ဆိုးလ်ရှားရဲ့ နေရာကို အစားထိုးဖို့အတွက် နည်းပြသစ်၃ဦး လျာထားပြီးပြီဖြစ်တဲ့ ယူနိုက်တက်


ယူနိုက်အသင်းဟာ ဆိုးလ်ရှားကို ယုံကြည်မှုပေးထားဆဲလို့ ကြေညာထားပေမဲ့ သူ့ရဲ့ နေရာမှာ ခန့်အပ်ဖို့ နည်းပြသစ် ၃ဦးကို လျာထားပြီးပြီလို့ သိရပါတယ်။ ယမန်နေ့က ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘန်လေကို အိမ်ကွင်းမှာ ရှုံးခဲ့ပေမဲ့ ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှားကို ထောက်ခံနေဆဲလို့ သိရပေမဲ့ တကယ်တမ်းမှာတော့ နည်းပြသစ်ကိစ္စအတွက် စတင်ပြင်ဆင်နေပြီလို့ ဖော်ပြခဲ့ပါတယ်။

Daily Starရဲ့ ဖော်ပြချက်အရ ဝုဒ်ဝါ့နဲ့ ဘုတ်အဖွဲ့ဟာ ပေါ့ဂ်ဘာ၊ တော်မီနေးနဲ့ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာက ပြန်လာမှာကို စောင့်နေကြပြီး ဒီထက်အခြေအနေဆိုးလာရင်တော့ နော်ဝေသားကို ထုတ်ပယ်ဖို့ ရှိနေပါတယ်။

အလားတူ ယူနိုက်တက်ဟာ ပိုချက်တီနို၊ ဆောက်ဂိတ်နဲ့ နီဂယ်စ်မန်းတို့ကို လျာထားစာရင်းမှာ ထည့်သွင်းထားတယ်လို့ အဆိုပါသတင်းမှာပဲ ဖော်ပြထားပါတယ်။

လိုက်ပ်ဇစ်နည်းပြ နီဂယ်စ်မန်းကလည်း လျာထားစာရင်းမှာ ပါဝင်ထားပြီး အသက်၃၂နှစ်အရွယ်သာ ရှိသေးပေမဲ့ ဥရောပရဲ့ အကောင်းဆုံး နည်းပြတစ်ဦးအဖြစ်သတ်မှတ်ခြင်း ခံထားရပါတယ်။ ပိုချက်တီနိုကတော့ အားလုံးသိကြတဲ့အတိုင်း စပါးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းုပြဖြစ်ပါတယ်။

 

ဝုဒ်ဝါ့ကတော့ နောက်ထပ် နည်းပြ တစ်ဦးကို မထုတ်ချင်ပဲ ယခင်ကလည်း နည်းပြ၃ဦးနဲ့ လမ်းခွဲခဲ့ရပြီး ဖြစ်ပါတယ်။