ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲမှာ ယူနိုက်တက်အတွက် ဒီယာလို ပါဝင်ကစားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ည (မြန်မာစံတော်ချိန် မနက် ၁၂:၂၅)မှာ ဆိုစီဒက်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့် ပထမအကျော့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လူငယ်ကစားသမား ဒီယာလို ပါဝင်ကစားဖို့ရှိနေပါပြီ။ ဆိုစီဒက်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကို ကိုဗစ်ရောဂါဆိုးကြောင့် ဆိုစီဒက်ကွင်းမှာကစားခွင့်မရဘဲ တူရင်မြို့က ဂျူဗင်တပ်စ်အသင်းရဲ့ကွင်းမှာ သွားရောက်ကစားမှာဖြစ်ပါတယ်။

အဲဒီပွဲအတွက် ယူနိုက်တက်အသင်း ကစားသမား(၂၂)ယောက်စာရင်းမှာ ဒီယာလိုလည်း ပါဝင်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒီယာလိုကို ထည့်သွင်းအသုံးပြုဖို့ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ အိုင်ဗရီကို့စ်လူငယ်တောင်ပံတိုက်စစ်ကစားသမား ဒီယာလိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာအပြောင်းအရွှေ့ကာလတုန်းက အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းကို ပေါင်(၃၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး စီနီယာအသင်းအတွက် ပွဲထွက်ခွင့်မရသေးပေမယ့် လူငယ်အသင်းမှာတော့ အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်ပါတယ်။

ဆိုစီဒက်နဲ့ဲပွဲမတိုင်ခင် ဆိုးလ်ရှားက “အခု ခေါ်ထားတဲ့ကစားသမားတွေဟာ ပြည်ပအတွေ့အကြုံရဖို့အတွက် ရည်ရွယ်ပြီး လူစာရင်းမှာထည့်ထားတာ မဟုတ်ပါဘူး။ လိုအပ်လာရင် ဒီပွဲမှာ အသင်းအတွက် ထိရောက်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ ဒီကစားသမားတွေကို ခေါ်ထားတာပါ။ သူတို့နဲ့ ထိုက်တန်တဲ့အခွင့်အရေး ပေးသွားမှာဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ FA ဖလားပွဲမှာ ဒီယာလိုကို အသင်းလူစာရင်းမှာထည့်သွင်းခဲ့ပေမယ့် အသုံးပြုခဲ့ခြင်းမရှိလို့ ယူနိုက်တက်ပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ဖူးပါတယ်။ အခုပွဲစဉ်မှာတော့ ဒီယာလိုတစ်ယောက် ယူနိုက်တက်အသင်းကြီးအတွက် ပထမဆုံးပါဝင်ကစားခွင့်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဆိုစီဒက်နဲ့ပွဲအတွက် လူစာရင်းမှာ ဒီယာလိုအပြင် လူငယ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ရှိုရီတိုင်ယာတို့ပါဝင်ခဲ့ပေမယ့် အဓိက တိုက်စစ်မှူးကာဗာနီ၊ ကွင်းလယ်လူ ဗန်ဒီဘိခ်တို့ကတော့ ကြွက်သားဒဏ်ရာကြောင့် အခုပွဲကိုလွဲချော်မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဆီဗီလာကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကထွက်ခဲ့ရတာအပါအဝင် စပိန်ကလပ်တွေနဲ့ ဆုံတွေ့ခဲ့တဲ့ (၉)ပွဲမှာ တစ်ပွဲမှအနိုင်မရခဲ့ပါဘူး။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ အကောင်းဆုံးခြေစွမ်းပြပြီး ဆိုစီဒက်ကို အနိုင်ယူဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆိုစီဒက္နဲ႔ ယူ႐ိုပါလိဂ္ပြဲမွာ ယူႏိုက္တက္အတြက္ ဒီယာလို ပါဝင္ကစားဖို႔ရွိေန

ဒီေန႔ည (ျမန္မာစံေတာ္ခ်ိန္ မနက္ ၁၂:၂၅)မွာ ဆိုစီဒက္အသင္းနဲ႔ ကစားမယ့္ ယူ႐ိုပါလိဂ္ရႈံးထြက္(၃၂)သင္းအဆင့္ ပထမအေက်ာ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ လူငယ္ကစားသမား ဒီယာလို ပါဝင္ကစားဖို႔ရွိေနပါၿပီ။ ဆိုစီဒက္နဲ႔ ယူႏိုက္တက္အသင္းတို႔ရဲ႕ပြဲစဥ္ကို ကိုဗစ္ေရာဂါဆိုးေၾကာင့္ ဆိုစီဒက္ကြင္းမွာကစားခြင့္မရဘဲ တူရင္ၿမိဳ႕က ဂ်ဴဗင္တပ္စ္အသင္းရဲ႕ကြင္းမွာ သြားေရာက္ကစားမွာျဖစ္ပါတယ္။ အဲဒီပြဲအတြက္ ယူႏိုက္တက္အသင္း ကစားသမား(၂၂)ေယာက္စာရင္းမွာ ဒီယာလိုလည္း ပါဝင္ၿပီး ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ဒီယာလိုကို ထည့္သြင္းအသုံးျပဳဖို႔ရွိတယ္လို႔ အရိပ္အႁမြက္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အိုင္ဗရီကို႔စ္လူငယ္ေတာင္ပံတိုက္စစ္ကစားသမား ဒီယာလိုဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာအေျပာင္းအေ႐ႊ႕ကာလတုန္းက အတၱလန္တာအသင္းကေန ယူႏိုက္တက္အသင္းကို ေပါင္(၃၇)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး စီနီယာအသင္းအတြက္ ပြဲထြက္ခြင့္မရေသးေပမယ့္ လူငယ္အသင္းမွာေတာ့ အေကာင္းဆုံးေျခစြမ္းျပေနသူျဖစ္ပါတယ္။

ဆိုစီဒက္နဲ႔ဲပြဲမတိုင္ခင္ ဆိုးလ္ရွားက “အခု ေခၚထားတဲ့ကစားသမားေတြဟာ ျပည္ပအေတြ႕အႀကဳံရဖို႔အတြက္ ရည္႐ြယ္ၿပီး လူစာရင္းမွာထည့္ထားတာ မဟုတ္ပါဘူး။ လိုအပ္လာရင္ ဒီပြဲမွာ အသင္းအတြက္ ထိေရာက္တဲ့စြမ္းေဆာင္ရည္မ်ိဳးျပသႏိုင္ဖို႔ ဒီကစားသမားေတြကို ေခၚထားတာပါ။ သူတို႔နဲ႔ ထိုက္တန္တဲ့အခြင့္အေရး ေပးသြားမွာျဖစ္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။ ဆိုးလ္ရွားဟာ ဝက္စ္ဟမ္းနဲ႔ ကစားခဲ့တဲ့ FA ဖလားပြဲမွာ ဒီယာလိုကို အသင္းလူစာရင္းမွာထည့္သြင္းခဲ့ေပမယ့္ အသုံးျပဳခဲ့ျခင္းမရွိလို႔ ယူႏိုက္တက္ပရိသတ္ေတြ ေဒါသေပါက္ကြဲခဲ့ဖူးပါတယ္။ အခုပြဲစဥ္မွာေတာ့ ဒီယာလိုတစ္ေယာက္ ယူႏိုက္တက္အသင္းႀကီးအတြက္ ပထမဆုံးပါဝင္ကစားခြင့္ရမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ဆိုစီဒက္နဲ႔ပြဲအတြက္ လူစာရင္းမွာ ဒီယာလိုအျပင္ လူငယ္ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ရႈိရီတိုင္ယာတို႔ပါဝင္ခဲ့ေပမယ့္ အဓိက တိုက္စစ္မႉးကာဗာနီ၊ ကြင္းလယ္လူ ဗန္ဒီဘိခ္တို႔ကေတာ့ ႂကြက္သားဒဏ္ရာေၾကာင့္ အခုပြဲကိုလြဲေခ်ာ္မွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ဆီဗီလာကို ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတာအပါအဝင္ စပိန္ကလပ္ေတြနဲ႔ ဆုံေတြ႕ခဲ့တဲ့ (၉)ပြဲမွာ တစ္ပြဲမွအႏိုင္မရခဲ့ပါဘူး။ ဒါေပမဲ့ ဆိုးလ္ရွားကေတာ့ အေကာင္းဆုံးေျခစြမ္းျပၿပီး ဆိုစီဒက္ကို အႏိုင္ယူဖို႔ ႀကိဳးစားသြားမယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။