ဆိုးရွားလွန်းတဲ့ ကာဇာဝါရဲ့ ပေးပို့မှုက လူမှုမီဒီယာမှာ အုတ်အော်သောင်းနင်းဖြစ်နေ

Photo Credit

Photo Credit

ပီအက်စ်ဂျီအသင်းဘယ်နောက်ခံလူ ကာဇာဝါဟာ ဒေါ့မွန်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ပ-အကျော့မှာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီလို ကစားပြီးမှ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အပျော်တမ်းကစားသမားတစ်ဦးပုံစံမျိုး ပြောင်းလဲသွားခဲ့ပြီး သူ့ရဲ့ဆိုးရွားလွန်းတဲ့ ဘောလုံးပေးပို့မှုက လူမှုမီဒီယာမှာ အတော်လေးရေပန်းစားသွားပါတယ်။

Photo Credit

အသက် ၂၇နှစ်အရွယ်ရှိ ကာဇာဝါဟာ ဒေါ့မွန်ကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပွဲချိန်မိနစ် ၆၀ မှာ တကယ့်ကိုဆိုးရွားလွန်းတဲ့ ပေးပို့မှုပြုလုပ်ခဲ့တာပါ။ ကာဇာဝါဟာ ဘယ်တောင်ပံတစ်လျှောက် မက်ဆီရဲ့ပုံစံအတိုင်း ပြိုင်ဘက်ကစားသမား ၃ဦးကို လှပစွာကျော်ဖြတ်လာပြီးနောက် ပြိုင်ဘက်ခြမ်းမှာ ညာတောင်ပံကို တစ်ယောက်တည်းလွတ်လွတ်ကျွတ်ကျွတ် အမြောက်ဘော ပေးပို့လိုက်တာပါ။

Photo Credit

အဲဒီပေးပို့မှုက အတော်လေးဆိုးရွားခဲ့ပြီး ဘောလုံးက ဘေးထွက်ဘောဖြစ်သွားပါတယ်။ အဲဒီမှာ ပရိသတ်တွေလည်း လူမှုမီဒီယာမှာ အဲဒီဖြစ်ရပ်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို အပြိုင်မျှဝေရင်း သူတို့ရဲ့အမြင်တွေကို ရေးသားခဲ့ပါတယ်။
မိုနာကိုနောက်ခံလူဟောင်း ကာဇာဝါဟာ ယခုရာသီ လီဂူး-၁ မှာ ဦးစားပေးကစားသမားအဖြစ် ၉ပွဲသာ ပွဲထွက်ခွင့်ရရှိထားပြီး ချန်ပီယံလိဂ်မှာလည်း ၂ပွဲပဲ ကစားခွင့်ရရှိထားပါတယ်။

Video Credit

သူဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက အာဆင်နယ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ချဉ်းကပ်ခြင်းခံခဲ့ရပြီး နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို စာချုပ်သစ်ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားပါတယ်။

Photo Credit

Zawgyi

ဆိုးရြားလြန္းတဲ့ ကာဇာ၀ါရဲ႕ ေပးပို႔မႈက လူမႈမီဒီယာမွာ အုတ္ေအာ္ေသာင္းနင္းျဖစ္ေန

ပီအက္စ္ဂ်ီအသင္းဘယ္ေနာက္ခံလူ ကာဇာ၀ါဟာ ေဒါ့မြန္နဲ႔ကစားခဲ့တ့ဲ ခ်န္ပီယံလိဂ္ ၁၆သင္း ပ-အေက်ာ့မွာ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီလုိ ကစားၿပီးမွ စကၠန္႔ပိုင္းေလးအတြင္းမွာပဲ အေပ်ာ္တမ္းကစားသမားတစ္ဦးပုံစံမ်ိဳး ေျပာင္းလဲသြားခဲ့ၿပီး သူ႕ရဲ႕ဆုိးရြားလြန္းတဲ့ ေဘာလုံးေပးပို႔မႈက လူမႈမီဒီယာမွာ အေတာ္ေလးေရပန္းစားသြားပါတယ္။
အသက္ ၂၇ႏွစ္အရြယ္ရွိ ကာဇာ၀ါဟာ ေဒါ့မြန္ကို ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၆၀ မွာ တကယ့္ကိုဆိုးရြားလြန္းတဲ့ ေပးပို႔မႈျပဳလုပ္ခဲ့တာပါ။ ကာဇာ၀ါဟာ ဘယ္ေတာင္ပံတစ္ေလွ်ာက္ မက္ဆီရဲ႕ပုံစံအတုိုင္း ၿပိဳင္ဘက္ကစားသမား ၃ဦးကို လွပစြာေက်ာ္ျဖတ္လာၿပီးေနာက္ ၿပိဳင္ဘက္ျခမ္းမွာ ညာေတာင္ပံကုိ တစ္ေယာက္တည္းလြတ္လြတ္ကၽြတ္ကၽြတ္ အေျမာက္ေဘာ ေပးပုိ႔လုိက္တာပါ။
အဲဒီေပးပို႔မႈက အေတာ္ေလးဆုိးရြားခ့ဲၿပီး ေဘာလုံးက ေဘးထြက္ေဘာျဖစ္သြားပါတယ္။ အဲဒီမွာ ပရိသတ္ေတြလည္း လူမႈမီဒီယာမွာ အဲဒီျဖစ္ရပ္႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ကို အၿပိဳင္မွ်ေ၀ရင္း သူတုိ႔ရဲ႕အျမင္ေတြကို ေရးသားခဲ့ပါတယ္။
မုိနာကိုေနာက္ခံလူေဟာင္း ကာဇာ၀ါဟာ ယခုရာသီ လီဂူး-၁ မွာ ဦးစားေပးကစားသမားအျဖစ္ ၉ပြဲသာ ပြဲထြက္ခြင့္ရရွိထားၿပီး ခ်န္ပီယံလိဂ္မွာလည္း ၂ပြဲပဲ ကစားခြင့္ရရွိထားပါတယ္။
သူဟာ ၿပီးခဲ့တ့ဲဇန္န၀ါရီလက အာဆင္နယ္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ရဲ႕ခ်ဥ္းကပ္ျခင္းခံခဲ့ရၿပီး ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္သလုိ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔လည္း ျငင္းဆန္ထားပါတယ္။