ဆိုးရွားတဲ့မှတ်တမ်းကို စတင်ပိုင်ဆိုင်တဲ့ ဂျူဗင်တပ်စ် ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပြိုင်ပွဲတွေကျင်းပတာနဲ့ မှတ်တမ်းကောင်းရတဲ့သူတွေရှိလာသလို၊ မှတ်တမ်းဆိုးပိုင်တဲ့သူတွေလည်း ရှိလာပါပြီ။

ဂျူဗင်တပ်စ်အသင်းရဲ့ ဂိုးသမားဆက်ဇနီကတော့ ပိုလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကို

ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီးနောက် ဆိုးရွားတဲ့မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ စလိုဗက်ကီးယားနဲ့ပွဲဟာ ဆက်ဇနီအတွက် ကံဆိုးတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ရပြီး

အမှတ်မထင် ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်ခဲ့ရပါတယ်။ ပွဲကစားချိန် ၁၈ မိနစ်မှာ

စလိုဗက်ကီးယားကစားသမား ရောဘတ်မက်ခ်က ကန်သွင်းယူခဲ့ရာမှာ ဘောလုံးက ဂိုးတိုင်အောက်ခြေကို

ထိထွက်ခဲ့ပြီး ဒိုင်ဗစ်ထိုးကာကွယ်ခဲ့တဲ့ ဆက်ဇနီနဲ့ ပြန်ထိကာ ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ပိုလန်က ၂ဂိုး -၁ဂိုး နဲ့ အရေးနိမ့်ခဲ့ပြီး ဆက်ဇနီဟာ အဖွင့်ပွဲမှာပဲပြိုင်ပွဲသမိုင်းမှာ

ကိုယ့်ဂိုးကိုယ်သွင်းယူမိတဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကိုယ်ဂိုးကိုယ်သွင်းယူမှုအဖြစ် သွင်းဂိုးနှစ်ဂိုးရှိခဲ့ပြီဖြစ်ပြီး

အဲဒီနှစ်ဂိုး စလုံးကို ဂျူဗင်တပ်စ်ကစားသမားတွေကပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲမှာ ပထမဆုံးကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ တူရကီနောက်ခံလူ ဒီမီရယ်ဟာ

ဆက်ဇနီရဲ့ ဂျူဗင်တပ်စ်အသင်းဖော်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အီတလီကို ၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ

ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်သလို သူ့အနေနဲ့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ပွဲရဲ့အဖွင့်ဂိုးကို

ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

စလိုဗက်ကီးယားနိုင်ခဲ့တဲ့ပွဲမှာ ပိုလန်ဘက်က ခရိုင်ချိုဝိတ်အနီကတ်ပြသခံခဲ့ရပြီး အဲဒါဟာ

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပထမဆုံးအနီကတ်ထိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပိုလန်အတွက် ကံကောင်းမှုတွေပြန်လည်စတင်ဖို့ မျှော်လင့်သလို၊ တခြားနိုင်ငံအသင်းမှာ

ကစားနေတဲ့ ကျန်ဂျူဗင်တပ်စ်အသင်းသားတွေလည်း အခြေအနေကောင်းဖို့ဆုတောင်းပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi Version

ဆိုးရြားတဲ့မွတ္တမ္းကို စတင္ပိုင္ဆိုင္တဲ့ ဂ်ဴဗင္တပ္စ္ ကစားသမား

ယူရိုၿပိဳင္ပြဲေတြက်င္းပတာနဲ႔ မွတ္တမ္းေကာင္းရတဲ့သူေတြရိွလာသလို၊

မွတ္တမ္းဆိုးပိုင္တဲ့သူေတြလည္း ရိွလာပါၿပီ။ ဂ်ဴဗင္တပ္္စ္အသင္းရဲ့ ဂိုးသမားဆက္ဇနီကေတာ့

ပိုလန္အသင္းနဲ႔အတူ ယူရိုၿပိဳင္ပြဲကို ဝင္ေရာက္ကစားခြင့္ရရွိခဲ့ၿပီးေနာက္္ ဆိုးရြားတဲ့မွတ္တမ္းတစ္ခုကို ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

မေန႔က ကစားခဲ့တဲ့ စလိုဗက္ကီးယားနဲ႔ပြဲဟာ ဆက္ဇနီအတြက္ ကံဆိုးတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ရၿပီး

အမွတ္မထင္ ကိုယ့္ဂိုးကိုယ္သြင္းယူမိသလိုျဖစ္ခဲ့ရပါတယ္။ ပြဲကစားခ်ိန္ ၁၈ မိနစ္မွာ စလိုဗက္ကီးယားကစားသမား

ေရာဘတ္မက္ခ္က ကန္သြင္းယူခဲ့ရာမွာ ေဘာလုံးက ဂိုးတိုင္ေအာက္ေျခကို ထိထြက္ခဲ့ၿပီး

ဒိုင္ဗစ္ထိုးကာကြယ္ခဲ့တဲ့ ဆက္ဇနီနဲ႔ ျပန္ထိကာ ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲမွာ ပိုလန္က ၂ဂိုး -၁ဂိုး နဲ႔ အေရးနိမ့္ခဲ့ၿပီး ဆက္ဇနီဟာ အဖြင့္ပြဲမွာပဲၿပိဳင္ပြဲသမိုင္းမွာ

ကိုယ့္ဂိုးကိုယ္သြင္းယူမိတဲ့ ပထမဆုံးဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ လက္ရွိက်င္းပေနတဲ့

ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ကိုယ္ဂိုးကိုယ္သြင္းယူမွုအျဖစ္ သြင္းဂိုးႏွစ္ဂိုးရွိခဲ့ၿပီျဖစ္ၿပီး

အဲဒီႏွစ္ဂိုး စလုံးကို ဂ်ဴဗင္တပ္စ္ကစားသမားေတြကပဲ သြင္းယူခဲ့တာျဖစ္ပါတယ္။

ယူရိုၿပိဳင္ပြဲမွာ ပထမဆုံးကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ တူရကီေနာက္ခံလူ ဒီမီရယ္ဟာ

ဆက္ဇနီရဲ႕ ဂ်ဴဗင္တပ္စ္အသင္းေဖာ္ျဖစ္ၿပီး အဖြင့္ပြဲစဥ္အျဖစ္ အီတလီကို ၃-၀ ဂိုးနဲ႔

အေရးနိမ့္ခဲ့တဲ့ပြဲမွာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာျဖစ္သလို သူ႔အေနနဲ႔ ယူ႐ိုၿပိဳင္ပြဲ

သမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲရဲ႕အဖြင့္ဂိုးကို ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ ပထမဆုံ

း ကစားသမားလည္းျဖစ္ခဲ့ပါတယ္။

စလိုဗက္ကီးယားနိုင္ခဲ့တဲ့ပြဲမွာ ပိုလန္ဘက္က ခရိုင္ခ်ိဳဝိတ္အနီကတ္ျပသခံခဲ့ရၿပီး

အဲဒါဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ပထမဆုံးအနီကတ္ထိခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ပိုလန္အတြက္ ကံေကာင္းမွဳေတြျပန္လည္စတင္ဖို႔ ေမွ်ာ္လင့္သလုိ၊

တျခားႏိုင္ငံအသင္းမွာ ကစားေနတဲ့ က်န္ဂ်ဴဗင္တပ္စ္အသင္းသားေတြလည္

း အေျခအေနေကာင္းဖို႔ဆုေတာင္းပါတယ္။