
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မတူညီတဲ့ နိုင်ငံ ၃ခုမှာ ဆုဖလားအားလုံး သိမ်းပိုက်ပြီးသွားပြီဖြစ်တဲ့ စီရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘ၀ ရောင်နီစသန်းတဲ့ ယူနိုက်တက်အသင်းကို တစ်ကျော့ပြန် ရောက်ရှိလာဖိုရ့ရှိနေပါတယ်။
ဂျုဗင်တပ် ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတဲ့ စီရော်နယ်ဒိုနဲ့ အမြဲ အဆက်အသွယ်ရှိနေဆဲဖြစ်တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
စီရော်နယ်ဒို နဲ့ ဂျုဗင်တပ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားရဲ့အနာဂတ်ဟာ လာမယ့်ရာသီ အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အပေါ်မှာ မူတည်နေတာပါ။
ဂျုဗင်တပ်အသင်းအနေနဲ့ လက်ရှိဘောလုံးရာသီ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အခုတစ်ပတ် ကစားမယ့် စီးရီးအေ နောက်ဆုံးပွဲစဉ်ပြီးရင် ချန်ပီယံလိ၈် ဝင်ခွင့်ရမရ သိရတော့မှာလည်းဖြစ်ပါတယ်။
စီရော်နယ်ဒိုကို ခေါ်ယူဖို့ အသင်းဟောင်း ယူနိုက်တက် အပါအဝင် ပီအက်စ်ဂျီနဲ့ ဥရောပ ကလပ်အသင်းကြီးအချို့က စိတ်ဝင်စားနေကြတာပါ။
အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ တိုးတက်လာခဲ့မယ်ဆိုရင် စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ တွန့်ဆုတ်မှာမဟုတ်ဘူးလို့လည်း ယူနိုက်တက် အသင်းတာဝန်ရှိသူတွေက ဆိုထားပါတယ်။
ဂျူဗင်တပ်နဲ့ စာချုပ်ကလည်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ကစားသမားရဲ့ပြောင်းရွှေ့ကြေးဟာ နည်းပါးသွားဖို့ရှိနေပြီး စီရော်နယ်ဒိုရဲ့ ကြီးမားတဲ့ ပုံရိပ်ဆွဲဆောင်မှုကြောင့်လည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေဟာ တက်လာနိုင်ဖွယ်ရှိနေပါတယ်။
စီရော်နယ်ဒိုဟာ အသက်၃၆နှစ် အရွယ်ရှိပြီဖြစ်ပေမယ့် ဂိုးသွင်းနှုန်းကတော့ အခုအချိန်ထိ ကျဆင်းသွားခဲ့ခြင်းမရှိဘဲ ဒီရာသီ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၅၂ပွဲ ပါဝင်ကစားပြီး ၃၉ဂိုး သွင်းယူထားသလို စီရီးအေ ဂိုးအများဆုံးသွင်းသူဆုကိုလည်း ရရှိဖို့ရှိနေပါတယ်။
ပရီးမီးယားလိဂ်ကနေ ထွက်ပေါ်ခဲ့တဲ့ တစ်ယောက်တည်းသော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်ဖြစ်တဲ့ စီရော်နယ်ဒိုအပေါ် ယူနိုက်တက်ပရိသတ်တွေကလည်း သံယောစဉ် ကြီးမားနေကြဆဲပဲဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆိုးလ္ရွားနဲ႔ အၿမဲအဆက္အသြယ္ရွိေနတဲ့ စီေရာ္နယ္ဒို ယူႏိုက္တက္ ျပန္ေရာက္မလား?
မတူညီတဲ့ ႏိုင္ငံ ၃ခုမွာ ဆုဖလားအားလုံး သိမ္းပိုက္ၿပီးသြားၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုက သူ႔ရဲ႕ ကစားသမားဘ၀ ေရာင္နီစသန္းတဲ့ ယူႏိုက္တက္အသင္းကို တစ္ေက်ာ့ျပန္ ေရာက္ရွိလာဖိုရ႕ရွိေနပါတယ္။
ဂ်ဳဗင္တပ္ ကေန ထြက္ခြာဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေနတဲ့ စီေရာ္နယ္ဒိုနဲ႔ အၿမဲ အဆက္အသြယ္ရွိေနဆဲျဖစ္တယ္လို႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။
စီေရာ္နယ္ဒို နဲ႔ ဂ်ဳဗင္တပ္အသင္း ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ လာမယ့္ရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကစားသမားရဲ႕အနာဂတ္ဟာ လာမယ့္ရာသီ အသင္းရဲ႕ခ်န္ပီယံလိဂ္ဝင္ခြင့္အေပၚမွာ မူတည္ေနတာပါ။
ဂ်ဳဗင္တပ္အသင္းအေနနဲ႔ လက္ရွိေဘာလုံးရာသီ စီးရီးေအ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး အခုတစ္ပတ္ ကစားမယ့္ စီးရီးေအ ေနာက္ဆုံးပြဲစဥ္ၿပီးရင္ ခ်န္ပီယံလိ၈္ ဝင္ခြင့္ရမရ သိရေတာ့မွာလည္းျဖစ္ပါတယ္။
စီေရာ္နယ္ဒိုကို ေခၚယူဖို႔ အသင္းေဟာင္း ယူႏိုက္တက္ အပါအဝင္ ပီအက္စ္ဂ်ီနဲ႔ ဥေရာပ ကလပ္အသင္းႀကီးအခ်ိဳ႕က စိတ္ဝင္စားေနၾကတာပါ။ အသင္းရဲ႕ဘ႑ာေရးအေျခအေန တိုးတက္လာခဲ့မယ္ဆိုရင္ စီေရာ္နယ္ဒိုကို ျပန္လည္ေခၚယူဖို႔ တြန႔္ဆုတ္မွာမဟုတ္ဘူးလို႔လည္း ယူႏိုက္တက္ အသင္းတာဝန္ရွိသူေတြက ဆိုထားပါတယ္။
ဂ်ဴဗင္တပ္နဲ႔ စာခ်ဳပ္ကလည္း ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ကစားသမားရဲ႕ေျပာင္းေ႐ႊ႕ေၾကးဟာ နည္းပါးသြားဖို႔ရွိေနၿပီး စီေရာ္နယ္ဒိုရဲ႕ ႀကီးမားတဲ့ ပုံရိပ္ဆြဲေဆာင္မႈေၾကာင့္လည္း အသင္းရဲ႕ဘ႑ာေရးအေျခအေနဟာ တက္လာႏိုင္ဖြယ္ရွိေနပါတယ္။
စီေရာ္နယ္ဒိုဟာ အသက္၃၆ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ ဂိုးသြင္းႏႈန္းကေတာ့ အခုအခ်ိန္ထိ က်ဆင္းသြားခဲ့ျခင္းမရွိဘဲ ဒီရာသီ ကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ ၅၂ပြဲ ပါဝင္ကစားၿပီး ၃၉ဂိုး သြင္းယူထားသလို စီရီးေအ ဂိုးအမ်ားဆုံးသြင္းသူဆုကိုလည္း ရရွိဖို႔ရွိေနပါတယ္။
ပရီးမီးယားလိဂ္ကေန ထြက္ေပၚခဲ့တဲ့ တစ္ေယာက္တည္းေသာ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုရွင္ျဖစ္တဲ့ စီေရာ္နယ္ဒိုအေပၚ ယူႏိုက္တက္ပရိသတ္ေတြကလည္း သံေယာစဥ္ ႀကီးမားေနၾကဆဲပဲျဖစ္ပါတယ္။