
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ တရားဝင်သဘောတူညီမှုရခဲ့ပြီးတဲ့နောက် သူ့ရဲ့ Instagram မှာ ဆာအဲလက်စ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Post တင်ခဲ့ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝစတင်ခဲ့ချိန် ဆယ်ကျော်သက်အရွယ်မှာ ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးအဲလက်စ်ဖာဂူဆန်ရဲ့ခေါ်ယေူမှုကြောင့် ယူနိုက်တက်အသင်းအတွက်ခြေချခွင့်ရခဲ့ပြီး
ဒီအပြောင်းအရွှေ့က သူ့ရဲ့ကစားသမားဘဝကို ကြီးမားတဲ့အပြောင်းအလဲဖြစ်စေခဲ့တဲ့အပြင် အခုလို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ်ရပ်တည်နိုင်နေတာက ဖာဂူဆန်ရဲ့မြေတောင်မြှောက်ပေးမှုကြောင့်လို့ သတ်မှတ်ရင်မမှားနိုင်ပါဘူး။
ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ချိန်မှာ စီရော်နယ်လ်ဒိုကို မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ခေါ်ယူနိုင်ဖို့ သေချာသလောက်ရှိနေချိန်မှာ ဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုဆီ ဖုန်းဆက်ပြီးတော့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့တောင်းဆိုခဲ့တာကြောင့် သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။
အဲဒါကြောင့်ပဲ စီရော်နယ်လ်ဒိုက ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ဓာတ်ပုံနဲ့အတူ “Sir Alex, this one is for you…”လို့ Caption ရေးသားပြီးတော့ Post တင်ခဲ့တာပါ။
စီရော်နယ်လ်ဒိုက “ကျွန်တော်နဲ့ရင်းနှီးတဲ့သူတိုင်း မန်ချက်စတာယူနိုက်တက်အသင်းကို ကျွန်တော် ဘယ်တော့မှ အချစ်မလျော့ဘူးဆိုတာ ကောင်းကောင်းသိကြပါတယ်။
ယူနိုက်တက်အသင်းမှာ ကစားသမားဘဝဖြတ်သန်းခဲ့ရတဲ့နှစ်တွေဟာ မယုံနိုင်လောက်စရာဖြစ်ခဲ့ပြီး အသင်းအတွက်လည်း ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ အတူတူရယူနိုင်ခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်ကွင်းကို တစ်ကျော့ပြန်ခြေချဖို့သေချာသွားချိန်မှာ ကျွန်တော် ဘယ်လိုခံစားနေရလဲဆိုတာ ြပောပြစရာစကားလုံးမရှိပါဘူး။
ဒါက ကျွန်တော့် အိပ်မက်တွေ အမှန်တကယ်ပြန်ဖြစ်လာတာပါပဲ။
အိုးလ်ထရက်ဖို့ကွင်းကို ပြိုင်ဘက်ကစားသမားအဖြစ် ပြန်ရောက်လာချိန်မှာတောင် ပရိသတ်တွေက ကျွန်တော့်ကို အမြဲတမ်းချစ်ခင်အားပေးခဲ့ကြပါတယ်။
ယူနိုက်တက်ကစားသမားဘဝမှာ ကျွန်တော့်အတွက် ပထမဆုံးအမှတ်ပေးဖလား၊ ပထမဆုံးပြည်တွင်းဖလား၊ ပေါ်တူဂီအသင်းမှာ ပထမဆုံးရွေးချယ်ခံခဲ့ရတာ၊ ပထမဆုံးချန်ပီယံလိဂ်ဖလား၊ ပထမဆုံးရွှေဖိနပ်ဆုနဲ့ ပထမဆုံး Ballon d’Or ဆုတွေ ရယူနိုင်ခဲ့ပါတယ်။
အသင်းအတွက် ကျွန်တော် အတိတ်မှာ သမိုင်းတွေရေးထိုးခဲ့ပြီးဖြစ်သလို သမိုင်းမှတ်တမ်းသစ်တွေ နောက်ထပ်ရေးထိုးသွားမယ်ဆိုတာ ကတိပေးပါတယ်။
PS – ဆာအဲလက်စ်ရေ . .ကျွန်တော် အခုလိုလုပ်ပေးခဲ့တာက ဆရာ့အတွက်ဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဆာအဲလက္စ္ေၾကာင့္ ယူႏိုက္တက္ကို ျပန္လာခဲ့တာျဖစ္တယ္လို႔ စီေရာ္နယ္လ္ဒို ဖြင့္ဟ
ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ တရားဝင္သေဘာတူညီမႈရခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ Instagram မွာ ဆာအဲလက္စ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ Post တင္ခဲ့ပါတယ္။
အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ စပို႔တင္းလစၥဘြန္းအသင္းမွာ ကစားသမားဘဝစတင္ခဲ့ခ်ိန္ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးအဲလက္စ္ဖာဂူဆန္ရဲ႕ေခၚေယူမႈေၾကာင့္ ယူႏိုက္တက္အသင္းအတြက္ေျခခ်ခြင့္ရခဲ့ၿပီး ဒီအေျပာင္းအေ႐ႊ႕က သူ႔ရဲ႕ကစားသမားဘဝကို ႀကီးမားတဲ့အေျပာင္းအလဲျဖစ္ေစခဲ့တဲ့အျပင္ အခုလို ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားအျဖစ္ရပ္တည္ႏိုင္ေနတာက ဖာဂူဆန္ရဲ႕ေျမေတာင္ေျမႇာက္ေပးမႈေၾကာင့္လို႔ သတ္မွတ္ရင္မမွားႏိုင္ပါဘူး။ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လမ္းခြဲဖို႔ ဆုံးျဖတ္လိုက္ခ်ိန္မွာ စီေရာ္နယ္လ္ဒိုကို ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းက ေခၚယူႏိုင္ဖို႔ ေသခ်ာသေလာက္ရွိေနခ်ိန္မွာ ဖာဂူဆန္ဟာ စီေရာ္နယ္လ္ဒိုဆီ ဖုန္းဆက္ၿပီးေတာ့ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ေတာင္းဆိုခဲ့တာေၾကာင့္ သူ႔ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ခဲ့တာပဲျဖစ္ပါတယ္။
အဲဒါေၾကာင့္ပဲ စီေရာ္နယ္လ္ဒိုက ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ဓာတ္ပုံနဲ႔အတူ “Sir Alex, this one is for you…”လို႔ Caption ေရးသားၿပီးေတာ့ Post တင္ခဲ့တာပါ။ စီေရာ္နယ္လ္ဒိုက “ကြၽန္ေတာ္နဲ႔ရင္းႏွီးတဲ့သူတိုင္း မန္ခ်က္စတာယူႏိုက္တက္အသင္းကို ကြၽန္ေတာ္ ဘယ္ေတာ့မွ အခ်စ္မေလ်ာ့ဘူးဆိုတာ ေကာင္းေကာင္းသိၾကပါတယ္။ ယူႏိုက္တက္အသင္းမွာ ကစားသမားဘဝျဖတ္သန္းခဲ့ရတဲ့ႏွစ္ေတြဟာ မယုံႏိုင္ေလာက္စရာျဖစ္ခဲ့ၿပီး အသင္းအတြက္လည္း ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈေတြ အတူတူရယူႏိုင္ခဲ့ပါတယ္။
အိုးလ္ထရက္ဖို႔ဒ္ကြင္းကို တစ္ေက်ာ့ျပန္ေျခခ်ဖို႔ေသခ်ာသြားခ်ိန္မွာ ကြၽန္ေတာ္ ဘယ္လိုခံစားေနရလဲဆိုတာ ျေပာျပစရာစကားလုံးမရွိပါဘူး။ ဒါက ကြၽန္ေတာ့္ အိပ္မက္ေတြ အမွန္တကယ္ျပန္ျဖစ္လာတာပါပဲ။ အိုးလ္ထရက္ဖို႔ကြင္းကို ၿပိဳင္ဘက္ကစားသမားအျဖစ္ ျပန္ေရာက္လာခ်ိန္မွာေတာင္ ပရိသတ္ေတြက ကြၽန္ေတာ့္ကို အၿမဲတမ္းခ်စ္ခင္အားေပးခဲ့ၾကပါတယ္။ ယူႏိုက္တက္ကစားသမားဘဝမွာ ကြၽန္ေတာ့္အတြက္ ပထမဆုံးအမွတ္ေပးဖလား၊ ပထမဆုံးျပည္တြင္းဖလား၊ ေပၚတူဂီအသင္းမွာ ပထမဆုံးေ႐ြးခ်ယ္ခံခဲ့ရတာ၊ ပထမဆုံးခ်န္ပီယံလိဂ္ဖလား၊ ပထမဆုံးေ႐ႊဖိနပ္ဆုနဲ႔ ပထမဆုံး Ballon d’Or ဆုေတြ ရယူႏိုင္ခဲ့ပါတယ္။
အသင္းအတြက္ ကြၽန္ေတာ္ အတိတ္မွာ သမိုင္းေတြေရးထိုးခဲ့ၿပီးျဖစ္သလို သမိုင္းမွတ္တမ္းသစ္ေတြ ေနာက္ထပ္ေရးထိုးသြားမယ္ဆိုတာ ကတိေပးပါတယ္။ PS – ဆာအဲလက္စ္ေရ . .ကြၽန္ေတာ္ အခုလိုလုပ္ေပးခဲ့တာက ဆရာ့အတြက္ျဖစ္ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။