ဆိုးလ်ရှားကို ကယ်တင်ပေးရင်း ဆိုးလ်ရှားရဲ့ဂိုးသွင်းမှတ်တမ်းကိုပါကျော်ဖြတ်ခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုဟာ အတ္တလန္တာနဲ့ပွဲက နောက်ဆုံးမိနစ်ချေပဂိုးနဲ့ ဆိုးလ်ရှားကို ကယ်တင်ပေးခဲ့သလို လက်ရှိသူ့နည်းပြရဲ့မန်ယူဂိုးသွင်းမှတ်တမ်းကိုပါ ကျော်ဖြတ်လိုက်ပါတယ်။

အဲဒီပေါ်တူဂီစူပါစတားဟာ အတ္တလန္တာနဲ့ပွဲမှာ မန်ယူအတွက် နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ဂိုးတွေကြောင့်သာ မန်ချက်စတာအခြေစိုက်အသင်းဟာ အရေးပါတဲ့တစ်မှတ်ယူနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုကိုယ်တိုင်က ဒီရလဒ်နဲ့ပတ်သက်ပြီး ကံကောင်းတယ်လို့ ဆိုခဲ့ပေမယ့် သူ့ရဲ့ဂိုးသွင်းစွမ်းအားကတော့ ကံကောင်းတာ မဟုတ်ဘူးဆိုတာ ကိန်းဂဏန်းတွေက ပြောနေပါတယ်။

အတ္တလန္တာနဲ့ပွဲက နှစ်ဂိုးကြောင့် စီရော်နယ်ဒိုဟာ အခုဆို မန်ယူအတွက် ၃၀၃ ပွဲမှာ ၁၂၇ ဂိုးရှိသွားခဲ့ပါတယ်။

အဲဒီ ၁၂၇ ဂိုးဟာ သူ့လက်ရှိနည်းပြဆိုးလ်ရှားထက် ၁ ဂိုးပိုများပြီး အဲဒီနော်ဝေသားနည်းပြဟာ မန်ယူကစားသမားဘ၀ ၃၆၆ ပွဲမှာ ၁၂၆ ဂိုးသွင်းခဲ့တာပါ။

စီရော်နယ်ဒို မန်ယူမှာ ပထမအကြိမ်ကစားစဉ်က ဆိုးလ်ရှားနဲ့ အဲဒီပေါ်တူဂီသားတို့ဟာ အသင်းဖော်တွေဖြစ်ခဲ့ကြပြီး ၂၀၀၃ ကနေ အဲဒီနော်ဝေသားအနားယူသွားတဲ့ ၂၀၀၇ အထိ အတူကစားခဲ့ကြတာပါ။

စီရော်နယ်ဒိုဟာ တစ်ကျော့ပြန်မန်ယူကစားသမားဘဝမှာလည်း အသင်းရဲ့ကယ်တင်ရှင်ဖြစ်နေပြီး အခြေအနေဆိုးမသွားအောင် သူ့ရဲ့နောက်ကျသွင်းဂိုးတွေနဲ့ ကူညီပေးနိုင်နေတာပါ။

သူဟာ မန်ယူအတွက် ဒီရာသီ ၁၁ ပွဲမှာ ၉ ဂိုးသွင်းယူပေးထားပြီး အခုချိန်ထိတော့ ချန်ပီယံလိဂ် ၄ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့မန်ယူဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲမှာတော့ မြိုံ့ခံပြိုင်ဘက်မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်းကစားရဖို့ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားကို ကယ္တင္ေပးရင္း ဆိုးလ္ရွားရဲ႕ဂိုးသြင္းမွတ္တမ္းကိုပါေက်ာ္ျဖတ္ခဲ့တဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ အတၱလႏၲာနဲ႔ပြဲက ေနာက္ဆုံးမိနစ္ေခ်ပဂိုးနဲ႔ ဆိုးလ္ရွားကို ကယ္တင္ေပးခဲ့သလို လက္ရွိသူ႔နည္းျပရဲ႕မန္ယူဂိုးသြင္းမွတ္တမ္းကိုပါ ေက်ာ္ျဖတ္လိုက္ပါတယ္။

အဲဒီေပၚတူဂီစူပါစတားဟာ အတၱလႏၲာနဲ႔ပြဲမွာ မန္ယူအတြက္ ႏွစ္ဂိုးစလုံးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ဂိုးေတြေၾကာင့္သာ မန္ခ်က္စတာအေျခစိုက္အသင္းဟာ အေရးပါတဲ့တစ္မွတ္ယူႏိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုကိုယ္တိုင္က ဒီရလဒ္နဲ႔ပတ္သက္ၿပီး ကံေကာင္းတယ္လို႔ ဆိုခဲ့ေပမယ့္ သူ႔ရဲ႕ဂိုးသြင္းစြမ္းအားကေတာ့ ကံေကာင္းတာ မဟုတ္ဘူးဆိုတာ ကိန္းဂဏန္းေတြက ေျပာေနပါတယ္။

အတၱလႏၲာနဲ႔ပြဲက ႏွစ္ဂိုးေၾကာင့္ စီေရာ္နယ္ဒိုဟာ အခုဆို မန္ယူအတြက္ ၃၀၃ ပြဲမွာ ၁၂၇ ဂိုးရွိသြားခဲ့ပါတယ္။

အဲဒီ ၁၂၇ ဂိုးဟာ သူ႔လက္ရွိနည္းျပဆိုးလ္ရွားထက္ ၁ ဂိုးပိုမ်ားၿပီး အဲဒီေနာ္ေဝသားနည္းျပဟာ မန္ယူကစားသမားဘ၀ ၃၆၆ ပြဲမွာ ၁၂၆ ဂိုးသြင္းခဲ့တာပါ။

စီေရာ္နယ္ဒို မန္ယူမွာ ပထမအႀကိမ္ကစားစဥ္က ဆိုးလ္ရွားနဲ႔ အဲဒီေပၚတူဂီသားတို႔ဟာ အသင္းေဖာ္ေတြျဖစ္ခဲ့ၾကၿပီး ၂၀၀၃ ကေန အဲဒီေနာ္ေဝသားအနားယူသြားတဲ့ ၂၀၀၇ အထိ အတူကစားခဲ့ၾကတာပါ။

စီေရာ္နယ္ဒိုဟာ တစ္ေက်ာ့ျပန္မန္ယူကစားသမားဘဝမွာလည္း အသင္းရဲ႕ကယ္တင္ရွင္ျဖစ္ေနၿပီး အေျခအေနဆိုးမသြားေအာင္ သူ႔ရဲ႕ေနာက္က်သြင္းဂိုးေတြနဲ႔ ကူညီေပးႏိုင္ေနတာပါ။

သူဟာ မန္ယူအတြက္ ဒီရာသီ ၁၁ ပြဲမွာ ၉ ဂိုးသြင္းယူေပးထားၿပီး အခုခ်ိန္ထိေတာ့ ခ်န္ပီယံလိဂ္ ၄ ပြဲစလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္ဒိုရဲ႕မန္ယူဟာ လာမယ့္ပရီးမီးယားလိဂ္ပြဲမွာေတာ့ ၿမိဳံ႕ခံၿပိဳင္ဘက္မန္စီးတီးနဲ႔ ပြဲႀကီးပြဲေကာင္းကစားရဖို႔ ရွိပါတယ္။