ဆိုးလ်ရှားနဲ့ပရိသတ်တွေထံ ရင်ဖွင့်လိုက်တဲ့ လင်ဂတ်ရဲ့ အုံ့ပုန်းသောကတွေ

photo internet

လူတစ်ခု ပူမှုဆယ်ကုဋေ ဆိုတဲ့အတိုင်း လူတိုင်းလူတိုင်း သူ့အပူနဲ့သူ ရှိနေကြတာပါပဲ။ ပူပန်သောကဗျာပါဒကင်းသူဆိုတာမရှိဘဲ အပူကို ဖုံးထားနိုင်သူနဲ့ ဖုံးမထားနိုင်သူပဲကွာပါတယ်။မိုးထိတိုက်တာ စိန်ရွှေရတနာတွေအပြည့်နဲ့ စီးပွားရေးလုပ်ငန်းပေါင်းများစွာပိုင်ဆိုင်ထားတဲ့ သူဌေးသူကြွယ်တွေကအစ လူလတ်တန်းစားဝင်ငွေအသင့်အတင့်ရှိသူတွေအလယ် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အောက်ခြေလူတန်းစား ဆင်းရဲသားတွေအဆုံး ပူပန်သောကဆိုတာရှိကြစမြဲပါ။ အဲဒီပူပန်သောကတွေကို ငြိမ်းအေးစေနိုင်တာကတော့ ဘာသာတရားရဲ့ အဆုံးအမပါပဲ။ မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ဖေးမနှစ်သိမ့်မှုကလည်း ပူပန်သောကတွေကို ဖြေဖျောက်ရာမှာ အဓိကကျပါတယ်။ ပူပန်သောကပေါင်းများစွာကို သယ်ပိုးပြီး တစ်ဦးတည်းကြိတ်မှိတ်ခံစားနေလို့မဖြစ်ပါဘူး။ အဲဒီလို တစ်ဦးတည်းအတွင်းကြိတ်ခံစားနေမယ်ဆိုရင် ရေရှည်မှာ စိတ်ကျဝေဒနာတောင်ဝင်လာနိုင်ပါတယ်။ ပြောကြည့်လေရင်ထဲပေါ့သွားတာပေါ့ဆိုတဲ့အတိုင်း မိသားစုကိုဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေကိုဖြစ်စေ၊ ဆရာသမားကိုဖြစ်စေ ရင်ဖွင့်လိုက်မယ်ဆိုရင် အတိုင်းအတာတစ်ရပ်အထိ စိတ်သက်သာရာရသွားမှာပါ။လူဆိုတာ တစ်ဦးတည်းရပ်တည်နေထိုင်လို့မရဘူးမဟုတ်လား။

photo internet

မန်ယူအသင်းရဲ့ တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျက်ဆီလင်ဂတ်လည်း အဲဒီလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လင်ဂတ်ဟာ သောကဗျာပါဒပေါင်းများစွာကို သယ်ပိုးထားရပြီး စိတ်လက်မကြည် မသာဖြစ်နေတာကြာခဲ့ပါပြီ။ မိသားစုတွင်းအဆင်မပြေမှှုတွေ၊ အချစ်ရေးပြဿနာတွေကြောင့် မပျော်မရွှင်နဲ့ ဖိအားများပြီး သူအရမ်းကိုချစ်မြတ်နိုးတဲ့ ဘောလုံးအားကစားကိုပါထိခိုက်ခဲ့ရပါတယ်။ အဲဒီလို လူတွေမသိတဲ့ အခက်အခဲတွေကို တစ်ဦးတည်းကြိတ်မှိတ်ခံစားခဲ့တာမို့ ကွင်းတွင်းခြေစွမ်းကိုထိခိုက်ပြီး နည်းပြဆိုးလ်ရှားနဲ့ ပရိသတ်တွေရဲ့ ငြိုငြင်မှုကိုခံခဲ့ရပါတယ်။ခြေစွမ်းမပြနိုင်လို့ ဆိုးလ်ရှားရဲ့ ဝေဖန်ပြစ်တင်မှုကို အကြိမ်ကြိမ်ခံခဲ့ရသလို မန်ယူရော အင်္ဂလန်အသင်းမှာပါ နေရာပျောက်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း လင်ဂတ်ရဲ့ အဝတ်အထည် ဒီဇိုင်းဖန်တီးထုတ်လုပ်တာတွေ၊ ဆိုရှယ်မီဒီယာတွေမှာ အခြေအနေနဲ့အချိန်အခါမကြည့်ပို့စ်တင်တာတွေကို မျက်စိစပါးမွှေးဆူးပြီး ဝမရှိဘဲဝိလုပ်သူလို့ ဝေဖန်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ လင်ဂတ်ဟာ သူ့အခက်အခဲတွေကို ဆိုးလ်ရှားကိုရင်ဖွင့်ပြောပြခဲ့ပါတယ်။

photo internet

လင်ဂတ်ရဲ့ အခက်အခဲတွေက ဒီရာသီအစောပိုင်းမှာပဲ အစပြုခဲ့ပါတယ်။သူကစားတဲ့အင်္ဂလန်အသင်းပွဲစဉ်တွေကို တက်တက်ကြွကြွအားပေးလေ့ရှိတဲ့ မိခင်ဖြစ်သူ ခရစ္စတီ နာမကျန်းဖြစ်ပြီးနောက်ပိုင်းမိသားစုကို ပြုစုစောင့်ရှောက်ရမယ့်တာဝန်ဟာ လင်ဂတ်ပခုံးပေါ်ရောက်လာပါတယ်။ မိခင်ကိုပြုစုရင်း ညီဖြစ်သူ ဂျက်စပါ(၁၄နှစ်)နဲ့ ညီမဖြစ်သူ ဒေစီဘူး(၁၁နှစ်)တို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ခဲ့ရတာပါ။ဂျက်စပါဆိုရင် အစ်ကိုဖြစ်သူက အိမ်မှာအချိန်ပြည့်မရှိတာမို့ ကျောင်းတောင်မသွားနိုင်ဘဲ အိမ်မှာပဲ ဆရာတွေခေါ်ပြီးစာသင်နေရပါတယ်။ “ ကျွန်တော်ဟာ ပုံမှန်ဆိုရင် ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါးနေတတ်ပြီး လူတွေကို ပြုံးပျော်စေချင်သူပါ၊ ဒါပေမဲ့ အခု ကျွန်တော်ပြောင်းလဲသွားတာကို လူတွေတွေ့ခဲ့ကြပါပြီ။ ကျွန်တော်စိတ်ဓာတ်ကျနေသလို လူတိုင်းက ကျွန်တော့်ဆီ အရာအားလုံးပုံအပ်သွားသလို ခံစားခဲ့ရတယ်၊ ဒါတွေကို ပခုံးပေါ်ထမ်းထားရတာ သိပ်ကို လေးလံခက်ခဲလွန်းတာပါ။ ကျွန်တော်ချစ်ရတဲ့လူတွေ အဆင်မပြေဖြစ်နေရတာကိုမြင်ရတာ ရင်ထဲကမွန်းကြပ်လွန်းပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့လည်း လိုပါသေးတယ် “ လို့ လင်ဂတ်က သူ့အခက်အခဲတွေကို ရင်ဖွင့်ပြခဲ့ပါတယ်။

photo internet

လင်ဂတ်ဟာ အင်္ဂလန်ရဲ့အကြီးဆုံးကလပ်မှာ နေရာရဖို့ ရုန်းကန်ကြိုးစားရင်းမိသားစုအတွက်အချိန်ပေးနေရသလို တစ်ဖက်မှာလည်း တစ်နှစ်အရွယ်သမီးငယ်လေးကို ပြုစုစောင့်ရှောက်နေရတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်နေ့က အသက် ၂၇နှစ်ပြည့်ခဲ့တဲ့လင်ဂတ်ဟာ အချစ်ရေးမှာလည်း ကံမကောင်းခဲ့ပါဘူး။ သူ့ထက် ၈နှစ်လောက်ကြီးတဲ့ Fitness Model တစ်ဦးဖြစ်တဲ့ ရီဘက်ကာဟာလီဒေးနဲ့ ခုမြင်ခုကြိုက် ညအိပ်ခဲ့ပေမယ့် လက်တွဲတဲ့အထိ တော့ရေစက်မပါခဲ့ပါဘူး။ လင်ဂတ်နဲ့ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကိုတစ်ဦးချင်းသင်ကြားလေ့ကျင့်ပေးတဲ့လုပ်ငန်းတစ်ခုရဲ့ မန်နေဂျာတစ်ဦးဖြစ်တဲ့ ရီဘက်ကာတို့ဟာ မန်ချက်စတာညတစ်ညမှာ တွေ့ဆုံအတူအိပ်ခဲ့ကြပြီး သမီးလေး စကိုင်ယီလင်ဂတ်ကို မွေးဖွားခဲ့ပါတယ်။ ရီဘက်ကာက သမီးငယ်လေးကို အပတ်စဉ်လာတွေ့ပေမယ့် တာဝန်ယူထိန်းကျောင်းခြင်းမရှိလို့ လင်ဂတ်ကပဲ Single Father အဖြစ် ပြုစုစောင့်ရှောက်နေရတာပါ။

photo internet

လင်ဂတ်ကတော့ သူ့ရဲ့ဆင်ခြင်ညဏ်နည်းမှုကိုဂရုမစိုက်ဘဲ မိခင်မေတ္တာအနည်းငယ်သာရတဲ့ သမီးငယ်လေးကို အကောင်းဆုံးတွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ “ သမီးလေးက ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့ကမ္ဘာပါ။ ကျွန်တော်လုပ်ရမယ့်အရာတွေအတွက်လည်းအားဖြစ်စေပါတယ်။ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့သမီးလေးအတွက် အဖေတစ်ယောက်အနေနဲ့ သွန်သင်လမ်းပြပေးချင်ပြီး သူမ ဂုဏ်ယူရမယ့်အဖေမျိုးပဲဖြစ်ချင်ပါတယ်” လို့ လင်ဂတ်ကဆိုခဲ့ပါတယ်။

photo internet

လင်ဂတ်ဟာ ပြီးခဲ့တဲ့တစ်နှစ်ကျော် လီဗာပူးနဲ့ ပွဲမတိုင်ခင် သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ JLINGZ အမည်နဲ့ အဝတ်အထည်တွေကို မိတ်ဆက်ခဲ့တာမို့ သူရဲနီဂန္ထဝင်တွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ဂယ်ရီနဗီးလ်ရဲ့ ပြစ်တင်ဝေဖန်မှုကိုခံခဲ့ရပါတယ်။မန်ယူကနေထွက်ချင်တယ်လို့လူသိရှင်ကြားထုတ်ပြောထားတဲ့ ပေါ့ဂ်ဘာနဲ့ရင်းနှီးလွန်းတာကလည်း လင်ဂတ်ကို ပရိသတ်တွေက အမြင်မကြည်ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီအားလပ်ရက်မှာ ဟိုတယ်အိပ်ခန်းအတွင်း သူငယ်ချင်းတစ်ဦးကလိင်ဆက်ဆံနေတဲ့ပုံစံလုပ်ပြတာကို ဗီဒီယိုရိုက်ပြီးတင်ခဲ့တာကြောင့်လည်း ဝေဖန်သံတွေဆူညံစေခဲ့ပါတယ်။ အဲဒီဗီဒီယိုကြောင့် နည်းပြဖြစ်သူ ကိုထုချေလွှာပေးခဲ့ရပြီး ဒါနောက်ဆုံးဖြစ်ပစေလို့ သတိပေးခံခဲ့ရပါတယ်။ သူအမှားတွေလုပ်ခဲ့တာကိုမငြင်းပေမယ့် လက်တွေ့ဘဝနဲ့ ဆိုရှယ်မီဒီယာပေါ်ကဟာတွေကမတူတာမို့ အမြင်တစ်ခုတည်းနဲ့မဆုံးဖြတ်စေလိုသလို ပေါ့ဂ်ဘာကလည်း ၁၆နှစ်သားကတည်းက မန်ယူကိုရောက်လာတာမို့ နှစ်ဦးအကြား အမှတ်တရတွေအများကြီးရှိပြီး အရမ်းရင်းနှီးတာကို နားလည်မှုပေးဖို့ လင်ဂတ်ကမေဆ္တာရပ်ခံခဲ့ပါတယ်။

photo internet

ဆိုးလ်ရှားကလည်း သူ့ကိုရင်ဖွင့်လာတဲ့ လင်ဂတ်ကို နားလည်မှုပေးခဲ့ပါတယ်။ လင်ဂတ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၆ပွဲသာပွဲထွက်ကစားခွင့်ရသေးပေမယ့် နောက်ဆုံး ၂ပွဲက စပါးနဲ့မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲတွေပါ။ ဒါ့အပြင် အက်စ်တာနာအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူငယ်ကစားသမားအများအပြားကို ဦးဆောင်ကစားခွင့်ရခဲ့တာကလည်း ဆိုးလ်ရှားက သူ့အပေါ်မှာ ယုံကြည်ချက်ပြန်ထားမှုဖြစ်ပါစေလို့ လင်ဂတ်ကမျှော်လင့်နေပါတယ်။ အဲဗာတန်နဲ့ပွဲစဉ်ဟာဆိုရင် မန်ယူအတွက်ငယ်မွေးခြံပေါက် ကစားသမားတွေအသုံးပြုမှုပွဲ ၄၀၀၀ ပြည့်အမှတ်တရပွဲဖြစ်ပြီး အဲဒီပွဲမှာ လင်ဂတ်တစ်ယောက် နည်းပြဆိုးလ်ရှားကြောင့် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ပွဲထွက်ခွင့်ရခဲ့တဲ့ လင်ဂတ်တစ်ယောက် တင်းကြပ်နေတဲ့စိတ်ခံစားချက်တွေအထိုက်အလျောက် လျော့ပါးသက်သာသွားပြီး၊ မိသားစုနဲ့ဘောလုံးအားကစားအကြား ဟန်ချက်ညီညီနဲ့လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

photo internet

လင်ဂတ်နဲ့ပတ်သက်တဲ့အချက်အလက်အချို့ကတော့- ၁၄နှစ်အရွယ်ညီငယ်နဲ့၁၁နှစ်အရွယ်ညီမငယ်အပြင် ၁နှစ်အရွယ်သမီးလေးကိုပါ တစ်ယောက်တည်းပြုစုစောင့်ရှောက်နေရပါတယ်။
-သမီးလေးရဲ့မိခင်ဖြစ်သူဟာ လင်ဂတ်တို့မိသားစုနဲ့အတူမနေတော့ပါဘူး။ -ကင်ဆာရောဂါခံစားနေရတဲ့အဘိုး၊ကျန်းမာရေးမကောင်းတဲ့ အမေနဲ့အဖွားဖြစ်သူတို့ကို တစ်ယောက်တည်းရှာဖွေရုန်းကန်ဆေးကုပေးနေရပါတယ်။
-လူမှုကွန်ရက်ပေါ်ကနေ တိုက်ခိုက်ခံရမှုတွေကလည်း လင်ဂတ်အတွက်စိတ်ဒဏ်ရာတွေဖြစ်စေပါတယ်။
-ဝင်ငွေအနေနဲ့တစ်ပတ်ကို ပေါင်တစ်သိန်းလောက်ရနေပေမယ့်လည်း လင်ဂတ်အတွက်အားကိုး မှီခိုစရာ၊နွေးထွေးပျော်ရွှင်စရာမိသားစုဘဝဟာ မန်ချက်စတာကသူတွေနဲ့ပရိသတ်တွေပဲရှိပါတယ်။

photo internet

(Zawgyi Version)

ဆိုးလ္ရွားနဲ႔ပရိသတ္ေတြထံ ရင္ဖြင့္လိုက္တဲ့ လင္ဂတ္ရဲ႕ အံု႔ပုန္းေသာကေတြ

လူတစ္ခု ပူမႈဆယ္ကုေဋ ဆိုတဲ့အတိုင္း လူတိုင္းလူတိုင္း သူ႔အပူနဲ႔သူ ရွိေနၾကတာပါပဲ။ပူပန္ေသာကဗ်ာပါဒကင္းသူဆိုတာမရွိဘဲ အပူကို ဖံုးထားႏိုင္သူနဲ႔ ဖံုးမထားႏုိင္သူပဲကြာပါတယ္။မိုးထိတိုက္တာ စိန္ေရႊရတနာေတြအျပည့္နဲ႔ စီးပြားေရးလုပ္ငန္းေပါင္းမ်ားစြာပိုင္ဆိုင္ထားတဲ့ သူေဌးသူၾကြယ္ေတြကအစ လူလတ္တန္းစား၀င္ေငြအသင့္အတင့္ရွိသူေတြအလယ္ တစ္ေန႔လုပ္မွတစ္ေန႔စားရတဲ့ ေအာက္ေျခလူတန္းစား ဆင္းရဲသားေတြအဆံုး ပူပန္ေသာကဆိုတာရွိၾကစျမဲပါ။ အဲဒီပူပန္ေသာကေတြကို ၿငိမ္းေအးေစႏိုင္တာကေတာ့ ဘာသာတရားရဲ႕ အဆံုးအမပါပဲ။ မိသားစုနဲ႔ မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ ေဖးမႏွစ္သိမ့္မႈကလည္း ပူပန္ေသာကေတြကို ေျဖေဖ်ာက္ရာမွာ အဓိကက်ပါတယ္။ ပူပန္ေသာကေပါင္းမ်ားစြာကို သယ္ပိုးၿပီး တစ္ဦးတည္းႀကိတ္မွိတ္ခံစားေနလို႔မျဖစ္ပါဘူး။ အဲဒီလို တစ္ဦးတည္းအတြင္းႀကိတ္ခံစားေနမယ္ဆိုရင္ ေရရွည္မွာ စိတ္က်ေ၀ဒနာေတာင္၀င္လာႏိုင္ပါတယ္။ ေျပာၾကည့္ေလရင္ထဲေပါ့သြားတာေပါ့ဆိုတဲ့အတိုင္း မိသားစုကိုျဖစ္ေစ၊ သူငယ္ခ်င္းမိတ္ေဆြေတြကိုျဖစ္ေစ၊ ဆရာသမားကိုျဖစ္ေစ ရင္ဖြင့္လိုက္မယ္ဆိုရင္ အတိုင္းအတာတစ္ရပ္အထိ စိတ္သက္သာရာရသြားမွာပါ။လူဆိုတာ တစ္ဦးတည္းရပ္တည္ေနထိုင္လို႔မရဘူးမဟုတ္လား။

မန္ယူအသင္းရဲ႕ တိုက္စစ္အားသန္ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဂ်က္ဆီလင္ဂတ္လည္း အဲဒီလိုအျဖစ္မ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ လင္ဂတ္ဟာ ေသာကဗ်ာပါဒေပါင္းမ်ားစြာကို သယ္ပိုးထားရၿပီး စိတ္လက္မၾကည္မသာျဖစ္ေနတာၾကာခဲ့ပါၿပီ။ မိသားစုတြင္းအဆင္မေျပမွႈေတြ၊ အခ်စ္ေရးျပႆနာေတြေၾကာင့္ မေပ်ာ္မရႊင္နဲ႔ ဖိအားမ်ားၿပီး သူအရမ္းကိုခ်စ္ျမတ္ႏိုးတဲ့ ေဘာလံုးအားကစားကိုပါထိခိုက္ခဲ့ရပါတယ္။ အဲဒီလို လူေတြမသိတဲ့အခက္အခဲေတြကို တစ္ဦးတည္းႀကိတ္မွိတ္ခံစားခဲ့တာမို႔ ကြင္းတြင္းေျခစြမ္းကိုထိခိုက္ၿပီး နည္းျပဆိုးလ္ရွားနဲ႔ ပရိသတ္ေတြရဲ႕ ၿငိဳျငင္မႈကိုခံခဲ့ရပါတယ္။ေျခစြမ္းမျပႏိုင္လို႔ ဆိုးလ္ရွားရဲ႕ ေ၀ဖန္ျပစ္တင္မႈကို အႀကိမ္ႀကိမ္ခံခဲ့ရသလို မန္ယူေရာ အဂၤလန္အသင္းမွာပါ ေနရာေပ်ာက္ခဲ့ပါတယ္။ ပရိသတ္ေတြကလည္း လင္ဂတ္ရဲ႕ အ၀တ္အထည္ဒီဇို္င္းဖန္တီးထုတ္လုပ္တာေတြ၊ ဆိုရွယ္မီဒီယာေတြမွာ အေျခအေနနဲ႔အခ်ိန္အခါမၾကည့္ပို႔စ္တင္တာေတြကို မ်က္စိစပါးေမႊးဆူးၿပီး ၀မရွိဘဲ၀ိလုပ္သူလို႔ ေ၀ဖန္ခဲ့ၾကပါတယ္။ ေနာက္ဆံုးမွာေတာ့ လင္ဂတ္ဟာ သူ႕အခက္အခဲေတြကို ဆိုးလ္ရွားကိုရင္ဖြင့္ေျပာျပခဲ့ပါတယ္။

လင္ဂတ္ရဲ႕ အခက္အခဲေတြက ဒီရာသီအေစာပိုင္းမွာပဲ အစျပဳခဲ့ပါတယ္။သူကစားတဲ့အဂၤလန္အသင္းပြဲစဥ္ေတြကို တက္တက္ၾကြၾကြအားေပးေလ့ရွိတဲ့ မိခင္ျဖစ္သူ ခရစၥတီ နာမက်န္းျဖစ္ၿပီးေနာက္ပိုင္းမိသားစုကိုျပဳစုေစာင့္ေရွာက္ရမယ့္တာ၀န္ဟာ လင္ဂတ္ပခံုးေပၚေရာက္လာပါတယ္။ မိခင္ကိုျပဳစုရင္း ညီျဖစ္သူ ဂ်က္စပါ(၁၄ႏွစ္)နဲ႔ ညီမျဖစ္သူ ေဒစီဘူး(၁၁ႏွစ္)တို႔ကိုလည္း ၾကည့္ရႈေစာင့္ေရွာက္ခဲ့ရတာပါ။ဂ်က္စပါဆိုရင္ အစ္ကိုျဖစ္သူက အိမ္မွာအခ်ိန္ျပည့္မရွိတာမို႔ ေက်ာင္းေတာင္မသြားႏိုင္ဘဲ အိမ္မွာပဲ ဆရာေတြေခၚၿပီးစာသင္ေနရပါတယ္။ “ ကြၽန္ေတာ္ဟာ ပုံမွန္ဆိုရင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္၊ ေပါ့ေပါ့ပါးပါးေနတတ္ၿပီး လူေတြကို ၿပဳံးေပ်ာ္ေစခ်င္သူပါ၊ ဒါေပမဲ့ အခု ကြၽန္ေတာ္ေျပာင္းလဲသြားတာကို လူေတြေတြ႕ခဲ့ၾကပါၿပီ။ ကၽြန္ေတာ္စိတ္ဓာတ္က်ေနသလို လူတိုင္းက ကြၽန္ေတာ့္ဆီ အရာအားလုံးပုံအပ္သြားသလို ခံစားခဲ့ရတယ္၊ ဒါေတြကို ပခုံးေပၚထမ္းထားရတာ သိပ္ကို ေလးလံခက္ခဲလြန္းတာပါ။ ကြၽန္ေတာ္ခ်စ္ရတဲ့လူေတြ အဆင္မေျပျဖစ္ေနရတာကိုျမင္ရတာ ရင္ထဲကမြန္းၾကပ္လြန္းပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ကိုယ့္အလုပ္ကိုယ္လုပ္ဖို႔လည္း လိုပါေသးတယ္ “ လို႔ လင္ဂတ္က သူ႔အခက္အခဲေတြကို ရင္ဖြင့္ျပခဲ့ပါတယ္။

လင္ဂတ္ဟာ အဂၤလန္ရဲ႕အႀကီးဆံုးကလပ္မွာ ေနရာရဖို႔ ရုန္းကန္ႀကိဳးစားရင္းမိသားစုအတြက္အခ်ိန္ေပးေနရသလို တစ္ဖက္မွာလည္း တစ္ႏွစ္အရြယ္သမီးငယ္ေလးကို ျပဳစုေစာင့္ေရွာက္ေနရတာပါ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၅ရက္ေန႔က အသက္ ၂၇ႏွစ္ျပည့္ခဲ့တဲ့လင္ဂတ္ဟာ အခ်စ္ေရးမွာလည္း ကံမေကာင္းခဲ့ပါဘူး။ သူ႔ထက္ ၈ႏွစ္ေလာက္ႀကီးတဲ့ Fitness Model တစ္ဦးျဖစ္တဲ့ ရီဘက္ကာဟာလီေဒးနဲ႔ ခုျမင္ခုႀကိဳက္ ညအိပ္ခဲ့ေပမယ့္ လက္တြဲတဲ့အထိေတာ့ေရစက္မပါခဲ့ပါဘူး။ လင္ဂတ္နဲ႔ ႀကံ့ခိုင္မႈေလ့က်င့္ခန္းေတြကိုတစ္ဦးခ်င္းသင္ၾကားေလ့က်င့္ေပးတဲ့လုပ္ငန္းတစ္ခုရဲ႕ မန္ေနဂ်ာတစ္ဦးျဖစ္တဲ့ ရီဘက္ကာတို႔ဟာ မန္ခ်က္စတာညတစ္ညမွာ ေတြ႔ဆံုအတူအိပ္ခဲ့ၾကၿပီး သမီးေလး စကိုင္ယီလင္ဂတ္ကို ေမြးဖြားခဲ့ပါတယ္။ ရီဘက္ကာက သမီးငယ္ေလးကို အပတ္စဥ္လာေတြ႔ေပမယ့္ တာ၀န္ယူထိန္းေက်ာင္းျခင္းမရွိလို႔ လင္ဂတ္ကပဲ Single Father အျဖစ္ ျပဳစုေစာင့္ေရွာက္ေနရတာပါ။

လင္ဂတ္
ကေတာ့ သူ႔ရဲ႕ဆင္ျခင္ညဏ္နည္းမႈကိုဂရုမစိုက္ဘဲ မိခင္ေမတၱာအနည္းငယ္သာရတဲ့ သမီးငယ္ေလးကို အေကာင္းဆံုးေတြေပးႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ “ သမီးေလးက ကြၽန္ေတာ့္ရဲ႕ဘ၀၊ ကြၽန္ေတာ့္ရဲ႕ကမၻာပါ။ ကြၽန္ေတာ္လုပ္ရမယ့္အရာေတြအတြက္လည္း
အားျဖစ္ေစပါတယ္။ ကြၽန္ေတာ့္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့သမီးေလးအတြက္ အေဖတစ္ေယာက္အေနနဲ႔ သြန္သင္လမ္းျပေပးခ်င္ၿပီး သူမ ဂုဏ္ယူရမယ့္အေဖမ်ိဳးပဲျဖစ္ခ်င္ပါတယ္” လို႔ လင္ဂတ္ကဆိုခဲ့ပါတယ္။

လင္ဂတ္ဟာ ၿပီးခဲ့တဲ့တစ္ႏွစ္ေက်ာ္ လီဗာပူးနဲ႔ ပြဲမတိုင္ခင္ သူ႕ရဲ႕ကိုယ္ပိုင္အမွတ္တံဆိပ္ျဖစ္တဲ့ JLINGZ အမည္နဲ႔ အ၀တ္အထည္ေတြကို မိတ္ဆက္ခဲ့တာမို႔ သူရဲနီဂႏၳ၀င္ေတြျဖစ္တဲ့ ရြိဳင္ကိန္းနဲ႔ဂယ္ရီနဗီးလ္ရဲ႔ ျပစ္တင္ေ၀ဖန္မႈကိုခံခဲ့ရပါတယ္။မန္ယူကေနထြက္ခ်င္တယ္လို႔လူသိရွင္ၾကားထုတ္ေျပာထားတဲ့ ေပါ့ဂ္ဘာနဲ႔ရင္းႏွီးလြန္းတာကလည္း လင္ဂတ္ကို ပရိသတ္ေတြက အျမင္မၾကည္ျဖစ္ေစခဲ့ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ေႏြရာသီအားလပ္ရက္မွာ ဟိုတယ္အိပ္ခန္းအတြင္း သူငယ္ခ်င္းတစ္ဦးကလိင္ဆက္ဆံေနတဲ့ပံုစံလုပ္ျပတာကို ဗီဒီယိုရိုက္ၿပီးတင္ခဲ့တာေၾကာင့္လည္း ေ၀ဖန္သံေတြဆူညံေစခဲ့ပါတယ္။ အဲဒီဗီဒီယိုေၾကာင့္ နည္းျပျဖစ္သူကိုထုေခ်လႊာေပးခဲ့ရၿပီး ဒါေနာက္ဆံုးျဖစ္ပေစလို႔ သတိေပးခံခဲ့ရပါတယ္။ သူအမွားေတြလုပ္ခဲ့တာကိုမျငင္းေပမယ့္ လက္ေတြ႔ဘ၀နဲ႔ ဆိုရွယ္မီဒီယာေပၚကဟာေတြကမတူတာမို႔ အျမင္တစ္ခုတည္းနဲ႔မဆံုးျဖတ္ေစလိုသလို ေပါ့ဂ္ဘာကလည္း ၁၆ႏွစ္သားကတည္းက မန္ယူကိုေရာက္လာတာမို႔ ႏွစ္ဦးအၾကားအမွတ္တရေတြအမ်ားႀကီးရွိၿပီး အရမ္းရင္းႏွီးတာကို နားလည္မႈေပးဖို႔ လင္ဂတ္ကေမဆၱာရပ္ခံခဲ့ပါတယ္။

ဆိုးလ္ရွားကလည္း သူ႔ကိုရင္ဖြင့္လာတဲ့ လင္ဂတ္ကို နားလည္မႈေပးခဲ့ပါတယ္။ လင္ဂတ္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၆ပြဲသာပြဲထြက္ကစားခြင့္ရေသးေပမယ့္ ေနာက္ဆံုး ၂ပြဲက စပါးနဲ႔မန္စီးတီးကို အႏိုင္ရခဲ့တဲ့ပြဲေတြပါ။ ဒါ့အျပင္ အက္စ္တာနာအသင္းနဲ႔ ယူရိုပါလိဂ္ပြဲစဥ္မွာ လူငယ္ကစားသမားအမ်ားအျပားကို ဦးေဆာင္ကစားခြင့္ရခဲ့တာကလည္း ဆိုးလ္ရွားက သူ႔အေပၚမွာ ယုံၾကည္ခ်က္ျပန္ထားမႈျဖစ္ပါေစလို႔ လင္ဂတ္ကေမွ်ာ္လင့္ေနပါတယ္။ အဲဗာတန္နဲ႔ပြဲစဥ္ဟာဆိုရင္ မန္ယူအတြက္ငယ္ေမြးျခံေပါက္ ကစားသမားေတြအသုံးျပဳမႈပြဲ ၄၀၀၀ ျပည့္အမွတ္တရပြဲျဖစ္ၿပီး အဲဒီပြဲမွာ လင္ဂတ္တစ္ေယာက္ နည္းျပဆိုးလ္ရွားေၾကာင့္ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ ပြဲထြက္ခြင့္ရခဲ့တဲ့ လင္ဂတ္တစ္ေယာက္ တင္းၾကပ္ေနတဲ့စိတ္ခံစားခ်က္ေတြအထိုက္အေလ်ာက္ ေလ်ာ့ပါးသက္သာသြားၿပီး၊ မိသားစုနဲ႔ေဘာလံုးအားကစားအၾကား ဟန္ခ်က္ညီညီနဲ႔ေလွ်ာက္လွမ္းႏိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

လင္ဂတ္နဲ႔ပတ္သက္တဲ့အခ်က္အလက္အခ်ဳိ႕ကေတာ့- ၁၄ႏွစ္အရြယ္ညီငယ္နဲ႔၁၁ႏွစ္အရြယ္ညီမငယ္အျပင္ ၁ႏွစ္အရြယ္သမီးေလးကိုပါ တစ္ေယာက္တည္းျပဳစုေစာင့္ေရွာက္ေနရပါတယ္။
-သမီးေလးရဲ႕မိခင္ျဖစ္သူဟာ လင္ဂတ္တို႔မိသားစုနဲ႔အတူမေနေတာ့ပါဘူး။

-ကင္ဆာေရာဂါခံစားေနရတဲ့အဘိုး၊က်န္းမာေရးမေကာင္းတဲ့ အေမနဲ႔အဖြားျဖစ္သူတို႔ကို တစ္ေယာက္တည္းရွာေဖြရုန္းကန္ေဆးကုေပးေနရပါတယ္။
-လူမႈကြန္ရက္ေပၚကေန တိုက္ခိုက္ခံရမႈေတြကလည္း လင္ဂတ္အတြက္စိတ္ဒဏ္ရာေတြျဖစ္ေစပါတယ္။
-၀င္ေငြအေနနဲ႔တစ္ပတ္ကို ေပါင္တစ္သိန္းေလာက္ရေနေပမယ့္လည္း လင္ဂတ္အတြက္အားကိုးမီွခိုစရာ၊ေႏြးေထြးေပ်ာ္ရႊင္စရာမိသားစုဘ၀ဟာ မန္ခ်က္စတာကသူေတြနဲ႔ပရိသတ္ေတြပဲရိွပါတယ္။