
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲမှာ (၃)ပွဲအထိရှုံးနိမ့်ခဲ့လို့ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ လာမယ့်အောက်တိုဘာနဲ့ နိုဝင်ဘာအစပိုင်းမှာ ပွဲကျပ်တွေ ဆက်တိုက်ဆိုသလိုကစားရမှာဖြစ်လို့ သူ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးမယ့်ပွဲတွေလို့သတ်မှတ်ရမှာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်းမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး တစ်ကျော့ပြန်ဝါရင့်ကစားသမားစီရော်နယ်လ်ဒိုကလည်း ခြေစွမ်းပြဂိုးတွေဆက်တိုက်သွင်းယူခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပေမယ့်
ယန်းဘွိုင်းစ်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်မှာ ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ရလဒ်တွေယိမ်းယိုင်လာခဲ့သလို ယန်းဘွိုင်းစ်နဲ့ပွဲအပြီး ဝက်စ်ဟမ်းနဲ့ပရီးမီးယားလိဂ်ပွဲမှာ အနိုင်ရခဲ့ပေမယ့်လည်း
ကြားရက်မှာ ဝက်စ်ဟမ်းနဲ့ပဲဆက်ကစားတဲ့ လိဂ်ဖလားတတိယအဆင့်ပွဲမှာ ရှုံးပွဲကြုံခဲ့တဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း ဗီလာကို ဆက်ရှုံးခဲ့တာကြောင့် ပြိုင်ပွဲစုံအိမ်ကွင်းနှစ်ပွဲဆက်ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ဖူးတဲ့ ဗီလာရီးယဲလ်နဲ့ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲအဖြစ် ရင်ဆိုင်ကစားရမှာဖြစ်ပြီး
ဒီပွဲအပြီး လာမယ့်တစ်ပတ်ကျရင် ရမှတ်(၁၃)မှတ်စီတူညီနေတဲ့ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအဖြစ် ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဲဒီနောက် လက်စတာနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲပြီးတာနဲ့ အောက်တိုဘာလ(၂၀)ရက်မှာ ခြေစွမ်းမာကျောတဲ့အတ္တလန်တာအသင်းကို ချန်ပီယံလိဂ်ပွဲအဖြစ် အိမ်ကွင်းမှာလက်ခံကစားရမှာပါ။
အဲဒီပွဲပြီးရင်တော့ ပွဲကျပ်တွေဆက်တိုက်ကစားရမှာဖြစ်ပြီး (၂၄)ရက်မှာ လီဗာပူးလ်နဲ့အဝေးကွင်း၊ (၃၀)ရက်ကျရင် စပါးနဲ့အဝေးကွင်း၊ နိုဝင်ဘာ(၂)ရက်မှာ အတ္တလန်တာနဲ့ ဒုတိယအကျော့၊ နိုဝင်ဘာ(၆)ရက်မှာတော့ မန်ချက်စတာဒါဘီပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ ဆင်နွှဲရမှာဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ရေပန်းစားနေတဲ့အသင်းတွေဖြစ်ပြီး မနှစ်က အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတုန်းက လီဗာပူးလ်အသင်း ယူနိုက်တက်ကို(၄-၂)ဂိုးနဲ့အပြတ်အသတ်အနိုင်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် Big (6)အသင်းတွေနဲ့ဆုံတွေ့ခဲ့တဲ့မှတ်တမ်းက သိပ်အားရစရာမကောင်းခဲ့ဘဲ စပါးအသင်းကို အိမ်ကွင်းမှာ (၆-၁)ဂိုးနဲ့ရှုံး၊ လီဗာပူးလ်ကို (၄-၂)ဂိုးနဲ့ရှုံးခဲ့သလို စုစုပေါင်း(၁၀)ပွဲမှာ မန်စီးတီး၊ စပါးတို့ကို အဝေးကွင်းမှာသာအနိုင်ရခဲ့ပြီး
သရေ(၅)ပွဲ၊ ရှုံးပွဲ(၃)ပွဲရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး နည်းပြအဖြစ်ကနေဆိုးလ်ရှားကိုထုတ်ပယ်ဖို့ ယူနိုက်တက်ပရိသတ်တွေကျယ်ကျယ်လောင်လောင်တောင်းဆိုနေကြပေမယ့် အသင်းဘုတ်အဖွဲကတော့ ဆိုးလ်ရှားအပေါ် အားပေးထောက်ခံနေဆဲပါပဲ။
ဒါပေမဲ့ လာမယ့်ပွဲစဉ်(၈)ပွဲမှာ ယူနိုက်တက်အသင်းရလဒ်တွေ ဆက်လက်ယိမ်းယိုင်မယ်ဆိုရင်တော့ ဆိုးလ်ရှားရဲ့အနာဂတ်က အပြောင်းအလဲတစ်ခုခုဖြစ်သွားနိုင်တယ်လို့ပြောရမှာပဲဖြစ်ပါတော့တယ် . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဆိုးလ္ရွားရဲ႕ နည္းျပရာထူးအတြက္ အဆုံးအျဖတ္ျဖစ္လာႏိုင္တဲ့ပြဲေတြလာၿပီ . . .
ၿပိဳင္ပြဲစုံေနာက္ဆုံး(၄)ပြဲမွာ (၃)ပြဲအထိရႈံးနိမ့္ခဲ့လို႔ ဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ လာမယ့္ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာအစပိုင္းမွာ ပြဲက်ပ္ေတြ ဆက္တိုက္ဆိုသလိုကစားရမွာျဖစ္လို႔ သူ႔အနာဂတ္အတြက္ အဆုံးအျဖတ္ေပးမယ့္ပြဲေတြလို႔သတ္မွတ္ရမွာပါ။ ယူႏိုက္တက္အသင္းဟာ ဒီရာသီအစပိုင္းမွာ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့ၿပီး တစ္ေက်ာ့ျပန္ဝါရင့္ကစားသမားစီေရာ္နယ္လ္ဒိုကလည္း ေျခစြမ္းျပဂိုးေတြဆက္တိုက္သြင္းယူခဲ့လို႔ ေက်နပ္စရာျဖစ္ခဲ့ရေပမယ့္ ယန္းဘြိဳင္းစ္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္အုပ္စုအဖြင့္မွာ ရႈံးပြဲႀကဳံေတြ႕ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ရလဒ္ေတြယိမ္းယိုင္လာခဲ့သလို ယန္းဘြိဳင္းစ္နဲ႔ပြဲအၿပီး ဝက္စ္ဟမ္းနဲ႔ပရီးမီးယားလိဂ္ပြဲမွာ အႏိုင္ရခဲ့ေပမယ့္လည္း ၾကားရက္မွာ ဝက္စ္ဟမ္းနဲ႔ပဲဆက္ကစားတဲ့ လိဂ္ဖလားတတိယအဆင့္ပြဲမွာ ရႈံးပြဲႀကဳံခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္မွာလည္း ဗီလာကို ဆက္ရႈံးခဲ့တာေၾကာင့္ ၿပိဳင္ပြဲစုံအိမ္ကြင္းႏွစ္ပြဲဆက္ရႈံးပြဲေတြ႕ခဲ့တာျဖစ္ပါတယ္။
ဒီေန႔မွာေတာ့ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတုန္းက ပယ္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့ဖူးတဲ့ ဗီလာရီးယဲလ္နဲ႔ခ်န္ပီယံလိဂ္အုပ္စုဒုတိယပြဲအျဖစ္ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ဒီပြဲအၿပီး လာမယ့္တစ္ပတ္က်ရင္ ရမွတ္(၁၃)မွတ္စီတူညီေနတဲ့ အဲဗာတန္အသင္းကို ပရီးမီးယားလိဂ္အိမ္ကြင္းပြဲအျဖစ္ ဆက္လက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။
အဲဒီေနာက္ လက္စတာနဲ႔ပရီးမီးယားလိဂ္အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီး အဲဒီပြဲၿပီးတာနဲ႔ ေအာက္တိုဘာလ(၂၀)ရက္မွာ ေျခစြမ္းမာေက်ာတဲ့အတၱလန္တာအသင္းကို ခ်န္ပီယံလိဂ္ပြဲအျဖစ္ အိမ္ကြင္းမွာလက္ခံကစားရမွာပါ။ အဲဒီပြဲၿပီးရင္ေတာ့ ပြဲက်ပ္ေတြဆက္တိုက္ကစားရမွာျဖစ္ၿပီး (၂၄)ရက္မွာ လီဗာပူးလ္နဲ႔အေဝးကြင္း၊ (၃၀)ရက္က်ရင္ စပါးနဲ႔အေဝးကြင္း၊ ႏိုဝင္ဘာ(၂)ရက္မွာ အတၱလန္တာနဲ႔ ဒုတိယအေက်ာ့၊ ႏိုဝင္ဘာ(၆)ရက္မွာေတာ့ မန္ခ်က္စတာဒါဘီပြဲကို အိုးလ္ထရက္ဖို႔ဒ္မွာ ဆင္ႏႊဲရမွာျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ မန္စီးတီးအသင္းတို႔ဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ေရပန္းစားေနတဲ့အသင္းေတြျဖစ္ၿပီး မႏွစ္က အိုးလ္ထရက္ဖို႔ဒ္မွာကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲတုန္းက လီဗာပူးလ္အသင္း ယူႏိုက္တက္ကို(၄-၂)ဂိုးနဲ႔အျပတ္အသတ္အႏိုင္ယူခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ Big (6)အသင္းေတြနဲ႔ဆုံေတြ႕ခဲ့တဲ့မွတ္တမ္းက သိပ္အားရစရာမေကာင္းခဲ့ဘဲ စပါးအသင္းကို အိမ္ကြင္းမွာ (၆-၁)ဂိုးနဲ႔ရႈံး၊ လီဗာပူးလ္ကို (၄-၂)ဂိုးနဲ႔ရႈံးခဲ့သလို စုစုေပါင္း(၁၀)ပြဲမွာ မန္စီးတီး၊ စပါးတို႔ကို အေဝးကြင္းမွာသာအႏိုင္ရခဲ့ၿပီး သေရ(၅)ပြဲ၊ ရႈံးပြဲ(၃)ပြဲရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး နည္းျပအျဖစ္ကေနဆိုးလ္ရွားကိုထုတ္ပယ္ဖို႔ ယူႏိုက္တက္ပရိသတ္ေတြက်ယ္က်ယ္ေလာင္ေလာင္ေတာင္းဆိုေနၾကေပမယ့္ အသင္းဘုတ္အဖြဲကေတာ့ ဆိုးလ္ရွားအေပၚ အားေပးေထာက္ခံေနဆဲပါပဲ။ ဒါေပမဲ့ လာမယ့္ပြဲစဥ္(၈)ပြဲမွာ ယူႏိုက္တက္အသင္းရလဒ္ေတြ ဆက္လက္ယိမ္းယိုင္မယ္ဆိုရင္ေတာ့ ဆိုးလ္ရွားရဲ႕အနာဂတ္က အေျပာင္းအလဲတစ္ခုခုျဖစ္သြားႏိုင္တယ္လို႔ေျပာရမွာပဲျဖစ္ပါေတာ့တယ္ . . .