ဆိုးလ်ရှားရဲ့ အမေ့လျော့ခံ နောက်ခံကစားသမား ဘိုင်လီက အတ္တလန်တာနဲ့ပွဲမှာ ထူးရှယ်ခြေစွမ်းပြခဲ့သလို ပရိသတ်တွေကလည်း သူ့ရဲ့ စွမ်းဆောင်မှုကို သဘောကျခဲ့ကြတယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြ ဆိုးလ်ရှား ကြောင့် အသင်းမှာ ရှိတဲ့ ကြယ်ပွင့်ကစားသမား တစ်ချို့ဟာ

ပွဲထွက်ခွင့်မရရှိကြပဲ အရံခုံပေါ်မှာတင် အချိန်ကုန်နေခဲ့ကြရပါတယ်။

ယူနိုက်တက်ရဲ့ အရံခုံပေါ်ကကစားသမားတွေရဲ့ တိုက်ပွဲဝင်လိုစိတ်ဟာ ကွင်းထဲမှာ ကစားနေကြတဲ့ တစ်ချို့ ကစားသမားတွေထက်

ပွဲထွက်ကစားခွင့် ပိုမိုထိုက်တန်သလို သူတို့ကလည်း အသင်းအတွက် ပေးဆပ်ခြင်ကြပေမယ့်

နည်းပြ ကကွင်းထဲမှာ ကစားခွင့်မပေးတဲ့အချိန်မှာတော့ ဘာမှမတတ်နိုင်ပဲ ငေးကြည့်နေခဲ့ကြတာကို ကျွန်တော်တို့တွေ ခဏခဏ တွေ့ခဲ့ကြရပါတယ်။

အတ္တလန်တာနဲ့ ပွဲမှာတော့ နည်းပြ ဆိုးလ်ရှားက ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ပေါင်သန်း၃၀ တန် ခံစစ်ကစားသမားကို ပြန်လည်ပွဲထုတ်လာခဲ့ပါတယ်။

သူကတော့ ၂၀၁၆ ခုနှစ်က ဗီလာရီးရဲယ်အသင်းကနေ ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ ဘိုင်လီပါပဲ။

အတ္တလန်တာ အသင်းအိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ သရေတစ်မှတ် ရရှိခဲ့ပေမယ့်

အသင်းက တခြားကစားသမားတွေထက် ဘိုင်လီ ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံခြေစွမ်းတွေကို နည်းပြဆိုးလ်ရှားကို ထုတ်ပြနိုင်ခဲ့ပါတယ်။

လင်ဒီလော့ဖ် ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ အနေအထားမှာ ဆိုးလ်ရှားက ဘိုင်လီကို အခွင့်အရေးပေးခဲ့ပြီး

ဘိုင်လီကလည်း ရလာတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပြသနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် အသင်းရဲ့ ခံစစ်က ဂိုးပေးရလောက်တဲ့ အနေအထား တချို့ကို ဘိုင်လီက ဖျက်ထုတ်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘိုင်လီရဲ့ ကြိုးစားအားထုတ်ခဲ့မှုဟာလည်း ပရိသတ်တွေ သဘောကျခဲ့ကြသလို

ပွဲအပြီးအင်တာဗျူးအစီအစဉ်မှာ ဘိုင်လီက ” အတ္တလန်တာ နဲ့ ပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့ ဒီပွဲကို အနိုင် မကစားနိုင်ဘူး။

ကျွန်တော့်အနေနဲ့ ကွင်းထဲမှာ ပြန်ပြီးခြေချခွင့်ရတဲ့ ခံစားချက်က ပြောမပြတတ်အောင် အရမ်းကောင်းပါတယ်။

နိုင်ပွဲဆာလောင်နေတဲ့စိတ်နဲ့ အတူ မြက်ခင်းစိမ်းတွေပေါ် ပြန်ပြီးလာခဲ့တာပါ။

အရှုံးတွေ ၊ ခက်ခဲမှုတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်သွားမှာပါ။

အခုတော့ လာမယ့် စနေနေ့မှာ ကစားမယ့် ဒါဘီပွဲအတွက် အပြည့်အဝ အာရုံစိုက်ထားပါတယ်။

အားပေးကြတဲ့ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဘိုင်လီက ပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယား ခေါင်းဆောင်နေတဲ့ ယူနိုက်တက်အသင်းရဲ့ နောက်တန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ မတည်ငြိမ်တဲ့ ကစားပုံစံတွေကြောင့်

ပြိုင်ပွဲစုံ ကစာပြီးချိန်မှာ ပေးဂိုးမရှိတဲ့ပွဲစဉ် (၂) ပွဲသာရှိခဲ့ပြီး ပေးဂိုး (၂၃) ဂိုးအထိ ခွင်ပြုခဲ့ရပါတယ်။

ဒါဏ်ရာပြသနာတွေ အမြဲကြုံနေရပြီး ခံစစ် ကစားသမားအတည်တကျမရှိတာကြောင့် ကမောက်ကမ ရလဒ်တွေဖြစ်ပေါ်နေတဲ့

ယူနိုက်တက်နောက်တန်း အခြေအနေဟာ ပြိုင်ဘက်အသင်းတွေအတွက်တော့ ဂိုးသွင်းရလွယ်ကူတဲ့အခြေအနေဖြစ်နေပါတယ်။

အတ္တလန်တာနဲ့ပွဲစဉ်မှာ ဗာရိန်း ဒါဏ်ရာရရှိသွားခဲ့တာကြောင့်

လာမယ့် စနေနေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီ ပွဲဟာ ယူနိုက်တက် အတွက် ပိုပြီးခက်ခဲ့ပါလိမ့်မယ်။

ဆိုးလ်ရှားရဲ့ နောက်တန်း ၃ ယောက် ကစားပုံစံဟာ ယူနိုက်တက် အသင်းနဲ့ အံဝင်တဲ့ နည်းဗျူဟာ တစ်ခုတော့ မဟုတ်သေးပါဘူး။

မက်ဂွိုင်းယား ဟာလည်း အမှားတစ်ချို့ကို ကျူးလွန်နေဆဲဖြစ်နေပြီး

ဘိုင်ယီ ရဲ့ ခြေစွမ်းပြ ထိန်းချုပ်ကစားနေခဲ့လို့သာ အခုလို ၂-၂ ရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အတ္တလန်တာနဲ့ပွဲက အဲရစ် ဘိုင်လီရဲ့ စွမ်းဆောင်ရည်တွေကတော့ အခုလိုတွေ့ ရပါတယ်။

ဘောလုံးပေးပို့မှု ၈၅% ၊ စုစုပေါင်း ထိချက် ၆၈ ချက် ၊ အောင်မြင်တဲ့ ဂိုး ကာကွယ်ပေးနိုင်မှု (၂) ကြိမ် နဲ့
11 total duels contested ၊ 7 total duels won ၊ 4 interceptions
3 attempted tackles ၊ 2 successful tackles ၊ 1 clearance တို့ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားရဲ႕ အေမ့ေလ်ာ့ခံ ေနာက္ခံကစားသမား ဘိုင္လီက အတၱလန္တာနဲ႔ပြဲမွာ ထူးရွယ္ေျခစြမ္းျပခဲ့သလို ပရိသတ္ေတြကလည္း သူ႔ရဲ႕ စြမ္းေဆာင္မႈကို သေဘာက်ခဲ့ၾကတယ္…

နည္းျပ ဆိုးလ္ရွား ေၾကာင့္ အသင္းမွာ ရွိတဲ့ ၾကယ္ပြင့္ကစားသမား တစ္ခ်ိဳ႕ဟာ ပြဲထြက္ခြင့္မရရွိၾကပဲ အရံခုံေပၚမွာတင္ အခ်ိန္ကုန္ေနခဲ့ၾကရပါတယ္။

ယူႏိုက္တက္ရဲ႕ အရံခုံေပၚကကစားသမားေတြရဲ႕ တိုက္ပြဲဝင္လိုစိတ္ဟာ ကြင္းထဲမွာ ကစားေနၾကတဲ့ တစ္ခ်ိဳ႕ ကစားသမားေတြထက္ ပြဲထြက္ကစားခြင့္ ပိုမိုထိုက္တန္သလို သူတို႔ကလည္း အသင္းအတြက္ ေပးဆပ္ျခင္ၾကေပမယ့္ နည္းျပ ကကြင္းထဲမွာ ကစားခြင့္မေပးတဲ့အခ်ိန္မွာေတာ့ ဘာမွမတတ္ႏိုင္ပဲ ေငးၾကည့္ေနခဲ့ၾကတာကို ကြၽန္ေတာ္တို႔ေတြ ခဏခဏ ေတြ႕ခဲ့ၾကရပါတယ္။

အတၱလန္တာနဲ႔ ပြဲမွာေတာ့ နည္းျပ ဆိုးလ္ရွားက ပုံမွန္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ ေပါင္သန္း၃၀ တန္ ခံစစ္ကစားသမားကို ျပန္လည္ပြဲထုတ္လာခဲ့ပါတယ္။

သူကေတာ့ ၂၀၁၆ ခုႏွစ္က ဗီလာရီးရဲယ္အသင္းကေန ေျပာင္းေ႐ြ႕ေရာက္ရွိလာခဲ့တဲ့ ဘိုင္လီပါပဲ။ အတၱလန္တာ အသင္းအိမ္ကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ယူႏိုက္တက္ဟာ သေရတစ္မွတ္ ရရွိခဲ့ေပမယ့္ အသင္းက တျခားကစားသမားေတြထက္ ဘိုင္လီ ဟာ သူ႔ရဲ႕ အေကာင္းဆုံးပုံစံေျခစြမ္းေတြကို နည္းျပဆိုးလ္ရွားကို ထုတ္ျပႏိုင္ခဲ့ပါတယ္။

လင္ဒီေလာ့ဖ္ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့ အေနအထားမွာ ဆိုးလ္ရွားက ဘိုင္လီကို အခြင့္အေရးေပးခဲ့ၿပီး ဘိုင္လီကလည္း ရလာတဲ့အခြင့္အေရးကို အေကာင္းဆုံး အသုံးခ်ၿပီး ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္တစ္ခုျပသႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္ အသင္းရဲ႕ ခံစစ္က ဂိုးေပးရေလာက္တဲ့ အေနအထား တခ်ိဳ႕ကို ဘိုင္လီက ဖ်က္ထုတ္ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဘိုင္လီရဲ႕ ႀကိဳးစားအားထုတ္ခဲ့မႈဟာလည္း ပရိသတ္ေတြ သေဘာက်ခဲ့ၾကသလို ပြဲအၿပီးအင္တာဗ်ဴးအစီအစဥ္မွာ ဘိုင္လီက ” အတၱလန္တာ နဲ႔ ပြဲက ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ဒီပြဲကို အႏိုင္ မကစားႏိုင္ဘူး။

ကြၽန္ေတာ့္အေနနဲ႔ ကြင္းထဲမွာ ျပန္ၿပီးေျခခ်ခြင့္ရတဲ့ ခံစားခ်က္က ေျပာမျပတတ္ေအာင္ အရမ္းေကာင္းပါတယ္။ ႏိုင္ပြဲဆာေလာင္ေနတဲ့စိတ္နဲ႔ အတူ ျမက္ခင္းစိမ္းေတြေပၚ ျပန္ၿပီးလာခဲ့တာပါ။

အရႈံးေတြ ၊ ခက္ခဲမႈေတြကေန သင္ခန္းစာယူၿပီး ေရွ႕ဆက္သြားမွာပါ။

အခုေတာ့ လာမယ့္ စေနေန႔မွာ ကစားမယ့္ ဒါဘီပြဲအတြက္ အျပည့္အဝ အာ႐ုံစိုက္ထားပါတယ္။

အားေပးၾကတဲ့ ယူႏိုက္တက္ အသင္းရဲ႕ ပရိသတ္ေတြကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္” လို႔ ဘိုင္လီက ေျပာဆိုခဲ့ပါတယ္။

မက္ဂြိဳင္းယား ေခါင္းေဆာင္ေနတဲ့ ယူႏိုက္တက္အသင္းရဲ႕ ေနာက္တန္းဟာ ဒီႏွစ္ေဘာလုံးရာသီမွာ မတည္ၿငိမ္တဲ့ ကစားပုံစံေတြေၾကာင့္ ၿပိဳင္ပြဲစုံ ကစာၿပီးခ်ိန္မွာ ေပးဂိုးမရွိတဲ့ပြဲစဥ္ (၂) ပြဲသာရွိခဲ့ၿပီး ေပးဂိုး (၂၃) ဂိုးအထိ ခြင္ျပဳခဲ့ရပါတယ္။

ဒါဏ္ရာျပသနာေတြ အၿမဲႀကဳံေနရၿပီး ခံစစ္ ကစားသမားအတည္တက်မရွိတာေၾကာင့္ ကေမာက္ကမ ရလဒ္ေတြျဖစ္ေပၚေနတဲ့ ယူႏိုက္တက္ေနာက္တန္း အေျခအေနဟာ ၿပိဳင္ဘက္အသင္းေတြအတြက္ေတာ့ ဂိုးသြင္းရလြယ္ကူတဲ့အေျခအေနျဖစ္ေနပါတယ္။ အတၱလန္တာနဲ႔ပြဲစဥ္မွာ ဗာရိန္း ဒါဏ္ရာရရွိသြားခဲ့တာေၾကာင့္ လာမယ့္ စေနေန႕မွာ ကစားမယ့္ မန္ခ်က္စတာဒါဘီ ပြဲဟာ ယူႏိုက္တက္ အတြက္ ပိုၿပီးခက္ခဲ့ပါလိမ့္မယ္။

ဆိုးလ္ရွားရဲ႕ ေနာက္တန္း ၃ ေယာက္ ကစားပုံစံဟာ ယူႏိုက္တက္ အသင္းနဲ႔ အံဝင္တဲ့ နည္းဗ်ဴဟာ တစ္ခုေတာ့ မဟုတ္ေသးပါဘူး။

မက္ဂြိဳင္းယား ဟာလည္း အမွားတစ္ခ်ိဳ႕ကို က်ဴးလြန္ေနဆဲျဖစ္ေနၿပီး ဘိုင္ယီ ရဲ႕ ေျခစြမ္းျပ ထိန္းခ်ဳပ္ကစားေနခဲ့လို႔သာ အခုလို ၂-၂ ရလဒ္ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

အတၱလန္တာနဲ႔ပြဲက အဲရစ္ ဘိုင္လီရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့ အခုလိုေတြ႕ ရပါတယ္။

ေဘာလုံးေပးပို႔မႈ ၈၅% ၊ စုစုေပါင္း ထိခ်က္ ၆၈ ခ်က္ ၊ ေအာင္ျမင္တဲ့ ဂိုး ကာကြယ္ေပးႏိုင္မႈ (၂) ႀကိမ္ နဲ႔

11 total duels contested ၊ 7 total duels won ၊ 4 interceptions
3 attempted tackles ၊ 2 successful tackles ၊ 1 clearance တို႔ ျဖစ္ပါတယ္။