

မန်ယူအသင်းဟာ လက်ရှိနည်းပြ ဆိုးလ်ရှားကိုထုတ်ပယ်ခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ မန်ယူဟာ ဆောက်ဂိတ်ကိုနည်းပြဖြစ်လာဖို့ ကန့်ကွက်ခဲ့ဖူးတဲ့အသင်းဖြစ်ပေမယ့် အခုတော့အခြေအနေပြောင်းသွားတာပါ။
မန်ယူဟာ ဒီကနေ့ည စပါးနဲ့ကစားရမယ့်အိမ်ကွင်းပွဲစဉ်နဲ့ လာမယ့်တစ်ပတ် မန်စီးတီးနဲ့ယှဉ်ပြိုင်ရမယ့် မန်ချက်စတာဒါဘီပွဲစဉ်တွေမှာ ရလဒ်တွေမကောင်းခဲ့ဘူးဆိုရင် ဆိုးလ်ရှားကိုထုတ်ပယ်မယ်လို့ သတင်းတွေထွက်နေပါတယ်။ လက်ရှိမှာ မန်ယူဟာသူတို့ပစ်မှတ်ထားနေတဲ့သူတွေရှိနေတဲ့ကြားထဲကနေ ဆောက်ဂိတ်ကိုပါ ရည်မှန်းလာတာဖြစ်ပါတယ်။

အသက် ၄၈ နှစ်ရှိတဲ့ ဆောက်ဂိတ်ဟာ ၂၀၀၆ တုန်းက အင်္ဂလန်အသင်းကိုတာဝန်ယူခဲ့တဲ့ မက္ကလာရင်ရဲ့နေရာမှာ မစ်ဒယ်ဘရော့ကို အစားတာဝန်ယူခဲ့ရပါတယ်။ အဲဒီတုန်းကသူဟာ နည်းပြလိုင်စင်ရဖို့သင်တန်းတက်နေတုန်းဖြစ်လို့ ကျန်တဲ့ပရီးမီးယားလိဂ်ကလပ်တွေရဲ့ထောက်ခံချက်ကို ရယူဖို့လိုအပ်ခဲ့ပါတယ်။ အဲဒီတုန်းက မန်ယူနည်းပြ ဖာဂူဆန်ကလွဲလို့ ကျန် ၁၈ သင်းနည်းပြတွေကထောက်ခံခဲ့လို့ ဆောက်ဂိတ်ဟာ မစ်ဒယ်ဘရော့ကို တာဝန်ယူနိုင်ခဲ့တာပါ။

လောလောဆယ်မှာ မန်ယူနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးသူကတော့ စပါးနည်းပြဟောင်းပိုချက်တီနိုဖြစ်ပြီး သူ့နောက်မှာ အယ်လီဂရီနဲ့ ဘရန်ဒန်ရော်ဂျာ တို့ကအစဉ်လိုက်ရှိနေပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ စပါးကနေထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုဟာ စပါးကနေလျော်ကြေးရထားတဲ့အတွက် ဒီရာသီမှာအခြားပရီးမီးယားလိဂ် ကလပ်ကိုတာဝန်ယူမယ်ဆိုရင် စပါးကိုပေါင် ၁၂.၅ သန်းပြန်ပေးရမှာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၈ကမ္ဘာ့ဖလားမှာ စတုတ္ထရစေခဲ့တဲ့အပြင် ယူရို ၂၀၂၀ခြေစစ်ပွဲအောင်မြင်စေဖို့လည်း စွမ်းဆောင်ပေးထားလို့ အက်ဖ်အေက သူ့ကိုအလွယ်တကူလက်လွှတ်မှာ မဟုတ်ဘူး လို့လည်းသိရပါတယ်။

Zawgyi
ဆိုးရွားရဲ႕ေနရာမွာ အဂၤလန္နည္းျပ ေဆာက္ဂိတ္အစား၀င္လာမွာလား
မန္ယူအသင္းဟာ လက္ရွိနည္းျပ ဆိုးလ္ရွားကိုထုတ္ပယ္ခဲ့မယ္ဆိုရင္ အဂၤလန္အသင္းနည္းျပ ဂါရတ္ေဆာက္ဂိတ္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ မန္ယူဟာ ေဆာက္ဂိတ္ကိုနည္းျပျဖစ္လာဖို႔ ကန္႔ကြက္ခဲ့ဖူးတဲ႔အသင္းျဖစ္ေပမယ္႔ အခုေတာ႔အေျခအေနေျပာင္းသြားတာပါ။
မန္ယူဟာ ဒီကေန႔ည စပါးနဲ႔ကစားရမယ္႔အိမ္ကြင္းပြဲစဥ္နဲ႔ လာမယ္႔တစ္ပတ္ မန္စီးတီးနဲ႔ယွဥ္ၿပိဳင္ရမယ္႔ မန္ခ်က္စတာဒါဘီပြဲစဥ္ေတြမွာ ရလဒ္ေတြမေကာင္းခဲ့ဘူးဆိုရင္ ဆိုးလ္ရွားကိုထုတ္ပယ္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ လက္ရွိမွာ မန္ယူဟာသူတို႔ပစ္မွတ္ထားေနတဲ႔သူေတြရွိေနတဲ႔ၾကားထဲကေန ေဆာက္ဂိတ္ကိုပါ ရည္မွန္းလာတာျဖစ္ပါတယ္။
အသက္ ၄၈ ႏွစ္ရွိတဲ႔ ေဆာက္ဂိတ္ဟာ ၂၀၀၆ တုန္းက အဂၤလန္အသင္းကိုတာ၀န္ယူခဲ့တဲ႔ မကၠလာရင္ရဲ႕ေနရာမွာ မစ္ဒယ္ဘေရာ႔ကို အစားတာ၀န္ယူခဲ့ရပါတယ္။ အဲဒီတုန္းကသူဟာ နည္းျပလိုင္စင္ရဖို႔သင္တန္းတက္ေနတုန္းျဖစ္လို႔ က်န္တဲ႔ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ေထာက္ခံခ်က္ကို ရယူဖို႔လိုအပ္ခဲ့ပါတယ္။ အဲဒီတုန္းက မန္ယူနည္းျပ ဖာဂူဆန္ကလြဲလို႔ က်န္ ၁၈ သင္းနည္းျပေတြကေထာက္ခံခဲ့လို႔ ေဆာက္ဂိတ္ဟာ မစ္ဒယ္ဘေရာ႔ကို တာ၀န္ယူႏိုင္ခဲ့တာပါ။
ေလာေလာဆယ္မွာ မန္ယူနည္းျပသစ္ျဖစ္လာဖို႔ ေရပန္းအစားဆုံးသူကေတာ႔ စပါးနည္းျပေဟာင္းပိုခ်က္တီႏိုျဖစ္ၿပီး သူ႔ေနာက္မွာ အယ္လီဂရီနဲ႔ ဘရန္ဒန္ေရာ္ဂ်ာ တို႔ကအစဥ္လိုက္ရွိေနပါတယ္။ ဒါေပမယ္႔ မၾကာေသးခင္ကမွ စပါးကေနထုတ္ပယ္ခံလိုက္ရတဲ႔ ပိုခ်က္တီႏိုဟာ စပါးကေနေလ်ာ္ေၾကးရထားတဲ႔အတြက္ ဒီရာသီမွာအျခားပရီးမီးယားလိဂ္ ကလပ္ကိုတာ၀န္ယူမယ္ဆိုရင္ စပါးကိုေပါင္ ၁၂.၅ သန္းျပန္ေပးရမွာျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာ အဂၤလန္အသင္းကို ၂၀၁၈ကမၻာ႔ဖလားမွာ စတုတၳရေစခဲ့တဲ႔အျပင္ ယူရုိ ၂၀၂၀ေျခစစ္ပြဲေအာင္ျမင္ေစဖို႔လည္း စြမ္းေဆာင္ေပးထားလို႔ အက္ဖ္ေအက သူ႔ကိုအလြယ္တကူလက္လႊတ္မွာ မဟုတ္ဘူး လို႔လည္းသိရပါတယ္။