ဆိုးလ်ရှားကို အပြစ်မမြင် ချစ်ခင်ဆဲ ဖြစ်တဲ့ ပေါ့ဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြအိုလေဂန်နာဆိုးလ်ရှားအပေါ် စီနီယာကစားသမားအချို့ရဲ့ ထောက်ခံမှုတဖြည်းဖြည်းလျော့နည်းလာပြီး လီဗာပူးအသင်းကိုရှုံးခဲ့တဲ့ပွဲက သက်သေလို့တောင်ပြောလို့ ရနေပါတယ်။

ကွင်းလယ်လူပေါ့ဘာကတော့ သူနဲ့ပတ်သက်တဲ့ သတင်းတွေဟာ သတင်းမှားတွေသာဖြစ်ပြီး မီဒီယာတွေရဲ့လုပ်ကြံရေးသားမှုတွေသာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

ပေါ့ဘာဟာလက်ရှိယူနိုက်တက်နဲ့ သက်တမ်းတိုးဖို့အဆင်မပြေသေးတဲ့ အနေအထားရှိနေပြီး တကယ်လို့ နည်းပြဆိုးလ်ရှားသာဆက်ရှိမယ်ဆိုရင် ၎င်းကအသင်းကနေထွက်ခွာမှာဖြစ်တယ်လို့ မီဒီယာ အချို့က ရေးသားထားကြတာဖြစ်ပါတယ်။

ပေါ့ဘာကတော့ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ နည်းပြဆိုးလ်ရှားကို ၎င်းကထွက်စေချင်တယ်ဆိုတဲ့ သတင်းက မီဒီယာတွေရဲ့ ရေးစရာမရှိလို့ ရှာကြံရေးတဲ့သတင်းအမှားသာဖြစ်ကြောင်း၊

မီဒီယာတွေကသတင်းလုပ်စရာမရှိရင် ၎င်းနာမည်ကိုအသုံးချပြီး သတင်းတုတွေဖန်တီးကြကြောင်း စတဲ့တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်ခဲ့တာပါ။

ယခုနှစ်ရာသီယူနိုက်တက်ဟာ ပုံစံကောင်းတစ်ခုပျောက်ဆုံးနေပြီး လီဗာပူးနဲ့ပွဲမတိုင်ခင်ကလည်း လက်စတာစီးတီးအသင်းကို ၄ဂိုး-၂ဂိုးနဲ့အရေးနိမ့်ခဲ့တာပါ။

နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ဟာ စိုးရိမ်ရေမှတ်ကိုရောက်နေပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ကတော့ နည်းပြဆိုးလ်ရှားကိုနောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးသွားဖို့ရှိပြီး လာမယ့်စပါးနဲ့ပွဲမှာ ကိုင်တွယ်ခွင့်ပေးသွားဦးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားကို အျပစ္မျမင္ ခ်စ္ခင္ဆဲ ျဖစ္တဲ့ ေပါ့ဘာ

နည္းျပအိုေလဂန္နာဆိုးလ္ရွားအေပၚ စီနီယာကစားသမားအခ်ိဳ႕ရဲ႕ ေထာက္ခံမႈတျဖည္းျဖည္းေလ်ာ့နည္းလာၿပီး လီဗာပူးအသင္းကိုရႈံးခဲ့တဲ့ပြဲက သက္ေသလို႔ေတာင္ေျပာလို႔ ရေနပါတယ္။
ကြင္းလယ္လူေပါ့ဘာကေတာ့ သူနဲ႔ပတ္သက္တဲ့ သတင္းေတြဟာ သတင္းမွားေတြသာျဖစ္ၿပီး မီဒီယာေတြရဲ႕လုပ္ႀကံေရးသားမႈေတြသာျဖစ္တယ္လို႔ ေျဖရွင္းထားပါတယ္။

ေပါ့ဘာဟာလက္ရွိယူႏိုက္တက္နဲ႔ သက္တမ္းတိုးဖို႔အဆင္မေျပေသးတဲ့ အေနအထားရွိေနၿပီး တကယ္လို႔ နည္းျပဆိုးလ္ရွားသာဆက္ရွိမယ္ဆိုရင္ ၎ကအသင္းကေနထြက္ခြာမွာျဖစ္တယ္လို႔ မီဒီယာ အခ်ိဳ႕က ေရးသားထားၾကတာျဖစ္ပါတယ္။

ေပါ့ဘာကေတာ့ သူ႔ရဲ႕အင္စတာဂရမ္စတိုရီမွာ နည္းျပဆိုးလ္ရွားကို ၎ကထြက္ေစခ်င္တယ္ဆိုတဲ့ သတင္းက မီဒီယာေတြရဲ႕ ေရးစရာမရွိလို႔ ရွာႀကံေရးတဲ့သတင္းအမွားသာျဖစ္ေၾကာင္း၊ မီဒီယာေတြကသတင္းလုပ္စရာမရွိရင္ ၎နာမည္ကိုအသုံးခ်ၿပီး သတင္းတုေတြဖန္တီးၾကေၾကာင္း စတဲ့တုံ႔ျပန္မႈေတြနဲ႔ တုံ႔ျပန္ခဲ့တာပါ။

ယခုႏွစ္ရာသီယူႏိုက္တက္ဟာ ပုံစံေကာင္းတစ္ခုေပ်ာက္ဆုံးေနၿပီး လီဗာပူးနဲ႔ပြဲမတိုင္ခင္ကလည္း လက္စတာစီးတီးအသင္းကို ၄ဂိုး-၂ဂိုးနဲ႔အေရးနိမ့္ခဲ့တာပါ။နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္ဟာ စိုးရိမ္ေရမွတ္ကိုေရာက္ေနေပမယ့္ ယူႏိုက္တက္ဘုတ္အဖြဲ႕ကေတာ့ နည္းျပဆိုးလ္ရွားကိုေနာက္ထပ္အခြင့္အေရးတစ္ခု ထပ္ေပးသြားဖို႔ရွိၿပီး လာမယ့္စပါးနဲ႔ပြဲမွာ ကိုင္တြယ္ခြင့္ေပးသြားဦးမွာပါ။