ဆိုးလ်ရှားကိုထောက်ခံလိုက်တဲ့ အသင်းဖော်ဟောင်းဘက်ခမ်း

photo-gettyimages

photo-gettyimages

မန်ယူနည်းပြဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်မှာ အလုပ်ကောင်းတစ်ခုကို လုပ်နေတာလို့ သူရဲ့မန်ယူအသင်းဖော်ဟောင်းဖြစ်တဲ့ ကလပ်ဂန္ထဝင်ဒေးဗစ်ဘက်ခမ်းက ထောက်ခံပြောကြားလိုက်ပါတယ်။ ၂၀၁၈ ဒီဇင်ဘာတုန်းက မော်ရင်ဟိုနေရာ ယာယီအစားဝင်ခဲ့တဲ့ဆိုးလ်ရှားဟာ အခုတော့ အမြဲနည်းပြအဖြစ်နဲ့ မန်ယူနဲ့သူ့ရဲ့ပထမဆုံးအပြည့်အဝရာသီကို ဖြတ်သန်းနေပါတယ်။

photo-gettyimages

ဒါပေမဲ့ အနိမ့်အမြင့်အတက်အကျတွေများနေပြီး လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာကို ရောက်ရှိနေပါတယ်။ ဆိုးလ်ရှားလက်ထက် မန်ယူဟာ ဒီရာသီမှာ မန်စီးတီး၊ချဲလ်ဆီး၊စပါးနဲ့ လက်စတာတို့လိုအသင်းတွေကို အနိုင်ယူနိုင်ခဲ့ပြီး ဇယားထိပ်ဆုံးက ချန်ပီယံဖြစ်တော့မယ့်လီဗာပူးကိုလည်း သရေကစားနိုင်ခဲ့ပေမယ့်် အသင်းငယ်တွေနဲ့ပွဲတွေမှာ ရလဒ်မတည်ငြိမ်ခဲ့တာကြောင့် ချန်ပီယံလိဝင်ခွင့်အတွက်တောင် တိုက်ပွဲဝင်နေရပါတယ်။ မန်ယူဟာ ဒီလိုမျိုးမတည်ငြိမ်တဲ့ရာသီတစ်ခုကိုဖြတ်သန်းနေရပေမယ့်လည်း ဘက်ခမ်းကတော့ အိပ်မက်တွေရဲ့ပြဇာတ်ရုံမှာ သူနဲ့အတူကစားခဲ့ဖူးတဲ့ အဲဒီနော်ဝေသားနည်းပြကို ချီးကျူးခဲ့ပါတယ်။

photo-USA Today Sprots

”သူဟာ အလုပ်ကောင်းတစ်ခုလုပ်နေတယ်လို့ ထင်ပါတယ်။ အကြောင်းက သူဝင်လာပြီး အသင်းကို မြှင့်တင်ပေးနေတာပါ။ ကစားသမားတွေအကြောင်းနဲ့ပတ်သက်ရင် သူဟာ ဆက်လက်ပြီး အပေါင်းလက္ခဏာဆန်ပါတယ်။ ဒါကို ဆရာ့(ဖာဂူဆန်)ဆီကနေ သူရခဲ့တာပါ။ ဆရာက သူ့အသင်းက ကစားသမားတစ်ယောက်ကို ဘယ်တော့မှ မဝေဖန်ပါဘူး။ ဆိုးလ်ရှားလည်း အဲဒီအတိုင်း အတိအကျပါပဲ။ သူဟာ သင်ယူနေဆဲပါ။ သူ့ကစားသမားတွေနဲ့ မန်ယူကိုတော့ ကာကွယ်ပါလိမ့်မယ်။ ပရိသတ်တွေအားလုံးကလည်း သူ့အနောက်မှာပါ။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းမာျးစွာကြာအောင် မန်ယူအတွက် သူလုပ်ပေးခဲ့တာကြောင့်ပါ”လို့ ဘက်ခမ်းက ပြောခဲ့တာပါ။

[Zawgyi]

ဆိုးလ္ရွားကိုေထာက္ခံလိုက္တဲ့ အသင္းေဖာ္ေဟာင္းဘက္ခမး္

မန္ယူနည္းျပဆုိးလ္ရွားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အလုပ္ေကာင္းတစ္ခုကို လုပ္ေနတာလို႔ သူရဲ႕မန္ယူအသငး္ေဖာ္ေဟာင္းျဖစ္တဲ့ ကလပ္ဂႏၳ၀င္ေဒးဗစ္ဘက္ခမ္းက ေထာက္ခံေျပာၾကားလိုက္ပါတယ္။ ၂၀၁၈ ဒီဇင္ဘာတုန္းက ေမာ္ရင္ဟိုေနရာ ယာယီအစား၀င္ခဲ့တဲ့ဆိုးလ္ရွားဟာ အခုေတာ့ အၿမဲနည္းျပအျဖစ္နဲ႔ မန္ယူနဲ႔သူ႔ရဲ႕ပထမဆုံးအျပည့္အ၀ရာသီကို ျဖတ္သန္းေနပါတယ္။

ဒါေပမဲ့ အနိမ့္အျမင့္အတက္အက်ေတြမ်ားေနၿပီး လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာကို ေရာက္ရွိေနပါတယ္။ ဆိုးလ္ရွားလက္ထက္ မန္ယူဟာ ဒီရာသီမွာ မန္စီးတီး၊ခ်ဲလ္ဆီး၊စပါးနဲ႔ လက္စတာတို႔လိုအသင္းေတြကို အႏိုင္ယူႏိုင္ခဲ့ၿပီး ဇယားထိပ္ဆုံးက ခ်န္ပီယံျဖစ္ေတာ့မယ့္လီဗာပူးကိုလည္း သေရကစားႏိုင္ခဲ့ေပမယ့္္ အသင္းငယ္ေတြနဲ႔ပြဲေတြမွာ ရလဒ္မတည္ၿငိမ္ခဲ့တာေၾကာင့္ ခ်န္ပီယံလိ၀င္ခြင့္အတြက္ေတာင္ တိုက္ပြဲ၀င္ေနရပါတယ္။ မန္ယူဟာ ဒီလိုမ်ိဳးမတည္ၿငိမ္တဲ့ရာသီတစ္ခုကိုျဖတ္သန္းေနရေပမယ့္လည္း ဘက္ခမ္းကေတာ့ အိပ္မက္ေတြရဲ႕ျပဇာတ္ရုံမွာ သူနဲ႔အတူကစားခဲ့ဖူးတဲ့ အဲဒီေနာ္ေ၀သားနည္းျပကို ခ်ီးက်ဴးခဲ့ပါတယ္။

”သူဟာ အလုပ္ေကာင္းတစ္ခုလုပ္ေနတယ္လို႔ ထင္ပါတယ္။ အေၾကာင္းက သူ၀င္လာၿပီး အသင္းကို ျမွင့္တင္ေပးေနတာပါ။ ကစားသမားေတြအေၾကာင္းနဲ႔ပတ္သက္ရင္ သူဟာ ဆက္လက္ၿပီး အေပါင္းလကၡဏာဆန္ပါတယ္။ ဒါကို ဆရာ့(ဖာဂူဆန္)ဆီကေန သူရခဲ့တာပါ။ ဆရာက သူ႔အသင္းက ကစားသမားတစ္ေယာက္ကို ဘယ္ေတာ့မွ မေ၀ဖန္ပါဘူး။ ဆိုးလ္ရွားလည္း အဲဒီအတုိင္း အတိအက်ပါပဲ။ သူဟာ သင္ယူေနဆဲပါ။ သူ႔ကစားသမားေတြနဲ႔ မန္ယူကိုေတာ့ ကာကြယ္ပါလိမ့္မယ္။ ပရိသတ္ေတြအားလုံးကလည္း သူ႔အေနာက္မွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ႏွစ္ေပါင္းမာ်းစြာၾကာေအာင္ မန္ယူအတြက္ သူလုပ္ေပးခဲ့တာေၾကာင့္ပါ”လို႔ ဘက္ခမ္းက ေျပာခဲ့တာပါ။