ဆိုးလ်ရှားက ချီးကျူး ပရိသတ်တွေက ဆက်နေဖို့ တောင်းဆိုခံရတဲ့ နှစ်ချို့ဝိုင် ကာဗာနီနဲ့ မန်ယူရဲ့ ရွှေအိုရောင် မှတ်တမ်းများ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရိုးမားအသင်းကို ၆-၂နဲ့ အနိုင်ရခဲ့တဲပ့ွဲမှာ ကာဗာနီ၊ ဘရူနိုဖာနန်ဒက်စ်တို့က ၂ဂိုးစီသွင်းခဲ့ကြပြီး ပေါ့ဂ်ဘာနဲ့ ဂရင်းဝုဒ်တို့ရဲ့ ဂိုးတွေကြောင့် ခမ်းနားကြီးကြယ်တဲ့ ချန်ပီယံလိ၈်သမိုင်းမှာ
နှစ်ပေါင်း ၅၇နှစ်အကြာ မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။
အဲ့ဒါကတော့ ၁၉၆၄ တုန်းက ဥရောပဖလား (ချန်ပီယံလိဂ်) ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ၆ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စံချိန်မှတ်တမ်းနဲ့ တူညီသွားခဲ့တာပါ။
ဒါ့အပြင် နည်းပြကြီး ဖာဂူဆန်ခေတ်တုန်းက ၂၀၀၇ခုနှစ်မှာ ရိုးမားကိုပဲ အိုးလ်ထရက်ဖို့ဒ်မှာ ၇-၁နဲ့ အနိုင်ယူခဲ့ပြီးနောက်ပိုင်း ဥရောပအဆင့်ပြိုင်ပွဲတွေမှာ သွင်းဂိုး ၆ဂိုး သွင်းနိုင်တဲ့ ပထမဆုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။
ဒီမှတ်တမ်းအရ မန်ယူဟာ သမိုင်းကြောင်းထဲမှာ ကျန်နေခဲ့တဲ့ အသင်းမဟုတ်ဘဲ သမိုင်မှတ်တမ်းသစ်တွေ ရေးထိုးနေတဲ့ အသင်းဆိုတာ သိသာစေခဲ့ပါတယ်။
အသင်းရဲ့ နှဏ်ချို့ဝိုင်လို့ တင်စားရမယ့် ကာဗာနီကတော့ ဆိုးလ်ရှားကို သူတောင်းဆိုထားသလို ဖြစ်နိုင်ရင် လူစားဝင်ကစားသမားအဖြစ်သာ ကစားခိုင်းဖို့ ပြောတာဟာ ပွဲအစကတည်းက ကစားရရင် ပြိုင်ဘက်အသင်းတွေကို ဂိုးတွေပိုသွင်းမိနေမှာစိုးလို့ ဖြစ်နိုင်ပါတယ်။ ရိုးမားကို ၂ဂိုးသွင်းခဲ့တဲ့ ကာဗာနီဟာ ကစားသမားဘဝတစ်လျှောက် ဥရောပပြိုင်ပွဲ သွင်းဂိုး ၅၀ ပြည့်သွားခဲ့ပါပြီ။
ဒါ့အပြင် ၂၀၀၅ခုနှစ်နောက်ပိုင်း ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ၂ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် ၃၄နှစ်နဲ့ ၇၄ရက် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ၂၀၀၅ ချန်ပီယံလိဂ်
ဆီမီးဖိုင်နယ်တုန်းက ပီအက်ဗွီကစားသမား ဖိလစ်ကိုကူးက အေစီမီလန်ကို ဂိုးသွင်းခဲ့တုန်းက ၃၄နှစ်နဲ့ ၁၈၇ရက် ဖြစ်ပါတယ်။
ဒါ့အပြင် ကာဗာနီဟာ သူ့ရဲ့ ကစားသမားဘဝမှာ စီးရီးအေမှာ ကစားခဲ့တုန်းက ပါလာမို၊ နာပိုလီအသင်းတွေနဲ့ ရိုးမားကို ဂိုးတွေသွင်းခဲ့ဖူးသလို ၁၃ကြိမ် ရင်ဆိုင်ကစားခဲ့ပြီး ၁၁ဂိုး သွင်းနိုင်ခဲ့တာပါ။
မန်ယူအတွက် ဒီရာသီပြိုင်ပွဲစုံ ၃၃ပွဲမှာ ၁၂ဂိုး သွင်းထားတဲ့ ကာဗာနီကို ဆိုးလ်ရှားက ” ကာဗာနီအတွက် အရမ်းကို ဂုဏ်ယူပါတယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ သမ္ဘာကို ပြခဲ့တာပါ။ အသင်းအနေနဲ့ အခုလို အချိန်မျိုးမှာ
ဒါမျိုးက အရမ်းလိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကာဗာနီကို မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ ပေါလ်စခိုးနဲ့ အိုဝင်ဟားဂရေဗ့်တို့က ချီးကျူးခဲ့ကြပြီး မန်ယူပရိသတ်တွေဟာ သူ့ကို ရာသီကုန်မှာ အသင်းကထွက်မသွားဘဲ စာချုပ်ဆက်ချုပ်ဖို့ ဆိုရှယ်မီဒီယာတွေမှာ တောင်းဆိုမှုတွေ ရေးသားခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi