
Photo Credit ; Getty Images
Photo Credit ; Getty Images
ဆဲလ္ဘတ္တုိက္စစ္မွဴးအာလင္ ဘရက္တ္ဟာလန္းဟာ ယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကို အလြန္အမင္းခ်ီးက်ဴးလိုက္ၿပီးအနာဂတ္မွာ ပရီးမီးယားလိဂ္ကိုေျပာင္းေရႊ႕လာမယ္လို႔ ထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းကလည္း အဆိုပါ ကစားသမားကို သူ႕ရဲ႕ေကာင္းမြန္တဲ့ ေျခစြမ္းေတြေၾကာင့္ ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။
Photo Credit
လက္ရွိဆဲလ္ဘတ္တိုက္စစ္မွဴးရဲ႕ေျခစြမ္းဟာပံုစံေကာင္းတစ္ခုမွာရွိေနၿပီး ဟာလန္းဟာ မိုလ္ဒီအသင္းမွာတုန္းက ယူႏိုက္တက္နည္းျပဆိုးလ္ရွားနဲ႔အတူလက္တြဲခဲ့ဖူးၿပီး ကစားသမားအေပၚမွာ ဆိုးလ္ရွားရဲ႕လႊမ္းမိုးမႈေတြ ရွိေနတာပါ။
Photo Credit
အသက္ ၁၉ ႏွစ္အရြယ္မွာ ဟာလန္းဟာဥေရာပမွာေက်ာ္ၾကားၿပီး အလားအလာရွိတဲ့ လူငယ္ကစားသမားတစ္ဦးျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္ ေက်ာ္ၾကားရလဲဆိုရင္ ဟာလန္းဟာသူ႕ရဲ႕ခ်န္ပီယံလိဂ္ ပြဲဦးထြက္ပြဲစဥ္မွာ ဟက္ထရစ္ သြင္းယူခဲ့တာေၾကာင့္ ျဖစ္ပါတယ္။
Photo Credit
ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဟာလန္း ေနာက္ဆံုးေရးခဲ့တဲ့ Comments ေတြကို စိတ္ဝင္စားေနပါတယ္။ ဟာလန္းက “သူ(ဆိုးလ္ရွား)က ကၽြႏ္ေတာ့္ဘဝမွာ လူသားတစ္ေယာက္အေနနဲ႔ေရာ နည္းျပတစ္ေယာက္အေနနဲ႔ပါ ႀကီးႀကီးမားမားအက်ိဳးသက္ေရာက္မႈ ျဖစ္ေစခဲ့ပါတယ္”
Photo Credit
”သူကခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီး အံ့ၾသဖြယ္ ကစားသမားတစ္ဦးပါ။ ကၽြန္ေတာ့္ကိုလည္းအမ်ားႀကီးသင္ၾကားေပးခဲ့ပါတယ္”လို႔ ဆိုပါတယ္။ ဆက္လက္ၿပီးဟာလန္းက“ ကၽြန္ေတာ့္ဘဝတစ္ေလွ်ာက္လံုး အေကာင္းဆံုးကလပ္အသင္းေတြမွာကစားလိုတဲ့ အိပ္မက္ရွိပါတယ္။ အထူးသျဖင့္ အဂၤလန္ ကလပ္အသင္းေတြကို ကၽြန္ေတ္ာသေဘာက်ပါတယ္“လို႔ ေျပာသြားခဲ့ပါတယ္။
Photo Credit
ဒါေပမဲ့ သတင္းေတြအရ ေအးဂ်င့္ ရိုင္အိုလာက ကြင္းလယ္လူေပါလ္ေပါ့ဂ္ဘာရဲ႕ရွည္ၾကာေနတဲ့ အေျပာင္းအေရႊ႕ ဇာတ္လမ္းကိုအၿပီးမသတ္ႏိုင္ေသးတာေၾကာင့္ ဆယ္ေက်ာ္သက္ ကစားသမားေလးကိုေခၚယူဖို႔ကို တားဆီးႏိုင္ၿပီး ယူႏိုက္တက္ ပရိသတ္ေတြကေတာ့ စိုးရိမ္ေနၾကပါတယ္။ ဟာလန္းရဲ႕ေအးဂ်င့္ကလည္း ႐ိုင္အိုလာပဲ ျဖစ္ၿပီး သူကေတာ့ ယူႏိုက္တက္ၾကယ္ပြင့္ ေပါလ္ေပါ့ဂ္ဘာကို ေႏြရာသီမွာ ေရာင္းထုတ္ႏိုင္ဖို႔ကိုသာပိုမိုအားထုတ္ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။
Photo Credit
Unicode
ဆိုးလ်ရှားကို ချီးကျူးရင်း ပရီးမီးယားလိဂ်မှာ ကစားလိုတယ်လို့ ဟာလန်း ဝန်ခံ
ဆဲလ်ဘတ်တိုက်စစ်မှူးအာလင် ဘရက်တ်ဟာလန်းဟာ ယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကို အလွန်အမင်းချီးကျူးလိုက်ပြီးအနာဂတ်မှာ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့လာမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းကလည်း အဆိုပါ ကစားသမားကို သူ့ရဲ့ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
လက်ရှိဆဲလ်ဘတ်တိုက်စစ်မှူးရဲ့ခြေစွမ်းဟာပုံစံကောင်းတစ်ခုမှာရှိနေပြီး ဟာလန်းဟာ မိုလ်ဒီအသင်းမှာတုန်းက ယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့အတူလက်တွဲခဲ့ဖူးပြီး ကစားသမားအပေါ်မှာ ဆိုးလ်ရှားရဲ့လွှမ်းမိုးမှုတွေ ရှိနေတာပါ။
အသက် ၁၉ နှစ်အရွယ်မှာ ဟာလန်းဟာဥရောပမှာကျော်ကြားပြီး အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဘာကြောင့် ကျော်ကြားရလဲဆိုရင် ဟာလန်းဟာသူ့ရဲ့ချန်ပီယံလိဂ် ပွဲဦးထွက်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့တာကြောင့် ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ဟာလန်း နောက်ဆုံးရေးခဲ့တဲ့ Comments တွေကို စိတ်ဝင်စားနေပါတယ်။ ဟာလန်းက “သူ(ဆိုးလ်ရှား)က ကျွန်တော့်ဘဝမှာ လူသားတစ်ယောက်အနေနဲ့ရော နည်းပြတစ်ယောက်အနေနဲ့ပါ ကြီးကြီးမားမားအကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်”
”သူကချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အံ့သြဖွယ် ကစားသမားတစ်ဦးပါ။ ကျွန်တော့်ကိုလည်းအများကြီးသင်ကြားပေးခဲ့ပါတယ်”လို့ ဆိုပါတယ်။ ဆက်လက်ပြီးဟာလန်းက“ ကျွန်တော့်ဘဝတစ်လျှောက်လုံး အကောင်းဆုံးကလပ်အသင်းတွေမှာကစားလိုတဲ့ အိပ်မက်ရှိပါတယ်။ အထူးသဖြင့် အင်္ဂလန် ကလပ်အသင်းတွေကို ကျွန်တေ်ာသဘောကျပါတယ်“လို့ ပြောသွားခဲ့ပါတယ်။
ဒါပေမဲ့ သတင်းတွေအရ အေးဂျင့် ရိုင်အိုလာက ကွင်းလယ်လူပေါလ်ပေါ့ဂ်ဘာရဲ့ရှည်ကြာနေတဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကိုအပြီးမသတ်နိုင်သေးတာကြောင့် ဆယ်ကျော်သက် ကစားသမားလေးကိုခေါ်ယူဖို့ကို တားဆီးနိုင်ပြီး ယူနိုက်တက် ပရိသတ်တွေကတော့ စိုးရိမ်နေကြပါတယ်။ ဟာလန်းရဲ့အေးဂျင့်ကလည်း ရိုင်အိုလာပဲ ဖြစ်ပြီး သူကတော့ ယူနိုက်တက်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို နွေရာသီမှာ ရောင်းထုတ်နိုင်ဖို့ကိုသာပိုမိုအားထုတ် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။