
Photo Credit
Photo Credit
သတင်းတွေရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်နဲ့ ဂျူဗင်တပ်စ် အစရှိတဲ့ဥရောပအင်အားကြီးကလပ်တွေကို ကျော်ဖြတ်ပြီး ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။
Photo Credit
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အသင်းနည်းပြ ဆိုးလ်ရှားနဲ့ ဟာလန်းတို့ရဲ့အတိတ်ကာလက ဖြစ်ရပ်တွေကြောင့် အဲဒီနော်ဝေလူငယ်ကြယ်ပွင့်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အဲဒီသတင်းဌာနကပဲ အသက် ၁၉နှစ်အရွယ်ရှိ ဟာလန်း ယူနိုက်တက်ကို ရောက်ရှိဖို့က အလွန်ဖြစ်နိုင်ခြေရှိတယ်လို့ ရေးသားခဲ့ပါတယ်။
Photo Credit
အဲဒီလိုဟာလန်းကို ယူနိုက်တက်အသင်း ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေတာက နည်းပြဆိုးလ်ရှားကြောင့်ဖြစ်တယ်လို့ သတင်းတွေကရေးသားနေကြပြီး အသက် ၄၆နှစ်အရွယ်ရှိ ဆိုးလ်ရှားဟာ မိုလ်ဒီအသင်းကို ကိုင်တွယ်စဉ်မှာ ဟာလန်းကို စီနီယာကစားသမားဘ၀ ပထမဆုံးပွဲထွက်အဖြစ် ရွေးချယ်အသုံးပြုခဲ့တာကြောင့်ဖြစ်ပါတယ်။
Photo Credit
”အားလုံးလည်း သိကြမယ်ထင်ပါတယ်။ ဟာလန်းရဲ့ဖခင်ဖြစ်သူ အဲလ်ဖင့်ချ်ဟာလန်းလည်း ယူနိုက်တက်ရဲ့လေ့ကျင့်ရေးကွင်းကို သွားရောက်လည်ပတ်ခဲ့ပြီး အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့အဆက်အစပ်ရှိသူတစ်ဦးကတော့ ဟာလန်းဟာ အာဆင်နယ်အသင်းလေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့တယ်လို့လည်း ပြောပါတယ်”လို့ အတွင်းသိတစ်ဦးက ပြောကြားခဲ့ပါတယ်။
Photo Credit
ဟာလန်းဟာ ဆဲလ်ဘတ်အသင်းနဲ့အတူ ယခုရာသီမှာ အထူးခြေစွမ်းပြနေပြီးနောက် ဥရောပရဲ့အလားအလာရှိဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ချန်ပီယံလိဂ် ၄ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၇ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။
Photo Credit
Zawgyi
ဆုိးလ္ရွားေၾကာင့္ ဟာလန္းကုိ ေခၚယူဖုိ႔ ယူႏုိက္တက္ ေရပန္းအစားဆုံးျဖစ္ေနဟုဆို
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္စ္ အစရွိတဲ့ဥေရာပအင္အားႀကီးကလပ္ေတြကို ေက်ာ္ျဖတ္ၿပီး ဆဲလ္ဘတ္တုိက္စစ္မွဴး ဟာလန္းကို ေခၚယူႏုိင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။
The Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းဟာ အသင္းနည္းျပ ဆုိးလ္ရွားနဲ႔ ဟာလန္းတုိ႔ရဲ႕အတိတ္ကာလက ျဖစ္ရပ္ေတြေၾကာင့္ အဲဒီေနာ္ေ၀လူငယ္ၾကယ္ပြင့္ကို ေခၚယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။ အဲဒီသတင္းဌာနကပဲ အသက္ ၁၉ႏွစ္အရြယ္ရွိ ဟာလန္း ယူႏုိက္တက္ကို ေရာက္ရွိဖို႔က အလြန္ျဖစ္ႏိုင္ေျခရွိတယ္လုိ႔ ေရးသားခဲ့ပါတယ္။
အဲဒီလုိဟာလန္းကို ယူႏုိက္တက္အသင္း ေခၚယူဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာက နည္းျပဆုိးလ္ရွားေၾကာင့္ျဖစ္တယ္လုိ႔ သတင္းေတြကေရးသားေနၾကၿပီး အသက္ ၄၆ႏွစ္အရြယ္ရွိ ဆုိးလ္ရွားဟာ မုိလ္ဒီအသင္းကို ကုိင္တြယ္စဥ္မွာ ဟာလန္းကို စီနီယာကစားသမားဘ၀ ပထမဆုံးပြဲထြက္အျဖစ္ ေရြးခ်ယ္အသုံးျပဳခဲ့တာေၾကာင့္ျဖစ္ပါတယ္။
”အားလုံးလည္း သိၾကမယ္ထင္ပါတယ္။ ဟာလန္းရဲ႕ဖခင္ျဖစ္သူ အဲလ္ဖင့္ခ်္ဟာလန္းလည္း ယူႏုိက္တက္ရဲ႕ေလ့က်င့္ေရးကြင္းကို သြားေရာက္လည္ပတ္ခဲ့ၿပီး အသင္းတာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဒါေပမဲ့ အာဆင္နယ္နဲ႔အဆက္အစပ္ရွိသူတစ္ဦးကေတာ့ ဟာလန္းဟာ အာဆင္နယ္အသင္းေလ့က်င့္ေရးကြင္းကို လာေရာက္ခဲ့တယ္လုိ႔လည္း ေျပာပါတယ္”လုိ႔ အတြင္းသိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဟာလန္းဟာ ဆဲလ္ဘတ္အသင္းနဲ႔အတူ ယခုရာသီမွာ အထူးေျခစြမ္းျပေနၿပီးေနာက္ ဥေရာပရဲ႕အလားအလာရိွဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရၿပီး ခ်န္ပီယံလိဂ္ ၄ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး ၇ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေနပါတယ္။