ဆိုးလ်ရှားလက်ထက် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲက(၁၃)ပွဲအထိရှိပြီး (၂၁%)အထိရှုံးနိမ့်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားအတွက် နောက်ထပ်စိတ်ပျက်စရာမှတ်တမ်းအဖြစ်

သူ့လက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်း အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တာက(၁၃)ပွဲအထိရှိပြီး (၂၁%)အထိရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဆိုးတစ်ခုပိုင်ဆိုင်ခဲ့ပြန်ပါပြီ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက မန်စီးတီးအသင်းကို အိမ်ကွင်းမှာ(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အိမ်ကွင်း(၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို (၃)ပွဲရှုံး၊ (၁)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

အခုဆိုရင် ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝတစ်လျှောက် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲပေါင်း(၅၅)ပွဲသာကိုင်တွယ်ခဲ့ချိန်မှာ (၁၃)ပွဲအထိရှုံးနိမ့်ခဲ့ပြီး

ရာခိုင်နှုန်းအရ(၂၁%)ရှိတာကြောင့် ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ပြီးရင် အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။

ဒါပေမဲ့ ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းနည်းပြဘဝ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲပေါင်း(၄၀၅)ပွဲအထိကိုင်တွယ်ခဲ့ချိန်မှာ (၃၄)ပွဲသာရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲရာခိုင်နှုန်း(၅၄%)ရှိခဲ့ပေမယ့်

ပျမ်းမျှပြန်တွက်ကြည့်ရင် ဖာဂူဆန်လက်ထက် ယူနိုက်တက်အသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲပေါင်း(၇၅%)မှာ (၈%)သာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဘဝမှာတုန်းက ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရလို့ (၈)လအကြာမှာပဲရာထူးကအထုတ်ခံခဲ့ရတဲ့ ဒေးဗစ်မွိုက်စ်လက်ထက်မှာတောင် ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်းက(၉.၅%)သာရှိခဲ့ပြီး (၁၆)ပွဲမှာ (၆)ပွဲရှုံးနိမ့်ခဲ့တာပါ။

ယူနိုက်တက်အသင်းနည်းပြတွေထဲမှာ အိမ်ကွင်းရှုံးပွဲရာခိုင်နှုန်းတတိယမြောက်အများဆုံးဖြစ်ခဲ့တာက နည်းပြဟောင်းမော်ရင်ဟိုဖြစ်ပြီး (၄၆)ပွဲမှာ၊ (၄)ပွဲရှုံးနိမ့်ခဲ့တာကြောင့် ရာခိုင်နှုန်းအနေနဲ့(၆%)ရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် FA ဖလားရယူခဲ့တဲ့ နာမည်ကျော်နည်းပြဟောင်းဗန်ဟားလ်လက်ထက်မှာတော့ အိမ်ကွင်း(၃၈)ပွဲမှာ (၅)ပွဲရှုံးခဲ့တဲ့အတွက် ရာခိုင်နှုန်းအရ(၈%)ရှိခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားလက္ထက္ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲက(၁၃)ပြဲအထိရွိၿပီး (၂၁%)အထိရႈံးနိမ့္ခဲ့

ဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားအတြက္ ေနာက္ထပ္စိတ္ပ်က္စရာမွတ္တမ္းအျဖစ္ သူ႔လက္ထက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္း အိမ္ကြင္းရႈံးပြဲေတြ႕ခဲ့တာက(၁၃)ပြဲအထိရွိၿပီး (၂၁%)အထိရႈံးနိမ့္ခဲ့တယ္ဆိုတဲ့ မွတ္တမ္းဆိုးတစ္ခုပိုင္ဆိုင္ခဲ့ျပန္ပါၿပီ။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့စေနေန႔တုန္းက မန္စီးတီးအသင္းကို အိမ္ကြင္းမွာ(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္အိမ္ကြင္း(၄)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့သလို (၃)ပြဲရႈံး၊ (၁)ပြဲသေရရလဒ္ထြက္ေပၚခဲ့ပါတယ္။ အခုဆိုရင္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပဘဝတစ္ေလွ်ာက္ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေပါင္း(၅၅)ပြဲသာကိုင္တြယ္ခဲ့ခ်ိန္မွာ (၁၃)ပြဲအထိရႈံးနိမ့္ခဲ့ၿပီး ရာခိုင္ႏႈန္းအရ(၂၁%)ရွိတာေၾကာင့္ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ၿပီးရင္ အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းအမ်ားဆုံးနည္းျပအျဖစ္မွတ္တမ္းဝင္ခဲ့ပါၿပီ။

ဒါေပမဲ့ ဖာဂူဆန္ဟာ ယူႏိုက္တက္အသင္းနည္းျပဘဝ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေပါင္း(၄၀၅)ပြဲအထိကိုင္တြယ္ခဲ့ခ်ိန္မွာ (၃၄)ပြဲသာရႈံးနိမ့္ခဲ့ၿပီး ရႈံးပြဲရာခိုင္ႏႈန္း(၅၄%)ရွိခဲ့ေပမယ့္ ပ်မ္းမွ်ျပန္တြက္ၾကည့္ရင္ ဖာဂူဆန္လက္ထက္ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေပါင္း(၇၅%)မွာ (၈%)သာရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပဘဝမွာတုန္းက ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ခဲ့ရလို႔ (၈)လအၾကာမွာပဲရာထူးကအထုတ္ခံခဲ့ရတဲ့ ေဒးဗစ္မြိဳက္စ္လက္ထက္မွာေတာင္ ယူႏိုက္တက္အသင္းရဲ႕အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းက(၉.၅%)သာရွိခဲ့ၿပီး (၁၆)ပြဲမွာ (၆)ပြဲရႈံးနိမ့္ခဲ့တာပါ။ ယူႏိုက္တက္အသင္းနည္းျပေတြထဲမွာ အိမ္ကြင္းရႈံးပြဲရာခိုင္ႏႈန္းတတိယေျမာက္အမ်ားဆုံးျဖစ္ခဲ့တာက နည္းျပေဟာင္းေမာ္ရင္ဟိုျဖစ္ၿပီး (၄၆)ပြဲမွာ၊ (၄)ပြဲရႈံးနိမ့္ခဲ့တာေၾကာင့္ ရာခိုင္ႏႈန္းအေနနဲ႔(၆%)ရွိခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ FA ဖလားရယူခဲ့တဲ့ နာမည္ေက်ာ္နည္းျပေဟာင္းဗန္ဟားလ္လက္ထက္မွာေတာ့ အိမ္ကြင္း(၃၈)ပြဲမွာ (၅)ပြဲရႈံးခဲ့တဲ့အတြက္ ရာခိုင္ႏႈန္းအရ(၈%)ရွိခဲ့တာျဖစ္ပါတယ္။