ ၀င္းဂါးဟာ သူ႔အေနနဲ႔ တစ္သက္လုံး ေန႔စဥ္ေန႔တုိင္း ေလ့က်င့္ေရးတာ၀န္ေတြကို ယူခဲ့ရတာျဖစ္လုိ႔ နည္းျပေလာကထဲ ျပန္၀င္ခ်င္ေၾကာင္းကို အရိပ္အျမြက္ေျပာထားပါတယ္။ ဒါေပမဲ့ သူသတ္မွတ္ထားတဲ့အေျခအေနရွိမွသာ စဥ္းစားမယ္လုိ႔ ဆုိခဲ့ပါတယ္။

၀င္းဂါးဟာ အာဆင္နယ္နည္းျပဘ၀မွာ ဘာစီလုိနာနဲ႔ ၉ ႀကိမ္ရင္ဆိုင္ခဲ့ဖူးရာမွာ ၁ ႀကိမ္သာအႏိုင္ရခဲ့ဖူးၿပီး အဲဒါက ၂၀၁၁ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ၂-၁ နဲ႔အႏိုင္ရခဲ့တာပါ။ သူ႔နည္းျပဘ၀မွာ အဲဒီလာလီဂါအသင္းႀကီးကို ၆ ပြဲရႈံးနိမ့္ခဲ့ၿပီး အဲဒီထဲမွာ နာက်င္စရာျဖစ္ခဲ့ရတဲ့ ၂၀၀၆ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲအရႈံးလည္း ပါ၀င္ပါတယ္။