ဆိုးရွားတဲ့ ရှုံးပွဲကြုံခဲ့ပေမယ့် Spa ဝင်ပြီးဇိမ်ခံခဲ့တဲ့ မန်ယူကစားသမားတွေ

Photo-Internet
Photo-Internet

မန်ယူအသင်း ကစားသမားတွေဟာ ဘန်လေကိုအိမ်ကွင်းမှာဆိုးရွားစွာရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် ကြာသပတေးနေ့ နံနက်ပိုင်းမှာနာမည်ကြီး Spa တစ်ခုကိုသွားရောက်ပြီးအပန်းဖြေခဲ့ကြတယ်လို့ သိရပါတယ်။ ဘန်လေကိုရှုံးနိမ့်မှုဟာ မန်ယူအတွက် နှစ်ပေါင်း ၃၀ အတွင်းအဆိုးဆုံးဖြစ်ခဲ့တာပါ။

ဒီလိုရှုံးခဲ့ပေမယ့် သူတို့ဟာကြာသပတေးနံနက်ခင်းမှာ ဈေးကြီးပေးရတဲ့ The Mere Golf Resort and Spa ကိုသွားပြီးရေပူစိမ်ခြင်း၊ အနှိပ်ခံခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ချက်ရှိူင်းယားအရပ်မှာရှိတဲ့ဒီ Spa ဟာအခုလအစောပိုင်းက မန်စီးတီးကစားသမားတွေ အင်စတာဂရမ်မော်ဒယ် ၂၂ ဦးနဲ့ပျော်ပါးခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

Photo-Internet

ဒါပေမယ့်လည်း အခုလိုသွားရောက်မှုဟာ ပရိသတ်တွေရဲ့ဝေဖန်မှုကိုမျက်ကွယ်ပြုပြီးသွားတာမဟုတ်ဘဲ ဘန်လေနဲ့ပွဲမတိုင်ခင်ကတည်းက ဘွတ်ကင် လုပ်ထားတာဖြစ်လို့ မဖျက်ခြင်တာနဲ့ မန်ယူတစ်သင်းလုံးသွားလိုက်ရတာလို့လည်း သတင်းတွေမှာဖော်ပြကြပါတယ်။

Photo-Internet

မိုက်ကယ်ကာရစ်ဟာ အဲဒီ Spa ကိုမနက် ၁၀း ၄၀ မှာရောက်ရှိလာခဲ့ပြီး သူ့နောက်ကနေ လင်ဂတ်၊ မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့အစဉ်အတိုင်းလိုက်ပါသွားခဲ့ကြပါတယ်။ မန်ယူဟာ ဘွတ်ကင်လုပ်ထားတာမဖျက်ခြင်လို့ အခုလိုသွားခဲ့တာဖြစ်ပေမယ့်လည်း ပရိသတ်အချို့ကတော့ ဝေဖန်မှုတွေပြုလုပ်နေကြပါတယ်။

Photo-Internet

မန်ယူဟာ လာမယ့်ဖေဖေါ်ဝါရီအတွင်းရရှိမယ့် ပထမဆုံးသောပရီးမီးယားလိဂ်ဆောင်းရာသီနားရက်ထဲမှာလည်း ရာသီဥတုနွေးထွေးတဲ့ စပိန်တောင်ပိုင်းက မာဘယ်လာမြို့ကိုသွားရောက်ပြီး အပန်းဖြေကာ လေ့ကျင့်ခန်းတွေလည်းပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo-Internet

Zawgyi

ဆိုးရြားတဲ႔ ရႈံးပြဲႀကံဳခဲ့ေပမယ္႔ Spa ၀င္ၿပီးဇိမ္ခံခဲ့တဲ႔ မန္ယူကစားသမားေတြ

မန္ယူအသင္း ကစားသမားေတြဟာ ဘန္ေလကိုအိမ္ကြင္းမွာဆိုးရြားစြာရႈံးနိမ့္ခဲ့လို႔ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈကို ခံခဲ့ရေပမယ္႔ ၾကာသပေတးေန႔ နံနက္ပိုင္းမွာနာမည္ႀကီး Spa တစ္ခုကိုသြားေရာက္ၿပီးအပန္းေျဖခဲ့ၾကတယ္လို႔ သိရပါတယ္။ ဘန္ေလကိုရႈံးနိမ့္မႈဟာ မန္ယူအတြက္ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုးဆုံးျဖစ္ခဲ့တာပါ။

ဒီလိုရႈံးခဲ့ေပမယ္႔ သူတို႔ဟာၾကာသပေတးနံနက္ခင္းမွာ ေစ်းႀကီးေပးရတဲ႔ The Mere Golf Resort and Spa ကိုသြားၿပီးေရပူစိမ္ျခင္း၊ အႏွိပ္ခံျခင္းတို႔ကို ျပဳလုပ္ခဲ့ၾကပါတယ္။ ခ်က္ရွဴိင္းယားအရပ္မွာရွိတဲ႔ဒီ Spa ဟာအခုလအေစာပိုင္းက မန္စီးတီးကစားသမားေတြ အင္စတာဂရမ္ေမာ္ဒယ္ ၂၂ ဦးနဲ႔ေပ်ာ္ပါးခဲ့တဲ႔ ေနရာလည္းျဖစ္ပါတယ္။

ဒါေပမယ္႔လည္း အခုလိုသြားေရာက္မႈဟာ ပရိသတ္ေတြရဲ႕ေ၀ဖန္မႈကိုမ်က္ကြယ္ျပဳၿပီးသြားတာမဟုတ္ဘဲ ဘန္ေလနဲ႔ပြဲမတိုင္ခင္ကတည္းက ဘြတ္ကင္ လုပ္ထားတာျဖစ္လို႔ မဖ်က္ျခင္တာနဲ႔ မန္ယူတစ္သင္းလုံးသြားလိုက္ရတာလို႔လည္း သတင္းေတြမွာေဖာ္ျပၾကပါတယ္။

မိုက္ကယ္ကာရစ္ဟာ အဲဒီ Spa ကိုမနက္ ၁၀း ၄၀ မွာေရာက္ရွိလာခဲ့ၿပီး သူ႔ေနာက္ကေန လင္ဂတ္၊ မက္ဂြိဳင္းယားနဲ႔ ဒီဂီယာတို႔အစဥ္အတိုင္းလိုက္ပါသြားခဲ့ၾကပါတယ္။ မန္ယူဟာ ဘြတ္ကင္လုပ္ထားတာမဖ်က္ျခင္လို႔ အခုလိုသြားခဲ့တာျဖစ္ေပမယ္႔လည္း ပရိသတ္အခ်ဳိ႕ကေတာ႔ ေ၀ဖန္မႈေတြျပဳလုပ္ေနၾကပါတယ္။

မန္ယူဟာ လာမယ္႔ေဖေဖၚ၀ါရီအတြင္းရရွိမယ္႔ ပထမဆုံးေသာပရီးမီးယားလိဂ္ေဆာင္းရာသီနားရက္ထဲမွာလည္း ရာသီဥတုေႏြးေထြးတဲ႔ စပိန္ေတာင္ပိုင္းက မာဘယ္လာၿမိဳ႕ကိုသြားေရာက္ၿပီး အပန္းေျဖကာ ေလ႔က်င့္ခန္းေတြလည္းျပဳလုပ္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။