ဆိုးလ်ရှားနေရာအစားထိုးဖို့ ပိုချက်တီနိုကို ဆက်သွယ်ခဲ့တဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ လက်ရှိနည်းပြဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့အတွက် စပါးနည်းပြဟောင်းပိုချက်တီနိုကို ဆက်သွယ်ခဲ့ကြောင်း အင်္ဂလန်မှာ သတင်းတွေထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေက ပိုချက်တီနိုရဲ့အသင်းဟောင်းကို အိုးလ်ထရက်ဖု့ိဒ်မှာ ၆-၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ကလပ်မှာ ဆိုးလ်ရှားရဲ့အနာဂါတ်ဟာ မတည်ငြိမ်ဖြစ်လာခဲ့ပါတယ်။

အာဂျင်တီးနားသားနည်းပြပိုချက်တီနိုဟာ လွန်ခဲ့တဲ့ ၁၁ လမှာ စပါးကနေ အထုတ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူပါ။ သူဟာ နည်းပြဘဝနောက်ထပ်စိန်ခေါ်မှုအတွက်စောင့်ဆိုင်းနေသူလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Star ရဲ့အဆိုအရတော့ အိုးလ်ထရက်ဖို့ဒ်က အသင်းတာဝန်ရှိသူတွေဟာ ပိုချက်တီနိုရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုလုပ်ခဲ့ပြီး မန်ယူနည်းပြနေရာအတွက် စိတ်ဝင်စားခြင်းရှိမရှိ မေးမြန်းခဲ့ကြောင်း သိရပါတယ်။ အဲဒီသတင်းကပဲ မန်ယူအသင်းဘုတ်အဖွဲ့ဝင်တွေဟာ ဆိုးလ်ရှားဆီကနေ ပိုကောင်းတဲ့ရလဒ်တွေကို မြင်ချင်နေပြီး အသင်းအမှုဆောင်ချုပ်အက်ဝုဒ်ဝပ်ကတော့ ဆိုးလ်ရှားကိုထုတ်ဖို့ ဝန်လေးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပိုချက်တီနိုနဲ့ဆက်သွယ်မှုဟာ နည်းပြအပြောင်းအလဲအတွက် လောလောဆယ်အနေအထားလို့ပဲ ဆိုနိုင်ပါသေးတယ်။ ပိုချက်တီနိုဟာ ၂၀၁၄က နောက် ၅ နှစ်အတွင်းမှာ စပါးကို အလယ်အလတ်အသင်းတစ်ဆင်းအဆင့်ကနေ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အသင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆုိးလ္ရွားေနရာအစားထုိးဖို႔ ပိုခ်က္တီႏိုကို ဆက္သြယ္ခဲ့တဲ့ မန္ယူ

မန္ယူအသင္းဟာ လက္ရွိနည္းျပဆုိးလ္ရွားရဲ႕ေနရာမွာ အစားထုိးဖုိ႔အတြက္ စပါးနည္းျပေဟာင္းပိုခ်က္တီႏိုကို ဆက္သြယ္ခဲ့ေၾကာင္း အဂၤလန္မွာ သတင္းေတြထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြက ပိုခ်က္တီႏိုရဲ႕အသင္းေဟာင္းကို အိုးလ္ထရက္ဖု႔ိဒ္မွာ ၆-၁ ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ ကလပ္မွာ ဆိုးလ္ရွားရဲ႕အနာဂါတ္ဟာ မတည္ၿငိမ္ျဖစ္လာခဲ့ပါတယ္။

အာဂ်င္တီးနားသားနည္းျပပိုခ်က္တီႏိုဟာ လြန္ခဲ့တဲ့ ၁၁ လမွာ စပါးကေန အထုတ္ခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူပါ။ သူဟာ နည္းျပဘ၀ေနာက္ထပ္စိန္ေခၚမႈအတြက္ေစာင့္ဆိုင္းေနသူလည္း ျဖစ္ပါတယ္။

အဂၤလိပ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Daily Star ရဲ႕အဆိုအရေတာ့ အုိးလ္ထရက္ဖုိ႔ဒ္က အသင္းတာ၀န္ရွိသူေတြဟာ ပိုခ်က္တီႏိုရဲ႕ကုိယ္စားလွယ္ေတြနဲ႔ ဆက္သြယ္မႈလုပ္ခဲ့ၿပီး မန္ယူနည္းျပေနရာအတြက္ စိတ္၀င္စားျခင္းရွိမရွိ ေမးျမန္းခဲ့ေၾကာင္း သိရပါတယ္။ အဲဒီသတင္းကပဲ မန္ယူအသင္းဘုတ္အဖြဲ႕၀င္ေတြဟာ ဆိုးလ္ရွားဆီကေန ပိုေကာင္းတဲ့ရလဒ္ေတြကို ျမင္ခ်င္ေနၿပီး အသင္းအမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ပ္ကေတာ့ ဆုိးလ္ရွားကိုထုတ္ဖုိ႔ ၀န္ေလးေနတယ္လုိ႔ ဆုိပါတယ္။

ဒါေၾကာင့္ ပိုခ်က္တီိႏိုနဲ႔ဆက္သြယ္မႈဟာ နည္းျပအေျပာင္းအလဲအတြက္ ေလာေလာဆယ္အေနအထားလုိ႔ပဲ ဆုိႏိုင္ပါေသးတယ္။ ပိုခ်က္တီႏိုဟာ ၂၀၁၄က ေနာက္ ၅ ႏွစ္အတြင္းမွာ စပါးကို အလယ္အလတ္အသင္းတစ္ဆင္းအဆင့္ကေန ခ်န္ပီယံလိဂ္ဗုိလ္လုပြဲေရာက္အသင္းအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။