ဆိုးလ်ရှားရဲ့နေရာကို မျက်စောင်းထိုးထားတဲ့ ဖာနန်ဒက်စ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကသူ့အနေနဲ့ ကစားသမားဘဝကနေ အနားယူခဲ့ပါက ကလပ်အသင်းတစ်သင်းရဲ့ မန်နေဂျာလုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းဆီကို ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ စပို့တင်းအသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၇၃ပွဲအထိ ကစားထားရာမှာ သွင်းဂိုး ၃၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို ကိုင်တွယ် နည်းပြချင်တဲ့ အကြောင်းကို ဖာနန်ဒက်စ်က “ကျွန်တော်က ဘောလုံးနဲ့ ပတ်သက်ရင် အရာအားလုံးကို နှစ်သက်ပါတယ်။
တစ်နေ့မှာ ကျွန်တော် နည်းပြတဦးရဲ့ တာဝန်ယူချင်ပါသေးတယ်။”
“ဘယ်အသင်းကို နည်းပြရမလဲ ဆိုတာကိုတော့ မသိသေးပါဘူး။ ကမ္ဘာပေါ်မှာ အကြီးဆုံးအသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရရင်တော့ ကျွန်တော် အရမ်းကို ဝမ်းသာ ပျော်ရွှင်ရမှာ ပါ”
“ရိုးရိုးသားသားပြောရရင် ယူနိုက်တက်ဟာ ကျွန်တော်ရောက်လာကတည်းက အများကြီးတိုးတက်လာပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့လက်အောက်မှာ အသင်းဟာ တိုးတက်နေပါတယ်။ သူ့ရဲ့ကိုင်တွယ်မှုကြောင့် ယူနိုက်တက်ဟာ ပိုကောင်းလာတယ်လို့ ပြောနိုင်ပါတယ်”လို့ပြောဆိုပါတယ်။
ဒီနေ့ညမှာသရဲနီတို့ဟာ ရိုးမားအသင်းနှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားရမှာဖြစ်ပြီး ဖာနန်ဒက်စ်က ယူရိုပါလိဂ်ဖလား ရယူဖို့ မျှော်လင့်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မျှော်လင့်နေပါတယ်။