ဆိုးလ်ရှားကို မနိုင်စတေးခံရတဲ့ နူနို၊ ဆိုးလ်ရှားရဲ့ နေရာကိုလိုချင်ပေမယ့် နူနိုရဲ့ နေရာကိုရမယ့် ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနည်းပြထိုင်ခုံမှာ ထိုင်ရတာက ၄ လလောက်ပဲရှိသေးပေမယ့် အခုတော့ နူနိုဆန်းတို့စ်တစ်ယောက် အလုပ်ပြုတ်သွားပါပြီ။

ပြီးခဲ့တဲ့ စနေနေ့ကစပါးဟာ ယူနိုက်တက်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားက အသက်ကယ်ဆေး သောက်ခွင့်ရပြီး နူနိုက အလုပ်ထုတ်စာရခဲ့တာပါ။

အခုတော့ စပါးရဲ့ ဒါရိုက်တာ ဖာဘီယို ပါရာတစ်ဆီ ဟာ လစ်လပ်သွားတဲ့ နည်းပြ ရာထူး အတွက် အန်တိုနီယို ကွန်တီ ကို ခန့်အပ်နိုင်ဖို့ အထူးကြိုးစားနေတယ်လို့ သိရပါတယ် ။

ပါရာတစ်ဆီ ဟာ ၂၀၁၀ ကနေ ၂၀၂၁ အထိ ဂျူဗင်တပ်စ်အသင်း ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ကွန်တီ နဲ့ သိကျွမ်းရင်းနှီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

လောလောဆယ် သတင်းတွေအရ ကွန်တီ က စပါးနည်းပြရာထူးကို လက်ခံထားတယ်လို့ သိရပါတယ်။

ကွန်တီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပေမယ့်

ဒီတစ်ကြိမ်မှာတော့ အသင်းကို စိတ်ကြိုက် ပြင်ဆင်ခွင့် ပေးပါ့မယ် ဆိုတဲ့ ကတိကို ရရှိခဲ့တာကြောင့် စပါးအသင်းကို ကိုင်တွယ်ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

ကွန်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် အင်တာမီလန်နှင့် စီးရီးအေချန်ပီယံ ဖြစ်ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

စပါး၏ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းနှင့်အတူ ၂၀၁၇ တွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကွန်တီ ရရှိခဲ့ပါတယ်။

စပါးဟာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် အဆင့် ၈ နေရာ၌ ရပ်တည်နေပြီး ၊ စပါးဟာ ဟော်လန်ကလပ် အာဟန်းနှင့်

ကြာသပတေးနေ့တွင် ယူရိုပါကွန်ဖရန့်လိဂ် ကစားရန်ရှိပြီး လာမယ့် တနင်္ဂနွေနေ့တွင် အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် ကစားရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားကို မႏိုင္စေတးခံရတဲ့ ႏူႏို၊ ဆိုးလ္ရွားရဲ႕ ေနရာကိုလိုခ်င္ေပမယ့္ ႏူႏိုရဲ႕ ေနရာကိုရမယ့္ ကြန္တီ

စပါးနည္းျပထိုင္ခုံမွာ ထိုင္ရတာက ၄ လေလာက္ပဲရွိေသးေပမယ့္ အခုေတာ့ ႏူႏိုဆန္းတို႔စ္တစ္ေယာက္ အလုပ္ျပဳတ္သြားပါၿပီ။ ၿပီးခဲ့တဲ့ စေနေန႔ကစပါးဟာ ယူႏိုက္တက္ကို ၃ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဆိုးလ္ရွားက အသက္ကယ္ေဆး ေသာက္ခြင့္ရၿပီး ႏူႏိုက အလုပ္ထုတ္စာရခဲ့တာပါ။

အခုေတာ့ စပါးရဲ႕ ဒါ႐ိုက္တာ ဖာဘီယို ပါရာတစ္ဆီ ဟာ လစ္လပ္သြားတဲ့ နည္းျပ ရာထူး အတြက္ အန္တိုနီယို ကြန္တီ ကို ခန႔္အပ္ႏိုင္ဖို႔ အထူးႀကိဳးစားေနတယ္လို႔ သိရပါတယ္ ။

ပါရာတစ္ဆီ ဟာ ၂၀၁၀ ကေန ၂၀၂၁ အထိ ဂ်ဴဗင္တပ္စ္အသင္း ဒါ႐ိုက္တာအျဖစ္ လုပ္ကိုင္ခဲ့သူ ျဖစ္ၿပီး ကြန္တီ နဲ႔ သိကြၽမ္းရင္းႏွီးသူ တစ္ဦးလည္း ျဖစ္ပါတယ္ ။

ေလာေလာဆယ္ သတင္းေတြအရ ကြန္တီ က စပါးနည္းျပရာထူးကို လက္ခံထားတယ္လို႔ သိရပါတယ္။ ကြန္တီဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ စပါးအသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ ပယ္ခ်ခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အသင္းကို စိတ္ႀကိဳက္ ျပင္ဆင္ခြင့္ ေပးပါ့မယ္ ဆိုတဲ့ ကတိကို ရရွိခဲ့တာေၾကာင့္ စပါးအသင္းကို ကိုင္တြယ္ဖို႔ သေဘာတူထားတယ္လို႔ သိရပါတယ္။

ကြန္တီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတြင္ အင္တာမီလန္ႏွင့္ စီးရီးေအခ်န္ပီယံ ျဖစ္ၿပီးေနာက္ ရာထူးမွ ႏုတ္ထြက္ခဲ့ပါတယ္။ စပါး၏ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းႏွင့္အတူ ၂၀၁၇ တြင္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကြန္တီ ရရွိခဲ့ပါတယ္။

စပါးဟာ လက္ရွိအခ်ိန္တြင္ ပရီးမီးယားလိဂ္ အဆင့္ ၈ ေနရာ၌ ရပ္တည္ေနၿပီး ၊ စပါးဟာ ေဟာ္လန္ကလပ္ အာဟန္းႏွင့္ ၾကာသပေတးေန႔တြင္ ယူ႐ိုပါကြန္ဖရန႔္လိဂ္ ကစားရန္ရွိၿပီး လာမယ့္ တနဂၤေႏြေန႔တြင္ အဲဗာတန္အသင္းႏွင့္ ပရီးမီးယားလိဂ္ပြဲစဥ္ ကစားရပါမယ္။