ဆာလာ တစ်ယောက် အန်ဖီးလ်ကနေ ထွက်ခွာတော့မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၇ ခုနှစ်တွင် စီးရီးအေကလပ် ရိုမာမှ လီဗာပူးဆီကိုပြောင်းရွှေ့ခဲ့တဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး ဆာလာဟာ လီဗာပူးတိုက်စစ်ကို ဦးဆောင်ပြီး ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်၌ အောင်မြင်မှုများ ရရှိခဲ့ပါတယ်။

တိုက်စစ်မှူး ဆာလာက အသင်းကိုစွန့်ခွာဖွယ်ရှိပြီး ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ထားပါတယ်။

ဧပြီလ ၆ ရက်နေ့ ရီးရဲလ်မက်ဒရစ်နှင့် ကစားရမယ့်ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မတိုင်မီတွင် သူ့ရဲ့အနာဂတ်နှင့် ပတ်သက်တဲ့ မေးမြန်းမှုများကို ဆာလာက “ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။

ဘာဖြစ်မလဲ စောင့်ကြည့်ရမှာဖြစ်ပြီး ကျွန်တော် မဆွေးနွေးလိုပါဘူး”

“အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ ခန့်မှန်းလို့ မရပါဘူး။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း စပိန်မြေကို တစ်နေ့နေ့မှာ ရောက်နိုင်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အာရုံစိုက်ထားဖို့ပဲသိပါတယ်”ဆိုပြီး ပြောပါတယ်။

အခုနှစ်ရာသီအတွက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ဆာလာက ရာမို့စ်နဲ့ ရှိခဲ့တဲ့ ပြဿနာကို လက်စားချေသွားမှာ မဟုတ်ကြောင်းလည်း ထုတ်ဖော်ဖွင့်ဟပြောဆိုထားပါတယ်။

လီဗာပူးနဲ့ တိုက်စစ်မှူး ဆာလာအကြား စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိ ရှိနေပေမယ့် လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် နှစ်ဖက်အကြားမှာ ဆွေးနွေးမှုမရှိသေးသလို ကစားသမားကိုယ်တိုင်ကလည်း အနာဂတ်အတွက် မစဉ်းစားသေးဘဲ ရှိနေပါတယ်။

အသက် (၂၈) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆာလာအနေနဲ့ လီဗာပူးအသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလား (၁) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁) ကြိမ် ရယူထားပါတယ်။ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ ၁၇ ဂိုး သွင်းယူပြီး ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းထားသူအဖြစ် ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆာလာ တစ္ေယာက္ အန္ဖီးလ္ကေန ထြက္ခြာေတာ့မွာလား

၂၀၁၇ ခုႏွစ္တြင္ စီးရီးေအကလပ္ ႐ိုမာမွ လီဗာပူးဆီကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ အီဂ်စ္လက္ေ႐ြးစင္ တိုက္စစ္မႉး ဆာလာဟာ လီဗာပူးတိုက္စစ္ကို ဦးေဆာင္ၿပီး ခ်န္ပီယံလိဂ္ႏွင့္ ပရီးမီးယားလိဂ္၌ ေအာင္ျမင္မႈမ်ား ရရွိခဲ့ပါတယ္။ တိုက္စစ္မႉး ဆာလာက အသင္းကိုစြန႔္ခြာဖြယ္ရွိၿပီး ဘာစီလိုနာႏွင့္ ရီးရဲလ္မက္ဒရစ္ဆီကို ေျပာင္းေ႐ႊ႕ဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြထြက္ထားပါတယ္။

ဧၿပီလ ၆ ရက္ေန႔ ရီးရဲလ္မက္ဒရစ္ႏွင့္ ကစားရမယ့္ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မတိုင္မီတြင္ သူ႔ရဲ႕အနာဂတ္ႏွင့္ ပတ္သက္တဲ့ ေမးျမန္းမႈမ်ားကို ဆာလာက “ကြၽန္ေတာ္ တစ္ေယာက္တည္း ဆုံးျဖတ္ရမယ့္ကိစၥ မဟုတ္ပါဘူး။ ဘာျဖစ္မလဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ကြၽန္ေတာ္ မေဆြးေႏြးလိုပါဘူး”

“အနာဂတ္နဲ႔ ပတ္သက္ၿပီး ဘယ္သူမွ ခန႔္မွန္းလို႔ မရပါဘူး။ ဘာမဆို ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္လည္း စပိန္ေျမကို တစ္ေန႔ေန႔မွာ ေရာက္ႏိုင္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ အာ႐ုံစိုက္ထားဖို႔ပဲသိပါတယ္”ဆိုၿပီး ေျပာပါတယ္။

အခုႏွစ္ရာသီအတြက္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ လီဗာပူးအသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံေနၿပီး ဆာလာက ရာမို႔စ္နဲ႔ ရွိခဲ့တဲ့ ျပႆနာကို လက္စားေခ်သြားမွာ မဟုတ္ေၾကာင္းလည္း ထုတ္ေဖာ္ဖြင့္ဟေျပာဆိုထားပါတယ္။

လီဗာပူးနဲ႔ တိုက္စစ္မႉး ဆာလာအၾကား စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္အထိ ရွိေန​ေပမယ့္ လက္ရွိအခ်ိန္ထိ စာခ်ဳပ္သစ္အတြက္ ႏွစ္ဖက္အၾကားမွာ ေဆြးေႏြးမႈမရွိေသးသလို ကစားသမားကိုယ္တိုင္ကလည္း အနာဂတ္အတြက္ မစဥ္းစားေသးဘဲ ရွိေနပါတယ္။

အသက္ (၂၈) ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ဆာလာအေနနဲ႔ လီဗာပူးအသင္းမွာ ပရီးမီးယားလိဂ္အမွတ္ေပးဖလား (၁) ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား (၁) ႀကိမ္ ရယူထားပါတယ္။ဆာလာဟာ လက္ရွိေဘာလုံးရာသီမွာ ၁၇ ဂိုး သြင္းယူၿပီး ပရီးမီးယားလိဂ္ ဂိုးအမ်ားဆုံး သြင္းထားသူအျဖစ္ ရပ္တည္ေနပါတယ္။