ဆိုးလ်ရှားအပေါ်မနာလိုနေကြတာ မြင်မကောင်းဘူးလို့ ဒွိုက်ယော့ခ် ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က လက်ရှိမန်ယူနည်းပြ ဆိုးလ်ရှားအပေါ်ဝေဖန်နေကြတာဟာ သူအောင်မြင်သွားမှာ စိုးရိမ်တဲ့ မနာလိုစိတ်ကနေထွက်ပေါ်လာတာလို့ ပြောလိုက်ပါတယ်။ ထရီနီဒက်တိုဘာဂို လက်ရွေးစင်ဟောင်းဖြစ်တဲ့ ဒွိုက်ယော့ခ် ဟာမန်ယူအသင်းမှာ ဆိုးလ်ရှားနဲ့ ကစားဖော်တွေဖြစ်ခဲ့ပြီး ၁၉၉၉ က ဆုဖလား ၃ လုံးရတဲ့အသင်းမှာ အတူပါဝင်ခဲ့ကြပါတယ်။

ဆိုးလ်ရှားဟာ ၂၀၁၈ ဒီဇင်ဘာလက မော်ရင်ဟိုရဲ့နေရာမှာ ယာယီနည်းပြအဖြစ် တာဝန်ပေးခြင်းခံခဲ့ရသူဖြစ်ပြီး ၂၀၁၉ မတ်လမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ သူဟာလက်ရှိမှာ မန်ယူအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်အောင် စွမ်းဆောင်ပေးထားလို့ မန်ယူဟာလည်း ၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ရယူဖို့မျှော်လင့်ချက်လည်း ရှိလာပါတယ်။

သူဟာပြီးခဲ့တဲ့ ရာသီကလည်း မန်ယူကို ပရီးမီးယားလိဂ်မှာ တတိယရစေခဲ့တဲ့အပြင် လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် တို့မှာလည်းဆီမီးရောက်‌ အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုရာသီအစမှာ မန်ယူအသင်းခြေစွမ်းမမှန်တာ၊ ချန်ပီယံလိဂ်ကနေ မထွက်သင့်ဘဲထွက်ခဲ့ ရတာတွေကြောင့် မန်ယူကစားသမားဟောင်းတွေ ကိုယ်တိုင်ရဲ့ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရပါတယ်။

သူ့ကို ဝေဖန်တဲ့အထဲမှာ ပေါလ်စခိုးလ်နဲ့ ပေါလ်အင့်စ် တို့လိုနာမည်ကျော်အသင်းသားဟောင်းတွေလည်းပါဝင်ခဲ့ပါ တယ်။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဒွိုက်ယော့ခ်က” ဆိုးလ်ရှားကို ကိုယ့်လူရင်းတွေထဲကနေဘဲ မနာလိုနေကြတာမြင်တောင်မကောင်းပါဘူး။ လူတွေက သူအောင်မြင်မှာကို မမြင်ချင်ကြပါဘူး။ ဒါကလည်းသူတို့မှာ အကြောင်းရှိမှာပေါ့။

ကျွန်တော်ဒါတွေကို ကြည့်ပြီးနားထောင်ကြည့်လိုက်တော့ သူတို့တွေမနာလိုကြဘူးဆိုတာ အထင်းသားပေါ်နေတာပါ။ သူဟာ ကာဒစ်ဖ်ကိုလည်းအောင်မြင်အောင် လုပ်မပြနိုင်တဲ့အပြင် မိုလ်ဒီလိုအသင်းကိုသာ ကိုင်တွယ်ပြီးမှ မန်ယူလိုထိပ်တန်းအသင်းရဲ့နည်းပြ ရာထူးကိုရလိုက်တာလေ။ ဒီရာထူးကို လိုချင်တဲ့သူတွေကလည်းအများသားမဟုတ်လား။

သူတို့မရဘဲ ဆိုးလ်ရှားက ရလိုက်ပြီး တစ်ဝိုင်းလုံးကိုစားလိုက်သလိုဖြစ်တော့ မနာလိုဖြစ်ကြတာပေါ့။ ဒါပေမယ့် ဆိုးလ်ရှားဟာ ဒါတွေကိုအရေးမစိုက်ဘဲ သူ့ယုံကြည်မှုနဲ့ သူ့အတွေ့အကြုံတွေကို အသုံးချကာအကောင်းဆုံး လုပ်ပေးနေတာပါ။ အခုသူတို့ရပ်တည်နေတဲ့ နေရာကိုကြည့်ကြပေါ့ဗျာ” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆိုးလ္ရွားအေပၚမနာလိုေနၾကတာ ျမင္မေကာင္းဘူးလို႔ ဒြိဳက္ေယာ့ခ္ ေျပာ

မန္ယူအသင္းတိုက္စစ္မႉးေဟာင္း ဒြိဳက္ေယာ့ခ္က လက္ရွိမန္ယူနည္းျပ ဆိုးလ္ရွားအေပၚေဝဖန္ေနၾကတာဟာ သူေအာင္ျမင္သြားမွာ စိုးရိမ္တဲ့ မနာလိုစိတ္ကေနထြက္ေပၚလာတာလို႔ ေျပာလိုက္ပါတယ္။ ထရီနီဒက္တိုဘာဂို လက္ေ႐ြးစင္ေဟာင္းျဖစ္တဲ့ ဒြိဳက္ေယာ့ခ္ ဟာမန္ယူအသင္းမွာ ဆိုးလ္ရွားနဲ႔ ကစားေဖာ္ေတြျဖစ္ခဲ့ၿပီး ၁၉၉၉ က ဆုဖလား ၃ လုံးရတဲ့အသင္းမွာ အတူပါဝင္ခဲ့ၾကပါတယ္။

ဆိုးလ္ရွားဟာ ၂၀၁၈ ဒီဇင္ဘာလက ေမာ္ ရင္ဟိုရဲ႕ေနရာမွာ ယာယီနည္းျပအျဖစ္ တာဝန္ေပးျခင္းခံခဲ့ရသူျဖစ္ၿပီး ၂၀၁၉ မတ္လမွာ အၿမဲတမ္းနည္းျပအ ျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။ သူဟာလက္ရွိမွာ မန္ယူအသင္းကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္ တည္ေအာင္ စြမ္းေဆာင္ေပးထားလို႔ မန္ယူဟာလည္း ၈ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယား လိဂ္ ခ်န္ပီယံဘြဲ႕ကို ရယူဖို႔ေမွ်ာ္လင့္ခ်က္လည္း ရွိလာပါတယ္။ သူဟာၿပီးခဲ့တဲ့ ရာသီကလည္း မန္ယူကို ပရီးမီး ယားလိဂ္မွာ တတိယရေစခဲ့တဲ့အျပင္ လိဂ္ဖလား၊ အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ တို႔မွာလည္းဆီမီးေရာက္‌ ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုရာသီအစမွာ မန္ယူအသင္းေျခစြမ္းမမွန္တာ၊ ခ်န္ပီယံလိဂ္ကေန မထြက္သင့္ဘဲထြက္ခဲ့ ရတာေတြေၾကာင့္ မန္ယူကစားသမားေဟာင္းေတြ ကိုယ္တိုင္ရဲ႕ ေဝဖန္မႈကို အျပင္းအထန္ခံခဲ့ရပါတယ္။

သူ႔ကို ေဝဖန္တဲ့အထဲမွာ ေပါလ္စခိုးလ္နဲ႔ ေပါလ္အင့္စ္ တို႔လိုနာမည္ေက်ာ္အသင္း သားေဟာင္းေတြလည္းပါဝင္ခဲ့ပါ တယ္။ အသက္ ၄၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဒြိဳက္ေယာ့ခ္က” ဆိုးလ္ရွားကို ကိုယ့္လူရင္းေတြထဲကေနဘဲ မနာလိုေနၾက တာျမင္ေတာင္မေကာင္းပါဘူး။ လူေတြက သူေအာင္ျမင္မွာကို မျမင္ခ်င္ၾကပါဘူး။ ဒါကလည္းသူတို႔မွာ အ ေၾကာင္းရွိမွာေပါ့။ ကြၽန္ေတာ္ဒါေတြကို ၾကည့္ၿပီးနားေထာင္ၾကည့္လိုက္ေတာ့ သူတို႔ေတြမနာလိုၾကဘူးဆိုတာ အထင္းသားေပၚေနတာပါ။

သူဟာ ကာဒစ္ဖ္ကိုလည္းေအာင္ျမင္ေအာင္ လုပ္မျပႏိုင္တဲ့အျပင္ မိုလ္ဒီလိုအသင္း ကိုသာ ကိုင္တြယ္ၿပီးမွ မန္ယူလိုထိပ္တန္းအသင္းရဲ႕နည္းျပ ရာထူးကိုရလိုက္တာေလ။ ဒီရာထူကို လိုခ်င္တဲ့သူ ေတြကလည္းအမ်ားသားမဟုတ္လား။ သူတို႔မရဘဲ ဆိုးလ္ရွားက ရလိုက္ၿပီး တစ္ဝိုင္းလုံးကိုစားလိုက္သလိုျဖစ္ ေတာ့ မနာလိုျဖစ္ၾကတာေပါ့။ ဒါေပမယ့္ ဆိုးလ္ရွားဟာ ဒါေတြကိုအေရးမစိုက္ဘဲ သူ႔ယုံၾကည္မႈနဲ႔ သူ႔အေတြ႕ အႀကဳံေတြကို အသုံးခ်ကာအေကာင္းဆုံး လုပ္ေပးေနတာပါ။ အခုသူတို႔ရပ္တည္ေနတဲ့ ေနရာကိုၾကည့္ၾကေပါ့ ဗ်ာ” လို႔ေျပာသြားပါတယ္။