ဆိုးလ်ရှားရဲ့ တွေးခေါ်စဉ်းစားပုံကို အားပေးယုံကြည်နေဆဲ ဖြစ်တဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းဟာ မနေ့ညက ဆွစ်ဇာလန်မြေမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ် အဖြစ် ယန်းဘွိုင်းစ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 2 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ်။

ဒီပွဲမှာတော့ ရော်နယ်ဒိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ ပွဲချိန် 34 မိနစ်မှာ ဝမ်ဘစ်ဆာကာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ခံရမှု ၊ ပွဲချိန် 66 မိနစ်မှာ ဗာရန်းရဲ့ လူကပ် ကစားပုံ လိုအပ်ချက် ရှိနေခဲ့မှု နဲ့ ပွဲချိန် နောက်ဆုံး မိနစ်မှာ ဂျက်စီ လင်ဂတ်ရဲ့ လူပေးမှု အသုံးမကျခဲ့ပုံတွေကြောင့် ယူနိုက်တက်တို့ မလိုအပ်တဲ့ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်က ဆိုးလ်ရှားလုပ်ခဲ့တဲ့ လူစားလဲမှုတွေကို သူ နားလည်ပေးလို့ ရပါတယ်လို့ ပြောဆိုလာပါတယ်။

ဖာဒီနန်က “ပွဲချိန် ၇၂ မိနစ်မှာ အပြောင်းအလဲတွေ လုပ်ခဲ့တယ်။

လူတွေက သွင်းဂိုးလိုတယ်လို့ ပြောနေပေမယ့် အိုလီကတော့ အဲဒီလို စဉ်းစားခဲ့တာ မဟုတ်ပါဘူး။”

“မန်နေဂျာတစ်ယောက်အတွက်က သူဘာတွေ စဉ်းစားခဲ့မယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။

အဲဒီအချိန်မှာ ရလဒ်က ၁-၁ ဖြစ်နေပါတယ်။

ဥရောပ ပြိုင်ပွဲတွေမှာက ဘယ်နေရာကိုပဲ သွားရောက် ယှဉ်ပြိုင်ရပါစေ အဝေးကွင်းပွဲတွေက အမြဲတမ်း ခက်ခဲပါတယ်။

မြက်ခင်းတုကွင်းမှာ တစ်ယောက်လျော့ ကစားနေရတဲ့အချိန် တစ်မှတ်တော့ ယူပြန်ရမှာပဲလို့ သူတွေးခဲ့ပါလိမ့်မယ်။”

“အဲဒီလိုတွေးခဲ့ပြီးနောက်ကစားသမားတွေကို ထည့်သွင်းတာ အပြောင်းအလဲ လုပ်တာမျိုး က ဂိုးတွေထပ်သွင်းဖို့ မဟုတ်ခဲ့ပါဘူး။

ဒီပွဲကို ကျော်ဖြတ်ဖို့ပဲ လုပ်ခဲ့တာပါ။

အကယ်လို့ ပွဲရလဒ်က ဒီအတိုင်းပဲ ပြီးသွားမယ်ဆိုရင် ဘယ်သူကမှ အိုလီရဲ့ လူစားလဲမှုတွေအကြောင်း စကားတောင် ပြောနေကြမှာ မဟုတ်ပါဘူး။ ”

” ဒီပွဲက အသင်းလိုက်တွေ၊ ပုံစံကောင်းတွေဆိုတာထက် ကစားသမား တစ်ဦးတည်းရဲ့ အမှားအပေါ် အခြေခံသွားတာပါ။

ဒါက ခြားနားမှုပဲဖြစ်ပါတယ်။

အကယ်လို့ နည်းစနစ်ပိုင်းဆိုင်ရာ အခြေအနေအရဆိုရင် သူတို့ရဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်ပုံ မကောင်းလို့ အရေးနိမ့်တာလို့ ပြောစရာအကြောင်းတွေ ရှိမှာပေါ့။

ယူနိုက်တက်က ကစားပုံ မကောင်းခဲ့ပါဘူး။

၁၁ ယောက်ကစားချိန်မှာရော၊ ၁၀ ယောက်ကျန်ချိန်မှာပါ မကောင်းခဲ့တာပါ။

ဒါပေမယ့် လူစားလဲလိုက်လို့ ရှုံးတယ်ဆိုတာကိုတော့ ကျွန်တော် လက်မခံပါဘူး”လို့ ဖာဒီနန်ကအသင်းဖော်ဟောင်းကို ကာကွယ် ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားရဲ႕ ​ေတြး​​ေခၚစဥ္းစားပုံကို အား​ေပးယုံၾကည္​ေနဆဲ ျဖစ္တဲ့ ဖာဒီနန္

ယူႏိုက္တက္ အသင္းဟာ မေန႔ညက ဆြစ္ဇာလန္ေျမမွာ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲစဥ္ အျဖစ္ ယန္းဘြိဳင္းစ္ အသင္းနဲ႔ ရင္ဆိုင္ ကစားခဲ့ရၿပီး 2 – 1 ဆိုတဲ့ ရလဒ္္နဲ႔ ရႈံးနိမ့္ သြားခဲ့ရပါတယ္ ။ ဒီပြဲမွာေတာ့ ေရာ္နယ္ဒိုက ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါေသးတယ္။

ဒါေပမဲ့ ပြဲခ်ိန္ 34 မိနစ္မွာ ၀မ္ဘစ္ဆာကာ တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ခံရမႈ ၊ ပြဲခ်ိန္ 66 မိနစ္မွာ ဗာရန္းရဲ႕ လူကပ္ ကစားပုံ လိုအပ္ခ်က္ ရွိေနခဲ့မႈ နဲ႔ ပြဲခ်ိန္ ေနာက္ဆုံး မိနစ္မွာ ဂ်က္စီ လင္ဂတ္ရဲ႕ လူေပးမႈ အသုံးမက်ခဲ့ပုံေတြေၾကာင့္ ယူႏိုက္တက္တို႔ မလိုအပ္တဲ့ရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရတာပဲျဖစ္ပါတယ္။

ယူႏိုက္တက္ ခံစစ္မႉးေဟာင္း ဖာဒီနန္က ဆိုးလ္ရွားလုပ္ခဲ့တဲ့ လူစားလဲမႈေတြကို သူ နားလည္ေပးလို႔ ရပါတယ္လို႔ ေျပာဆိုလာပါတယ္။ ဖာဒီနန္က “ပြဲခ်ိန္ ၇၂ မိနစ္မွာ အေျပာင္းအလဲေတြ လုပ္ခဲ့တယ္။ လူေတြက သြင္းဂိုးလိုတယ္လို႔ ေျပာေနေပမယ့္ အိုလီကေတာ့ အဲဒီလို စဥ္းစားခဲ့တာ မဟုတ္ပါဘူး။”

“မန္ေနဂ်ာတစ္ေယာက္အတြက္က သူဘာေတြ စဥ္းစားခဲ့မယ္ဆိုတာကို ကြၽန္​ေတာ္ နားလည္ပါတယ္။ အဲဒီအခ်ိန္မွာ ရလဒ္က ၁-၁ ျဖစ္ေနပါတယ္။ ဥေရာပ ၿပိဳင္ပြဲေတြမွာက ဘယ္ေနရာကိုပဲ သြားေရာက္ ယွဥ္ၿပိဳင္ရပါေစ အေဝးကြင္းပြဲေတြက အၿမဲတမ္း ခက္ခဲပါတယ္။ ျမက္ခင္းတုကြင္းမွာ တစ္ေယာက္ေလ်ာ့ ကစားေနရတဲ့အခ်ိန္ တစ္မွတ္ေတာ့ ယူျပန္ရမွာပဲလို႔ သူေတြးခဲ့ပါလိမ့္မယ္။”

“အဲဒီလို​ေတြးခဲ့ၿပီး​ေနာက္ကစားသမားေတြကို ထည့္သြင္းတာ အေျပာင္းအလဲ လုပ္တာမ်ိဳး က ဂိုးေတြထပ္သြင္းဖို႔ မဟုတ္ခဲ့ပါဘူး။ ဒီပြဲကို ေက်ာ္ျဖတ္ဖို႔ပဲ လုပ္ခဲ့တာပါ။ အကယ္လို႔ ပြဲရလဒ္က ဒီအတိုင္းပဲ ၿပီးသြားမယ္ဆိုရင္ ဘယ္သူကမွ အိုလီရဲ႕ လူစားလဲမႈေတြအေၾကာင္း စကားေတာင္ ေျပာေနၾကမွာ မဟုတ္ပါဘူး။ ”

” ဒီပြဲက အသင္းလိုက္ေတြ၊ ပုံစံေကာင္းေတြဆိုတာထက္ ကစားသမား တစ္ဦးတည္းရဲ႕ အမွားအေပၚ အေျခခံသြားတာပါ။ ဒါက ျခားနားမႈပဲျဖစ္ပါတယ္။အကယ္လို႔ နည္းစနစ္ပိုင္းဆိုင္ရာ အေျခအေနအရဆိုရင္ သူတို႔ရဲ႕ နည္းစနစ္ပိုင္း ခ်ဥ္းကပ္ပုံ မေကာင္းလို႔ အေရးနိမ့္တာလို႔ ေျပာစရာအေၾကာင္းေတြ ရွိမွာေပါ့။ ယူႏိုက္တက္က ကစားပုံ မေကာင္းခဲ့ပါဘူး။ ၁၁ ေယာက္ကစားခ်ိန္မွာ​ေရာ၊ ၁၀ ေယာက္က်န္ခ်ိန္မွာပါ မေကာင္းခဲ့တာပါ။ ဒါေပမယ့္ လူစားလဲလိုက္လို႔ ရႈံးတယ္ဆိုတာကိုေတာ့ ကြၽန္​ေတာ္ လက္မခံပါဘူး”လို႔ ဖာဒီနန္ကအသင္းေဖာ္ေဟာင္းကို ကာကြယ္ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။