Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်မရဖြစ်နေတဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်က နည်းပြဆိုးလ်ရှားဟာ သူ့ကိုလိုအပ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်ကနေ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးကတည်းက အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အဲဗာတန်ကိုပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပေမယ့် ဆိုးလ်ရှားက ငြင်းဆန်ခဲ့ပါတယ်။
ဗန်ဒီဘိခ်က “အဲဗာတန်က စိတ်ဝင်စားနေတဲ့အကြောင်းကို နည်းပြနဲ့စကားပြောခဲ့ပါတယ်။ ကလပ်အသင်းနဲ့ရောပေါ့။
သူတို့က ကျွန်တော့်ကို ဒီမှာပဲဆက်ရှိနေစေချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။
ဆိုးလ်ရှားကလည်း ကျွန်တော့်အပေါ် တကယ်အပြုသဘောဆောင်ပြီးတော့ ပြောခဲ့တယ်။ငါမင်းကို လိုအပ်တယ်။
မင်းကို ဒီမှာပဲ ဆက်ထိန်းသိမ်းထားမယ်လို့ သူပြောခဲ့ပါတယ်”
“ဒီရာသီအစက ဘယ်လောက်ခက်ခဲနေလဲ ကျွန်တော်မြင်ပါတယ်။
တစ်မိနစ်လေးတောင်မှ ကျွန်တော်မကစားရသေးဘူး။
ဒါပေမယ့် သူက လေ့ကျင့်ရေးကွင်းမှာ ငါနေ့တိုင်းတွေ့နေရတာပဲ။
အခုဆိုရင် အရင်ကနဲ့မတူတဲ့ ဒွန်နီကို ငါတွေ့နေရပြီလို့ ပြောပါတယ်။
တကယ်အပြုသဘောဆောင်ပြောခဲ့ကြတာပါ။ ကျွန်တော့်စိတ်ခံစားချက်လည်း ကောင်းမွန်ပါတယ်။
ကောင်းမွန်တဲ့ပုံစံမှာရှိနေပြီး ဘယ်လောက်ထိတိုးတက်လာလဲဆိုတာ အားလုံးကို ပြသနိုင်ပါတယ်” လို့ ဗန်ဒီဘိခ်က Rio Ferdianand ရဲ့ Five podcast မှာ ပြောဆိုခဲ့ပါတယ်။
ဗန်ဒယ်ဘိခ်ဟာ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ အတော်လေးကို ရုန်းကန်နေရပြီး အခုလည်း အသင်းကို ခရစ္စတီယာနိုရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာတာကြောင့် သူရဲ့ပွဲထွက်ကစားခွင့်တွေ ပိုမိုနည်းပါးလာရဖွယ်တောင် ရှိနေပါတယ်။
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပေါ့ဘာ ဖရက်ဒ် တွမ်မီနေး မာတစ်တို့လို ကစားသမားတွေ ရှိနေတဲ့အတွက် ဗန်ဒယ်ဘိခ်အနေနဲ့ နေရာရဖို့ ခက်ခဲလျက်ရှိနေသလို
ကစားပြီးသွားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲလုံးမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပြီး (၃)ပွဲလုံးမှာ လူစားဝင်ပြီးတောင် ကစားခွင့် မရထားပါဘူး။
Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
zawgyi
ဆိုးလ်ရှားရဲ့ စကားတွေအပေါ် ယုံကြည်နေတဲ့ ဗန်ဒီဘိခ်