
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ြ့ပီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ယူနိုက်တက်အသင်းကွင်းလယ်မှာ ပွဲထွက်ခွင့်တွေပိုရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဖရက်ဒ်က သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီတစ်ခုလို့တောင် ယူဆမိတယ်လို့ ပြောကြားလိုက်ပါတယ်။
ဖရက်ဒ်က နည်းပြ ဆိုးလ်ရှား လက်အောက်မှာ ကစားနေရတဲ့ သူ့ရဲ့ အခန်းကဏ္ဍက အခြားသူတွေနဲ့ မတူဘဲ တာဝန်ယူရတဲ့အပိုင်း ကွာခြားတယ်လို့လည်း ဆိုပါတယ်။
ဖရက်ဒ်ဟာ ၂၀၂၀-၂၁ ဘောလုံး ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ အထိ ကစားခဲ့ရပြီး အရင်ကထက် ပွဲထွက်ခွင့်တွေ ပိုပြီးပိုင်ဆိုင်နိုင်ခဲ့ကာ ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်လို့ ထင်စရာပါ။
ဒါပေမယ့် ဖရက်ဒ်က ခက်ခဲတဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်လိုဆိုခဲ့ပြီး နည်းပြ ဆိုးလ်ရှားက ပေးအပ်ထားတဲ့ သူ့ရဲ့ အခန်းကဏ္ဍအကြောင်း ဖွင့်ဟခဲ့သလို သူ့ရဲ့ တာဝန်က တိုက်စစ် ကစားသမားတွေကို အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့လို့ သိရပါတယ်။
ဖရက်ဒ်က ” ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သာမာန် မဟုတ်တဲ့ ဘောလုံး ရာသီတစ်ခု ဖြစ်ခဲ့ရပါတယ်။
ဒီနှစ် ပွဲတွေ အရမ်းဆက်ခဲ့ပါတယ်။ ကျွန်တော် ဒီနှစ် ခြေစွမ်းတွေ ကောင်းခဲ့တယ်လို့ ထင်မိပါတယ်။
ဒဏ်ရာ ပြသနာ လုံးဝ မရှိအောင် ကစားပြ နိုင်ခဲ့ပါတယ်။
ကျွန်တော် ဂိုးတွေတော့ အများကြီး မသွင်းယူနိုင်ခဲ့ပါဘူး။
အချို့ ကစားသမားတွေက ဒီနှစ်က ငါ့ရဲ့ အကောင်းဆုံး ဘောလုံး ရာသီပဲ၊ ငါ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့တယ် ပြောလေ့ရှိပေမယ့် ကျွန်တော် 1 ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော့် အလုပ်က ခြားနားပါတယ်။ ကျွန်တော်ဟာ နည်းပြပေးတဲ့ အလုပ်ကို လုပ်ဆောင်ရပါတယ်။
ဘရူနို နဲ့ ကျွန်တော်က ကွင်းထဲမှာ အပြေးရဆုံးသော ကစားသမားတွေပါပဲ။
ကျွန်တော်တို့ဟာ အခြားသူတွေထက် နည်းနည်း ပိုပြေးရပါတယ်။
ဒါပေမယ့် ကျွန်တော့် အလုပ်က တိုက်စစ်ကို ထောက်ပံ့ရေးပါပဲ။
ဂိုးတွေ သွင်းနေဖို့ မဟုတ်ပါဘူး။ ခံစစ်ပိုင်းကိုလည်း ကူညီပေးရဖို့ အဓိက လုပ်ဆောင်ရ ပါတယ်။
ဆိုးလ်ရှားက ခမ်းနားတဲ့ နည်းပြ တစ်ဦးပါ “လို့ ဖရက်ဒ် က ပြောသွားပါတယ်။
ဖရက်ဒ်ဟာ ယူနိုက်တက်ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး တွန်မီနေးလ်နဲ့ အတွဲညီညီ ကစားနိုင်တဲ့သူလည်းဖြစ်ပါတယ်။
နည်းပြကြီး ဖာဂူဆန်ခေတ်က ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ ကစားတတ်တဲ့ ပက်ဂျီဆန်လို အဆုတ် ၃ ခုပါတဲ့ ကစားသမားအဖြစ် ဖရက်ဒ်ကို ချီးကျူးနေကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆိုးလ္ရွားခ်ေပးတဲ့ ေနရာနဲ႔ တာဝန္အတိုင္း ေက်ပြန္ေအာင္ ကစားေနတဲ့ ဖရက္ဒ္
ျ့ပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ယူႏိုက္တက္အသင္းကြင္းလယ္မွာ ပြဲထြက္ခြင့္ေတြပိုရခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ ဖရက္ဒ္က သူ႔ရဲ႕ အေကာင္းဆုံး ေဘာလုံးရာသီတစ္ခုလို႔ေတာင္ ယူဆမိတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဖရက္ဒ္က နည္းျပ ဆိုးလ္ရွား လက္ေအာက္မွာ ကစားေနရတဲ့ သူ႔ရဲ႕ အခန္းက႑က အျခားသူေတြနဲ႔ မတူဘဲ တာဝန္ယူရတဲ့အပိုင္း ကြာျခားတယ္လို႔လည္း ဆိုပါတယ္။
ဖရက္ဒ္ဟာ ၂၀၂၀-၂၁ ေဘာလုံး ရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၇ ပြဲ အထိ ကစားခဲ့ရၿပီး အရင္ကထက္ ပြဲထြက္ခြင့္ေတြ ပိုၿပီးပိုင္ဆိုင္ႏိုင္ခဲ့ကာ ေကာင္းမြန္တဲ့ ေဘာလုံးရာသီ တစ္ခုကို ပိုင္ဆိုင္ခဲ့ရတယ္လို႔ ထင္စရာပါ။ ဒါေပမယ့္ ဖရက္ဒ္က ခက္ခဲတဲ့ ေဘာလုံးရာသီ တစ္ခုကို ပိုင္ဆိုင္ခဲ့ရတယ္လိုဆိုခဲ့ၿပီး နည္းျပ ဆိုးလ္ရွားက ေပးအပ္ထားတဲ့ သူ႔ရဲ႕ အခန္းက႑အေၾကာင္း ဖြင့္ဟခဲ့သလို သူ႔ရဲ႕ တာဝန္က တိုက္စစ္ ကစားသမားေတြကို အေထာက္အပံ့ေကာင္းေတြ ေပးႏိုင္ဖို႔လို႔ သိရပါတယ္။
ဖရက္ဒ္က ” ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ သာမာန္ မဟုတ္တဲ့ ေဘာလုံး ရာသီတစ္ခု ျဖစ္ခဲ့ရပါတယ္ ။ ဒီႏွစ္ ပြဲေတြ အရမ္းဆက္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဒီႏွစ္ ေျခစြမ္းေတြ ေကာင္းခဲ့တယ္လို႔ ထင္မိပါတယ္။ ဒဏ္ရာ ျပသနာ လုံးဝ မရွိေအာင္ ကစားျပ ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္ ဂိုးေတြေတာ့ အမ်ားႀကီး မသြင္းယူႏိုင္ခဲ့ ပါဘူး။ အခ်ိဳ႕ ကစားသမားေတြက ဒီႏွစ္က ငါ့ရဲ႕ အေကာင္းဆုံး ေဘာလုံး ရာသီပဲ၊ ငါ ဂိုးေတြ အမ်ားႀကီး သြင္းႏိုင္ခဲ့တယ္ ေျပာေလ့ရွိေပမယ့္ ကြၽန္ေတာ္ 1 ဂိုးပဲ သြင္းႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ့္ အလုပ္က ျခားနားပါတယ္။ ကြၽန္ေတာ္ဟာ နည္းျပေပးတဲ့ အလုပ္ကို လုပ္ေဆာင္ရပါတယ္။ ဘ႐ူႏို နဲ႔ ကြၽန္ေတာ္က ကြင္းထဲမွာ အေျပးရဆုံးေသာ ကစားသမားေတြ ပါပဲ ။ ကြၽန္ေတာ္တို႔ဟာ အျခားသူေတြထက္ နည္းနည္း ပိုေျပးရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ အလုပ္က တိုက္စစ္ကို ေထာက္ပံ့ေရးပါပဲ။ ဂိုးေတြ သြင္းေနဖို႔ မဟုတ္ပါဘူး ။ ခံစစ္ပိုင္းကိုလည္း ကူညီေပးရဖို႔ အဓိက လုပ္ေဆာင္ရ ပါတယ္။ ဆိုးလ္ရွားက ခမ္းနားတဲ့ နည္းျပ တစ္ဦးပါ “လို႔ ဖရက္ဒ္ က ေျပာသြားပါတယ္။
ဖရက္ဒ္ဟာ ယူႏိုက္တက္ကြင္းလယ္မွာ လုပ္အားႏႈန္းေကာင္းတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး တြန္မီေနးလ္နဲ႔ အတြဲညီညီ ကစားႏိုင္တဲ့သူလည္းျဖစ္ပါတယ္။ နည္းျပႀကီး ဖာဂူဆန္ေခတ္က ကြင္းလယ္မွာ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ကစားတတ္တဲ့ ပက္ဂ်ီဆန္လို အဆုတ္ ၃ ခုပါတဲ့ ကစားသမားအျဖစ္ ဖရက္ဒ္ကို ခ်ီးက်ဴးေနၾကပါတယ္။