ဆိုးလ်ရှားနဲ့ ဘုတ်အဖွဲ့ကြား ဘာမှမလုပ်ဘဲ ရန်တိုက်ပေးသူဖြစ်ရတဲ့ ပေါ့ဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားနှင့် အသင်းဘုတ်အဖွဲ့တာ ဝန်ရှိသူများအကြား အယူအဆအမြင်တွေကွဲလွဲနေ ကြကြောင်း သတင်းတွေထွက်ထားပါတယ်။

ဆိုးလ်ရှားက ပေါ့ဘာကို အသင်းတွင် ဆက်ထိန်းထားလိုသော်လည်း ဘုတ်အဖွဲ့နဲ့ သဘောထားကွဲလွဲနေတာပါ။

အသင်းဘုတ်အဖွဲ့တာဝန်ရှိသူများမှာ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာရဲ့ တောင်းဆိုမှုများကို သဘောမကျ ဖြစ်နေတာပါ။

ရိုင်အို လာကယူနိုက်တက်အနေနဲ့ ပေါ့ဘာကို စာချုပ်သစ်ချုပ် ဆိုမယ်ဆိုပါက တစ်ပတ်လစာငွေ ပေါင် (၄)သိန်း အထိပေးချေရန် တောင်းဆိုနေကြောင်း သိရပါတယ်။

ဒါကြောင့် ပေါ့ဘာရဲ့ စာချုပ်သစ် ကိစ္စအတွက် ငွေကြေးများစွာ ထပ်မံရင်းနှီးရမှာကို ဘုတ်အဖွဲ့ ဝင်အချို့က မလိုလားနေကြတာပါ။

ယူနိုက်တက် ဘုတ်အဖွဲ့က ပြင်သစ်လက်ရွေးစင် ပေါ့ဘာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း ဝန်းကျင် သတ်မှတ်ထားပါတယ်။

ပေါ့ဘာတစ်ယောက် ယူနိုက်တက်ကနေ ထွက်ခွာမယ့် သတင်းများ မှာမကြာခဏထွက်ပေါ်နေပြီး ဂျူဗင်တပ်စ်နှင့် ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေတာပါ။

အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ပေါ့ဘာဟာ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ပါက လာမယ့် ဘောလုံးရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီအစတွင် ဒဏ်ရာနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာ တွေ ကြောင့် ရုန်းကန်ခဲ့ရတဲ့ ပေါ့ဘာဟာ ၂၀၂၁ နှစ်ဦးမှစပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အကယ်ဒမီထွက် ပေါ့ဘာတစ်ယောက် အေးဂျင့်ကြောင့် လူမုန်းများတဲ့ ဒဏ်ကို အတော်လေးတော့ ခံရပါတယ်။

ဒီတစ်ခေါက်ရော ပေါ့ဘာ ယူနိုက်တက်မှာ ဆက်ကန်ရအုံးမှာလား။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi







