ဆိုးလ်ရှားနဲ့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို ရာသီကုန်မှ ဆုံးဖြတ်သွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေဟာ နည်းပြဆိုးလ်ရှားကို စာချုပ်သက်တမ်းတိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရာသီကုန်အထိစောင့်ကြည့်ပြီးမှ ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။ ၂၀၁၈ ဒီဇင်ဘာလမှာ ယူနိုက်တက်အသင်းနည်းပြဖြစ်လာတဲ့ ဆိုးလ်ရှားဟာ အသင်းအတွက်ဆုဖလားအောင်မြင်မှု မရယူနိုင်သေးပေမယ့် ဒီရာသီမှာတော့ ရလဒ်ကောင်းတချို့ရယူပေးခဲ့ပြီး မန်စီးတီးနဲ့ (၅)မှတ်အကွာ အဆင့်(၂)နေရာရောက်ရှိအောင် စွမ်းဆောင်ထားပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလားရရှိအောင် အခုထက်ပိုကြိုးစားပေးဖို့သာမက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်အောင် စွမ်းဆောင်ပြနိုင်မှသာ စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတာပါ။ ဆိုးလ်ရှားရဲ့ လက်ရှိစာချုပ်က ၂၀၂၃ အထိရှိနေတာကြောင့် (၁၆)လသက်တမ်းကျန်နေသေးပြီး ယူနိုက်တက်အသင်းဟာ သူ့ကို နောက်ထပ်(၂)နှစ်စာချုပ်သက်တမ်းတိုးသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းက ဆိုးလ်ရှားကို စာချုပ်သစ်ချုပ်မယ်ဆိုရင် လစာကိုလည်း တိုးမြှင့်ပေးသွားဖို့ရှိပြီး ဆုကြေးမပါဘဲ လစာသက်သက်အဖြစ် (၁)နှစ်ပေါင်(၆)သန်းအထိ ပေးသွားမယ့်အနေအထားပါပဲ။

ဒါပေမဲ့ ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်အသင်းဟာ တည်ငြိမ်တဲ့ရလဒ်မျိုး မရသေးဘဲ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်က စောစောစီးစီးထွက်ခဲ့ရတာ၊ ပရီးမီးယားလိဂ်မှာလည်း အခုနောက်ပိုင်းရလဒ်တွေ ယိမ်းယိုင်လာတာတွေက စာချုပ်သစ်ချုပ်မယ့်ကိစ္စအပေါ် ရိုက်ခတ်မှုရှိလာနိုင်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေက အသင်းရဲ့အနေအထားကို ရာသီကုန်အထိ စောင့်ကြည့်ပြီးမှ ဆိုးလ်ရှားနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စဉ်းစားသွားမှာဖြစ်ပြီး တကယ်လို့ အောင်မြင်မှုတစ်ခုခု မရခဲ့ရင်တော့ အပြောင်းအလဲလုပ်သွားဖို့ရှိနေပါပြီ။

Zawgyi

ဆိုးလ္ရွားနဲ႔ စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥကို ရာသီကုန္မွ ဆုံးျဖတ္သြားမယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြဟာ နည္းျပဆိုးလ္ရွားကို စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ရာသီကုန္အထိေစာင့္ၾကည့္ၿပီးမွ ဆုံးျဖတ္သြားဖို႔ရွိေနပါတယ္။ ၂၀၁၈ ဒီဇင္ဘာလမွာ ယူႏိုက္တက္အသင္းနည္းျပျဖစ္လာတဲ့ ဆိုးလ္ရွားဟာ အသင္းအတြက္ဆုဖလားေအာင္ျမင္မႈ မရယူႏိုင္ေသးေပမယ့္ ဒီရာသီမွာေတာ့ ရလဒ္ေကာင္းတခ်ိဳ႕ရယူေပးခဲ့ၿပီး မန္စီးတီးနဲ႔ (၅)မွတ္အကြာ အဆင့္(၂)ေနရာေရာက္ရွိေအာင္ စြမ္းေဆာင္ထားပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြက ဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္အသင္းကို ပရီးမီးယားလိဂ္ဖလားရရွိေအာင္ အခုထက္ပိုႀကိဳးစားေပးဖို႔သာမက ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိႏိုင္ေအာင္ စြမ္းေဆာင္ျပႏိုင္မွသာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဆႏၵရွိေနတာပါ။

ဆိုးလ္ရွားရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၃ အထိရွိေနတာေၾကာင့္ (၁၆)လသက္တမ္းက်န္ေနေသးၿပီး ယူႏိုက္တက္အသင္းဟာ သူ႔ကို ေနာက္ထပ္(၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ ရွိေနပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းက ဆိုးလ္ရွားကို စာခ်ဳပ္သစ္ခ်ဳပ္မယ္ဆိုရင္ လစာကိုလည္း တိုးျမႇင့္ေပးသြားဖို႔ရွိၿပီး ဆုေၾကးမပါဘဲ လစာသက္သက္အျဖစ္ (၁)ႏွစ္ေပါင္(၆)သန္းအထိ ေပးသြားမယ့္အေနအထားပါပဲ။ ဒါေပမဲ့ ဆိုးလ္ရွားလက္ထက္မွာ ယူႏိုက္တက္အသင္းဟာ တည္ၿငိမ္တဲ့ရလဒ္မ်ိဳး မရေသးဘဲ ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္က ေစာေစာစီးစီးထြက္ခဲ့ရတာ၊ ပရီးမီးယားလိဂ္မွာလည္း အခုေနာက္ပိုင္းရလဒ္ေတြ ယိမ္းယိုင္လာတာေတြက စာခ်ဳပ္သစ္ခ်ဳပ္မယ့္ကိစၥအေပၚ ႐ိုက္ခတ္မႈရွိလာႏိုင္ပါတယ္။ အဲဒါေၾကာင့္ ယူႏိုက္တက္တာဝန္ရွိသူေတြက အသင္းရဲ႕အေနအထားကို ရာသီကုန္အထိ ေစာင့္ၾကည့္ၿပီးမွ ဆိုးလ္ရွားနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ စဥ္းစားသြားမွာျဖစ္ၿပီး တကယ္လို႔ ေအာင္ျမင္မႈတစ္ခုခု မရခဲ့ရင္ေတာ့ အေျပာင္းအလဲလုပ္သြားဖို႔ရွိေနပါၿပီ။