ဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီမှာ ဆုဖလားတခုခုရအောင် လုပ်ပြရတော့မယ်လို့ ရွန်းနီ သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းက ရာသီကြိုပြင်ဆင်မှုအဖြစ် ပထမဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဂန္တဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ကိုင်တွယ်နေတဲ့ ဒါဘီအသင်းကို ( ၂-၁ ) နဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရွန်းနီ က လာမယ့်ရာသီအတွက် ပြင်ဆင်မှုကြီးကြီးမားမားတွေလုပ်ဆောင်နေတဲ့ မန်ယူအသင်းရဲ့အခြေအနေနဲ့ အသင်းဖော်ဟောင်း ဆိုးလ်ရှား ကြုံတွေ့ရမယ့် ဖိအားတွေကို အခုလို သုံးသပ်ပြောကြားခဲ့ပါတယ်။

“ ဆန်ချို က မကြာခင် အသင်းကိုရောက်လာတော့မယ်။

နောက်ထပ် ကစားသမားကောင်းတွေလည်း ထပ်ရောက်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေတယ်။

ပရိသတ်တွေ တောင့်တနေတဲ့ ဆုဖလားအောင်မြင်မှုတွေပြန်ရအောင် လုပ်ပေးရမယ့် အချိန်ရောက်နေပါပြီ။

အိုလေ နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဟာ ပရိသတ်တွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖိအားတွေကို စပြီးရင်ဆိုင်ရတော့မှာပါ “

“ လက်ရှိအချိန်မှာ မန်စီးတီး ၊ ချဲလ်ဆီး နဲ့ လီဗာပူးလ် တို့က အရမ်းကိုကောင်းနေတဲ့ အသင်းတွေပါ။

ဒါပေမဲ့ မန်ယူ ကလည်း တဖြေးဖြေးနဲ့ ကောင်းသထက်ကောင်းလာပါပြီ။

ကျွန်တော့်အထင် လာမယ့်ရာသီမှာ မန်ယူ အသင်းအနေနဲ့ သူတို့ရှိနေသင့်တဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်မဲ့ နေရာမှာ ရှိနေမယ်လို့ ထင်ပါတယ် “ လို့ ပွဲအပြီးမှာ ရွန်းနီ က သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား ဟာ မန်ယူအသင်းကို နည်းပြနေတာ ၃ နှစ်ဝန်းကျင် ရှိနေပြီဖြစ်ပေမဲ့ ဆုဖလားအောင်မြင်မှုတခုမှ ရယူပေးနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

ဒီနှစ်မှာတော့ သူ့စိတ်ကြိုက် ကစားသမားတွေကို စျေးကြီးပေးကာ ခေါ်ယူပေးထားတာကြောင့် ဆိုးလ်ရှား အနေနဲ့ ဆုဖလားတခုခုတော့ မဖြစ်မနေရယူပေးရတော့မှာပါ။ ဒါမှမဟုတ်ရင်တော့ မန်ယူအသင်းရဲ့ နည်းပြထိုင်ခုံကို ဆိုးလ်ရှား တယောက် လက်ပြနှုတ်ဆက်ရမှာ သေချာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆိုးလ္ရွားအေနနဲ႔ လာမယ့္ရာသီမွာ ဆုဖလားတခုခုရေအာင္ လုပ္ျပရေတာ့မယ္လို႔ ႐ြန္းနီ သတိေပး

မန္ယူအသင္းက ရာသီႀကိဳျပင္ဆင္မႈအျဖစ္ ပထမဆုံးကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ဂႏၲဝင္တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္းနီ ကိုင္တြယ္ေနတဲ့ ဒါဘီအသင္းကို ( ၂-၁ ) နဲ႔ အႏိုင္ရခဲ့ပါတယ္။ပြဲအၿပီးမွာေတာ့ ႐ြန္းနီ က လာမယ့္ရာသီအတြက္ ျပင္ဆင္မႈႀကီးႀကီးမားမားေတြလုပ္ေဆာင္ေနတဲ့ မန္ယူအသင္းရဲ႕အေျခအေနနဲ႔ အသင္းေဖာ္ေဟာင္း ဆိုးလ္ရွား ႀကဳံေတြ႕ရမယ့္ ဖိအားေတြကို အခုလို သုံးသပ္ေျပာၾကားခဲ့ပါတယ္။

“ ဆန္ခ်ိဳ က မၾကာခင္ အသင္းကိုေရာက္လာေတာ့မယ္။ ေနာက္ထပ္ ကစားသမားေကာင္းေတြလည္း ထပ္ေရာက္ဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္ေနတယ္။ ပရိသတ္ေတြ ေတာင့္တေနတဲ့ ဆုဖလားေအာင္ျမင္မႈေတြျပန္ရေအာင္ လုပ္ေပးရမယ့္ အခ်ိန္ေရာက္ေနပါၿပီ။ အိုေလ နဲ႔ သူ႔ရဲ႕နည္းျပအဖြဲ႕ဝင္ေတြဟာ ပရိသတ္ေတြရဲ႕ ဆႏၵကိုျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ ဖိအားေတြကို စၿပီးရင္ဆိုင္ရေတာ့မွာပါ ““ လက္ရွိအခ်ိန္မွာ မန္စီးတီး ၊ ခ်ဲလ္ဆီး နဲ႔ လီဗာပူးလ္ တို႔က အရမ္းကိုေကာင္းေနတဲ့ အသင္းေတြပါ။ ဒါေပမဲ့ မန္ယူ ကလည္း တေျဖးေျဖးနဲ႔ ေကာင္းသထက္ေကာင္းလာပါၿပီ။ ကြၽန္ေတာ့္အထင္ လာမယ့္ရာသီမွာ မန္ယူ အသင္းအေနနဲ႔ သူတို႔ရွိေနသင့္တဲ့ ဆုဖလားေတြကို စိန္ေခၚႏိုင္မဲ့ ေနရာမွာ ရွိေနမယ္လို႔ ထင္ပါတယ္ “ လို႔ ပြဲအၿပီးမွာ ႐ြန္းနီ က သုံးသပ္သြားခဲ့တာျဖစ္ပါတယ္။ဆိုးလ္ရွား ဟာ မန္ယူအသင္းကို နည္းျပေနတာ ၃ ႏွစ္ဝန္းက်င္ ရွိေနၿပီျဖစ္ေပမဲ့ ဆုဖလားေအာင္ျမင္မႈတခုမွ ရယူေပးႏိုင္ခဲ့ျခင္း မရွိေသးပါဘူး။ ဒီႏွစ္မွာေတာ့ သူ႔စိတ္ႀကိဳက္ ကစားသမားေတြကို ေစ်းႀကီးေပးကာ ေခၚယူေပးထားတာေၾကာင့္ ဆိုးလ္ရွား အေနနဲ႔ ဆုဖလားတခုခုေတာ့ မျဖစ္မေနရယူေပးရေတာ့မွာပါ။ ဒါမွမဟုတ္ရင္ေတာ့ မန္ယူအသင္းရဲ႕ နည္းျပထိုင္ခုံကို ဆိုးလ္ရွား တေယာက္ လက္ျပႏႈတ္ဆက္ရမွာ ေသခ်ာပါတယ္။