ဆိုးသွမ်း လီဗာပူး ပရိသတ်တွေအတွက် နည်းပြကလော့ပ်ရဲ့ ပြောစကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကစားဖို့ အတွက် သွားရာလမ်းတွင်ဆိုးသွမ်း လီဗာပူးပရိသတ်တွေကတော့ စရိုက်ကျခဲ့ကြပါတယ်။

သူတို့တွေက ရီးရဲမက်ဒရစ်အသင်း စီးနင်းလာတဲ့ ဘတ်စ်ကား ပြတင်းပေါက် မှန်တစ်ချပ် ကွဲသွားအောင် လုပ်ခဲ့ကြပါတယ်။

လီဗာပူးပရိသတ်တွေဟာ အန်ဖီးကွင်းကိုဝင်ရာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် အနီရောင် မီးပန်းများနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ ဘတ်စ်ကားကို ဆူညံစွာကြိုဆိုခဲ့ကြတာပါ။မှန်ကွဲခဲ့ရတာကတော့ မီးပန်းများကြောင့်မဟုတ်ဘဲ တစ်စုံတစ်ခုနဲ့ ကားမှန်ကို ပစ်ခတ်ခဲ့တာကြောင့် ကွဲရတာပါ။

ပစ်ခတ်သူက ဘယ်သူဘယ်ဝါဆိုတာကတော့ အတိအကျမသိရသေးပါဘူး။ အဲဒီကိစ္စအတွက် လီဗာပူးအသင်းက တောင်းပန်ကြောင်းနှင့် ထိုအဖြစ်အပျက်အတွက် တာဝန်ရှိသူကို ရဲအဖွဲ့နှင့်အတူ စုံစမ်းမှုများ ပြုလုပ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လီဗာပူးနည်းပြကလော့ပ်က “အဲ ဒါက အသင်းရဲ့ ပုံရိပ်ကိုကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုမှ လက်သင့်ခံစရာမရှိပါဘူး။ ဒီလို တိုက်ခိုက်ခဲ့တဲ့ ဆိုးသွမ်းပရိသတ်တွေကို အရေးယူရမှာပါ”

“အသင်းတာဝန်ရှိသူတွေအနေနဲ့ မာဆေးဆိုဒ်ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး အမြန်ဆုံးအရေးယူမှုတွေလုပ်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါက ဉာဏ်နည်းတဲ့လုပ်ရပ်ပါ။ ရယ်စရာဟာသ ဖြစ်ရပ်တစ်ခုမဟုတ်ပါဘူး။ သူတို့ကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်သွားဖို့အတွက် မျှော်လင့်နေပါတယ်” လို့ပြောဆိုပါတယ်။

လီဗာပူးပရိသတ်အချို့ဟာ နဂိုကလည်း အဲလို စရိုက်ကျဖူးပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မန်စီးတီးအသင်း စီးလာတဲ့ ဘတ်စ်ကားကို ရေပုလင်းများ၊ သံဗူးများနဲ့ အန်ဖီးကွင်းအဝင်တွင် ပစ်ပေါက်ခဲ့ကြပါတယ်။
အဲဒီတုန်းက လီဗာပူးအသင်းဟာ ယူရို ၂၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးသြမ္း လီဗာပူး ပရိသတ္ေတြအတြက္ နည္းျပကေလာ့ပ္ရဲ႕ ေျပာစကား

ယမန္ေန႔ညက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ ကစားဖို႔ အတြက္ သြားရာလမ္းတြင္ဆိုးသြမ္း လီဗာပူးပရိသတ္ေတြကေတာ့ စ႐ိုက္က်ခဲ့ၾကပါတယ္။ သူတို႔ေတြက ရီးရဲမက္ဒရစ္အသင္း စီးနင္းလာတဲ့ ဘတ္စ္ကား ျပတင္းေပါက္ မွန္တစ္ခ်ပ္ ကြဲသြားေအာင္ လုပ္ခဲ့ၾကပါတယ္။

လီဗာပူးပရိသတ္ေတြဟာ အန္ဖီးကြင္းကိုဝင္ရာ လမ္းေဘးတစ္ဖက္တစ္ခ်က္တြင္ အနီေရာင္ မီးပန္းမ်ားနဲ႔ ရီးရဲမက္ဒရစ္အသင္းရဲ႕ ဘတ္စ္ကားကို ဆူညံစြာႀကိဳဆိုခဲ့ၾကတာပါ။မွန္ကြဲခဲ့ရတာကေတာ့ မီးပန္းမ်ားေၾကာင့္မဟုတ္ဘဲ တစ္စုံတစ္ခုနဲ႔ ကားမွန္ကို ပစ္ခတ္ခဲ့တာေၾကာင့္ ကြဲရတာပါ။

ပစ္ခတ္သူက ဘယ္သူဘယ္ဝါဆိုတာကေတာ့ အတိအက်မသိရေသးပါဘူး။ အဲဒီကိစၥအတြက္ လီဗာပူးအသင္းက ေတာင္းပန္ေၾကာင္းႏွင့္ ထိုအျဖစ္အပ်က္အတြက္ တာဝန္ရွိသူကို ရဲအဖြဲ႕ႏွင့္အတူ စုံစမ္းမႈမ်ား ျပဳလုပ္ေနေၾကာင္း တရားဝင္ သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး လီဗာပူးနည္းျပကေလာ့ပ္က “အဲ ဒါက အသင္းရဲ႕ ပုံရိပ္ကိုက်ဆင္းေစတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုမွ လက္သင့္ခံစရာမရွိပါဘူး။ ဒီလို တိုက္ခိုက္ခဲ့တဲ့ ဆိုးသြမ္းပရိသတ္ေတြကို အေရးယူရမွာပါ”

“အသင္းတာဝန္ရွိသူေတြအေနနဲ႔ မာေဆးဆိုဒ္ရဲတပ္ဖြဲ႕နဲ႔ေပါင္းၿပီး အျမန္ဆုံးအေရးယူမႈေတြလုပ္သြားမယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဒါက ဉာဏ္နည္းတဲ့လုပ္ရပ္ပါ။ ရယ္စရာဟာသ ျဖစ္ရပ္တစ္ခုမဟုတ္ပါဘူး။ သူတို႔ကို ျပင္းထန္တဲ့ အေရးယူမႈေတြလုပ္သြားဖို႔အတြက္ ေမွ်ာ္လင့္ေနပါတယ္” လို႔ေျပာဆိုပါတယ္။

လီဗာပူးပရိသတ္အခ်ိဳ႕ဟာ နဂိုကလည္း အဲလို စ႐ိုက္က်ဖူးပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက မန္စီးတီးအသင္း စီးလာတဲ့ ဘတ္စ္ကားကို ေရပုလင္းမ်ား၊ သံဗူးမ်ားနဲ႔ အန္ဖီးကြင္းအဝင္တြင္ ပစ္ေပါက္ခဲ့ၾကပါတယ္။
အဲဒီတုန္းက လီဗာပူးအသင္းဟာ ယူ႐ို ၂၀၀၀၀ ဒဏ္႐ိုက္ခံခဲ့ရပါတယ္။