ဆိုးလ်ရှား စွန့်စားသုံးရမယ့် ကစားသမားက ဒီယာလိုလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဟာ သုံးပွဲဆက် သွင်းဂိုးမဲ့နေခဲ့ပြီး အိုလေ ဂန်နားဆိုးရှားက ပုံစံကောင်း ပြန်လည်ပြသနိုင်ဖို့ အလိုရှိနေပါတယ်။ အသင်းက အပြောင်းအလဲ လိုအပ်နေချိန်မှာ ဒီယာလိုကို အသုံးပြုသင့်တာနဲ့ ပတ်သက်ပြီး အကြံပေးတာတွေလည်းရှိပါတယ်။ နည်းပြဆိုးလ်ရှားက “ကျွန်တော့်မှာ မားကပ်ရက်ရှ်ဖို့ဒ်၊ မေဆင်တို့ရှိနေတယ်၊ ဘရူနို၊ တော်မီနေးတို့လည်းရှိပါတယ်။ မြန်နှုန်းမြှင့်တင်နိုင်ဖို့ အတွက်လည်း ဂျိမ်းစ်ရှိပါတယ်။”

“အဲဒီကစားသမားတွေကပဲ ကျွန်တော်တို့ရခဲ့တဲ့ ဂိုးတွေမှာ အဓိကနေရာက ပါဝင်ခဲ့ကြတာပါ။ ကျွန်တော့်မှာ ရှိုလာနဲ့အာမက်လည်း ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီသူတွေအကုန်လုံးကို ထည့်ကစားဖို့လိုလို့လား။” ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။ ဆိုးရှားက ယူနိုက်တက်အတွက် သင့်လျော်တဲ့ နည်းပြပါ ။ စတင်ရောက်ရှိလာကတည်းက အသင်းကို ပြုပြင်ပေးခဲ့တယ် ။ ဒါပေမယ့် ကြီးမားတဲ့ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ သတ္တိမရှိဘူး ဖြစ်နေပါတယ်။

ဆာအဲလက် ဖာဂူဆန် လက်ထက် သွင်းဂိုး လိုအပ်နေချိန်မှာ မာချီဒါ ( သို့ )ရော်နယ်ဒိုတို့ကို အရဲစွန့်ပြီး ထည့်သွင်းလေ့ရှိတယ်။ သူက တခါတလေစွန့်စားလေ့ရှိပြီး အဲဒီ စွန့်စားမှုတွေက အကျိုးပြုခဲ့ပါတယ်။

ဒီယာလိုက အဆိုပါ အခွင့်အရေးမျိုးကို အသုံးချခံဖို့ အတွက်အသင့်ရှိနေပါတယ်။ ဒါပေမယ့် ပဲလေ့စ် ၊ ချဲလ်ဆီးတို့နဲ့ ပွဲစဉ် သွင်းဂိုးလိုအပ်နေချိန် ကစားခွင့်မရဘဲ
အရန်ခုံမှာ ဆက်နေခဲ့ရပါတယ်။ ပွဲပန်းနေတဲ့ ကစားသမားတွေနေရာမှာ ဒီယာလိုက အားဆေးတစ်ခွက် မဟုတ်ဘူးလို့ မဆိုနိုင်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆိုးလ္ရွား စြန္႔စားသုံးရမယ့္ ကစားသမားက ဒီယာလိုလား

ယူႏိုက္တက္ဟာ သုံးပြဲဆက္ သြင္းဂိုးမဲ့ေနခဲ့ၿပီး အိုေလ ဂန္နားဆိုးရွားက ပုံစံေကာင္း ျပန္လည္ျပသႏိုင္ဖို႔ အလိုရွိေနပါတယ္။ အသင္းက အေျပာင္းအလဲ လိုအပ္ေနခ်ိန္မွာ ဒီယာလိုကို အသုံးျပဳသင့္တာနဲ႔ ပတ္သက္ၿပီး အႀကံ​ေပးတာ​ေတြလည္းရွိပါတယ္။ နည္းျပဆိုးလ္ရွားက “ကြၽန္​ေတာ့္မွာ မားကပ္ရက္ရွ္ဖို႔ဒ္၊ ေမဆင္တို႔ရွိေနတယ္၊ ဘ႐ူႏို၊ ​ေတာ္မီ​ေနးတို႔လည္းရွိပါတယ္။ ျမန္ႏႈန္းျမႇင့္တင္ႏိုင္ဖို႔ အတြက္လည္း ဂ်ိမ္းစ္ရွိပါတယ္။”

“အဲဒီကစားသမားေတြကပဲ ကြၽန္ေတာ္တို႔ရခဲ့တဲ့ ဂိုးေတြမွာ အဓိကေနရာက ပါဝင္ခဲ့ၾကတာပါ။ ကြၽန္ေတာ့္မွာ ရႈိလာနဲ႔အာမက္လည္း ရွိပါေသးတယ္။ ဒါေပမယ့္ အဲဒီသူ​ေတြအကုန္လုံးကို ထည့္ကစားဖို႔လိုလို႔လား။” ဆိုၿပီး ​ေျပာဆိုခဲ့ဖူးပါတယ္။ ဆိုးရွားက ယူႏိုက္တက္အတြက္ သင့္ေလ်ာ္တဲ့ နည္းျပပါ ။ စတင္ေရာက္ရွိလာကတည္းက အသင္းကို ျပဳျပင္ေပးခဲ့တယ္ ။ ဒါေပမယ့္ ႀကီးမားတဲ့ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔ သတၱိမရွိဘူး ျဖစ္ေနပါတယ္။

ဆာအဲ လက္ ဖာဂူဆန္ လက္ထက္ သြင္းဂိုး လိုအပ္ေနခ်ိန္မွာ မာခ်ီဒါ ( သို႔ )ေရာ္နယ္ဒိုတို႔ကို အရဲစြန္႔ၿပီး ထည့္သြင္းေလ့ရွိတယ္။ သူက တခါတေလစြန႔္စားေလ့ရွိၿပီး အဲဒီ စြန႔္စားမႈေတြက အက်ိဳးျပဳခဲ့ပါတယ္။ ဒီယာလိုက အဆိုပါ အခြင့္အေရးမ်ိဳးကို အသုံးခ်ခံဖို႔ အတြက္အသင့္ရွိေနပါတယ္။ ဒါေပမယ့္ ပဲေလ့စ္ ၊ ခ်ဲလ္ဆီးတို႔နဲ႔ ပြဲစဥ္ သြင္းဂိုးလိုအပ္ေနခ်ိန္ ကစားခြင့္မရဘဲ အရန္ခုံမွာ ဆက္ေနခဲ့ရပါတယ္။ ပြဲပန္း​ေနတဲ့ ကစားသမား​ေတြ​ေနရာမွာ ဒီယာလိုက ​အား​ေဆးတစ္ခြက္ မဟုတ္ဘူးလို႔ မ​ဆိုႏိုင္ပါဘူး။